ဂယ်ရီနဗီးလ် က အာဆင်နယ် အသင်း နောက်ခံလူသစ် ဘန်ဝှိုက် ဟာ ဘောလုံး ကိုင်ကစားတာ ကောင်းပေမယ့် အမြင့်ဘော နဲ့ တစ်ဦးချင်း ရင်ဆိုင် ရတဲ့ အခါမှာ အားနည်းချက်တွေ ရှိနေကြောင်း ဘရန့်ဖိုဒ့် နဲ့ အာဆင်နယ် ပွဲအပြီးမှာ ပြောကြား သွားခဲ့ပါတယ် ။

ဒီနွေရာသီမှာ ဘရိုက်တန် အသင်းကနေ အာဆင်နယ် အသင်းကို ပေါင် သန်း ၅၀ နဲ့ ရောက်လာတဲ့ ဘန်ဝှိုက် အတွက် ပရီးမီးယားလိဂ် အဖွင့်ကတော့ မလှပ ခဲ့ပါဘူး ။ ဘန်ဝှိုက် ဟာ ဘရန့်ဖိုဒ့် တိုက်စစ်မှူး တိုနီ ကို ထိန်းချုပ်ဖို့ ရုန်းကန် ခဲ့ရပြီး သွင်းဂိုးတွေ ခွင့်ပြု ပေးခဲ့ရပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

Sky Sports မှာ ပွဲသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ် က ပရီးမီးယားလိဂ် အသင်းတိုင်းဟာ ဘန်ဝှိုက် ရဲ့ အားနည်းချက်ကို သိတာကြောင့် သူ့ကိုပဲ အဓိက ပစ်မှတ်ထား ကစားလာ နိုင်ကြောင်း သုံးသပ် သွားခဲ့ပါတယ် ။

” ဒီနေ့ပွဲက အာဆင်နယ် အသင်း နဲ့ ကစားရင် တိုက်စစ်မှူး ၂ ယောက် ထားကစားဖို့ အားပေးလိုက်သလိုပါပဲ ။ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်ကိုပဲ တိုက်စစ် အထောင်မှာ ထားကစားရင် သူ့ကို ပါဘလို မာရီ က သွားကပ်မှာပါ ၊ ဒါဆို ဘန်ဝှိုက် က သူအားသန်တဲ့ အတိုင်း ဘောလုံး ကိုင်ကစားမှုကို ကောင်းကောင်း လုပ်နိုင်တော့မှာပါ ။ ”

” ပွဲမတိုင်ခင် ကျနော် ပြောခဲ့ပါတယ် ၊ ရာသီကုန်ရင် ဘန်ဝှိုက် တစ်ယောက် ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှု ဘယ်နှစ်ကြိမ် လုပ်ခဲ့သလဲ ဆိုတာ ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး ဆိုတာကိုပါ ၊ သူ ဘောလုံး ကိုင်ကစားတာ ကောင်းတယ်ဆိုတာ​က ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၅ နှစ်က ပြောနေကြ စကားမျိုးပါပဲ ။ ”

” ထိပ်တန်း ၆ သင်းက ဗဟို နောက်ခံလူတိုင်းက ဘောလုံး ကောင်းကောင်း ကိုင်ကစား နိုင်ပါတယ် ။သူတို့က ဘောလုံး ပေးပို့မှု တွေ ၊ ထောင့်ဖြတ်ပေးပို့မှုတွေ ပြုလုပ် နိုင်ကြသူတွေချည်းပါပဲ ။ မက်ဂွိုင်းယား ၊ ဂျွန်စတုန်း ၊ ဗန်ဒိုက် ၊ သီယာဂိုဆေးလ်ဗား တို့အားလုံးက ဘောလုံး ကို ခြေထောက်နဲ့ ပိုင်ပိုင်နိုင်နိုင် ကစားနိုင်ကြသူတွေပါ ။ ”

” ဒါကြောင့် ဘန်ဝှိုက် က ဘောလုံး ကိုင်ကစားတာတော့ ကောင်းတယ်လို့ ပြောတာကို ရပ်တန့် ပစ်ရပါမယ် ၊ ထိပ်သီး ၆ သင်းစလုံး က နောက်ခံလူတွေ အားလုံး ကောင်းကြတာပါ ။ ကွာခြားသွားမှာက ဂိုးမပေးရအောင် ကာကွယ်ပုံချင်း နဲ့ အသင်းအတွက် ကွဲပြား ခြားနားအောင် လုပ်နိုင်သလား ဆိုတာပါပဲ ။ ”

” ပြောဖို့တော့ စောပါသေးတယ် ၊ ကျွန်တော်တို့က ဒီနေ့ညပွဲကိုပဲ ကြည့်ပြီး ပြောတာပါ ၊ အိုင်ဗန် တိုနီ တစ်ယောက် ဘန်ဝှိုက် ကို လှည့်စား သွားတဲ့ video clip လေး ငါး ခြောက်ခုလောက်ကို ရှိမှာပါ ၊ ဒီ vedio တွေက အာဆင်နယ် နဲ့ ကစားရမယ့် အသင်းတိုင်းရဲ့ pre-match analysis ဖြစ်လာနိုင်ပါတယ် ။ ”

” အာဆင်နယ် နဲ့ ကစားရမယ်ဆိုတာနဲ့ ဘန်ဝှိုက် ဘက်က အဓိက ထိုးဖောက်ဖို့ ၊ သူ့ဆီကို အမြင့်ဘော ပေးဖို့ ကစားဖို့ နဲ့ တည်ကန်ဘောတွေမှာ လူကောင် အကြီးဆုံးကစားသမားကို သူ့အနားမှာ နေခိုင်းမှာ လုပ်ခိုင်းကြတော့မှာပါ ။ ”

” သူ့ရဲ့ တန်ကြေး က ပေါင် သန်း ၅၀ ပါ ၊ သူ့အနေနဲ့ အစောပိုင်းလတွေမှာတော့ ဖိအားတွေ မျှော်လင့်ချက်တွေ အများကြီး နဲ့ ရင်ဆိုင် ရမှာပါပဲ ၊ ကျွန်တော်တို့လို လူတွေက သူ့အကြောင်း အဓိက ပြောနေကြဦးမှာပါပဲ ၊ ဒါက ဖြစ်နေကျ အရာပါပဲ ၊ ဘန်ဝှိုက် ကို တိုက်ခိုက်တာ မဟုတ်ပါဘူး၊ သူ မနှစ်က ဘရိုက်တန်မှာ ကစားခဲ့ရသလိုမျိုး အာဆင်နယ် မှာ ဖြစ်လာမှာ မဟုတ်ပါဘူး ၊ အာဆင်နယ် အသင်းမှာ ကစားရင် ဝေဖန် အကဲဖြတ်မှုတွေနဲ့ ကြုံရမှာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။