ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ချဲလ်ဆီး အဖို့ တရာသီ ဂိုး၂၀နဲ့ အထက် သွင်းပေးနိုင်မယ့် ကစားသမားကို ပိုင်ဆိုင်လိုက်ပြီလို့ ဆိုရပါမယ် ။

လူကာကူ ဟာ နဂိုက ချဲလ်ဆီးရဲ့ အရန် ပစ်မှတ် တိုက်စစ်မှူး အဖြစ်သာ ရှိခဲ့ပြီး ၊ ဒေါ့မွန် အသင်းရဲ့ နော်ဝေး ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်း က ပထမ ဦးစားပေး ပစ်မှတ် ၊ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပိုလန် ဂိုးသွင်းစက် ရောဘတ် လီဝမ်ဒေါစကီး က ဒုတိယ ဦးစားပေး ပစ်မှတ် အဖြစ် ရပ်တည်ခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဟာလန်း ဟာ ချဲလ်ဆီးသို့ ပြောင်းလာဖို့ အရမ်းကြီး စိတ်မဝင်စားခဲ့သလို ၊ ဒေါ့မွန်ဖက်ကလည်း ၄င်းကို တနှစ် ဆက်ထိန်းချင်ခဲ့တဲ့ အတွက် ၊ ချဲလ်ဆီးတို့ အဆုံးမှာ လက်လျှော့ခဲ့ရပါတယ် ။ ဒါ့အပြင် လီဝမ်ဒေါစကီး ဟာလည်း ဘိုင်ယန်နဲ့ စာချုပ် ၂နှစ် ကျန်သေးတဲ့ အတိုင်း ၊ ရှေ့ဆက်ချင်ခဲ့တာကြောင့် ၊ ချဲလ်ဆီးတို့ သတင်း မေးရုံပဲ မေးခဲ့ရပါတယ် ။

haaland

သို့ပေမယ့် နောက်ဆုံး ပစ်မှတ် လူကာကူ ကတော့ ယူရို ပြိုင်ပွဲ မစတင်ခင်က အင်တာမီလန်မှာ ပျော်ရွှင်နေတယ်လို့ အတိအလင်း ထုတ်ပြောခဲ့ပေမယ့် ၊ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှု ရလာတဲ့အခါ ၄င်းကိုယ်တိုင် က အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ကို တွန်းအားပေးခဲ့တယ်လို့ သိရပါတယ် ။

ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတာ ဖြစ်ပေမယ့်လည်း ၊ တကယ် လိုလိုလားလားနဲ့ ပြောင်းလာတာ ဖြစ်လို့ ချဲလ်ဆီး ပရိသတ်တွေကတော့ လူကာကူ အပေါ် အကောင်းပဲ မြင်ထားကြပါတယ် ။ လူကာကူနဲ့ ပတ်သက်ပြီးလည်း တူချယ် က အခုလိုပဲ သူ့ရဲ့ အမြင်ကို အပွင့်လင်းဆုံး ချပြသွားခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ တူချယ် က ” ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ရိုမီလူ ဟာ ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့ ရွေးချယ်မှု ၊ အင်အားဖြည့်တင်းမှု ဖြစ်လာဖို့ မျှော်လင့်နေပါတယ် ။ သူ့မှာ ပါဝါ အပြည့် ၊ ကြံ့ခိုင်မှု အပြည့်နဲ့ ကျွန်တော်တို့ကို ကူညီပေးနိုင်စွမ်း ရှိပါတယ် ။ ”

” သူ့ရဲ့ အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေက အသင်း အပေါ် ကြီးမားတဲ့ သက်ရောက်မှု ဖြစ်လာနိုင်ပါတယ် ။ တချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သူလည်း ဖြစ်ပါတယ် ။ အသင်းလိုက် ကစားသမား ၊ ချဲလ်ဆီး အသင်း အပေါ် ချစ်မြတ်နိုးတဲ့ စိတ်လည်း ရှိပါတယ် ။ ဒီတော့ သူ့ကို ကြေးကြီးပေးပြီး ခေါ်ရကျိုးနပ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ် ။ ”

” ဟုတ်ပါတယ် ။ သူဟာ အောင်မြင်မှုနဲ့ ပတ်သက်လာရင် ကြီးကြီးမားမား ဆာလောင်စိတ် ရှိပါတယ် ။ ဒီကို ပြောင်းရွှေ့လာနိုင်ဖို့ သူ အရာရာ ကြိုးစားခဲ့ပါတယ် ။ သူဟာ အင်တာမှာ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိခဲ့သလို ၊ ကြီးမားလွန်းတဲ့ ဝန်တွေကို ပုခုံးပေါ်မှာ ထမ်းခဲ့ရပြီး ၊ အင်တာကို စီးရီးအေ ချန်ပီယံ ဖြစ်စေဖို့ ကူညီပေးခဲ့ပါတယ် ။ ”

” ချဲလ်ဆီး အသင်းဆီ တကျော့ပြန် ရောက်လာပြီး မပြီးပြတ်သေးတဲ့ အလုပ်တွေကို အဆုံးသတ်ဖို့ ရောက်လာတယ် ဆိုတဲ့ သူ့ရဲ့ ခံယူချက် က အရေးကြီးပါတယ် ။ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ ကစားသမား အင်အားကို ပိုင်ဆိုင်ထားပြီး ၊ ဒီ ကစားသမားတွေ အကြားမှာ ခိုင်မြဲတဲ့ ချိတ်ဆက်မှုတွေ ရှိနေသလို ၊ တယောက်ကို တယောက် ကူညီပေးဖို့ အသင့်ရှိနေကြပါတယ် ။ ”

” ရိုမီလူ ဟာ သူ့ရဲ့ စိတ်ထဲမှာ ချဲလ်ဆီး အသင်း အကြောင်း အမြဲ ရှိနေလို့ ၊ ဒီကို ပြောင်းလာတာလို့ ကျွန်တော် ထင်ပါတယ် ။ ဒါဟာ ပြီးပြည့်စုံတဲ့ ဖြည့်တင်းမှု ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဟာ ဒီကလပ်မှာ ရှိရတာကို ဂုဏ်ယူမိပါတယ် ။ ဟုတ်ပါတယ် ။ ဒီမတိုင်ခင် က ကျွန်တော်တို့ ၂ယောက် အကြား မက်ဆေ့ချ် ဖလှယ်မှု တချို့တော့ ရှိခဲ့ပါတယ် ။ ”

” ဒါပေမယ့် အခုတော့ သူဟာ ချမှတ်ထားတဲ့ ကိုဗစ် စည်းမျဉ်းတွေကို လိုက်နာပြီး ၊ ရက်အနည်းငယ် ကွာရန်တင်း ဝင်ပြီးတာနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး တူချယ် က သူဟာ လူကာကူ သာမက ၊ ဟာလန်းနဲ့ လီဝမ်ဒေါစကီး တို့ကိုပါ လူကာကူနဲ့ တွဲပေးဖို့ ခေါ်ယူစေချင်ခဲ့ကြောင်း အရွှန်းဖောက်ခဲ့ပါတယ် ။

Munich’s Polish forward Robert Lewandowski celebrates the 1-3 goal during the German First division Bundesliga football match between SC Paderborn and Bayern Munich in Paderborn, on September 28, 2019. (Photo by INA FASSBENDER / AFP) / DFL REGULATIONS PROHIBIT ANY USE OF PHOTOGRAPHS AS IMAGE SEQUENCES AND/OR QUASI-VIDEO

တူချယ် က ” ဟုတ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီ တိုက်စစ်မှူး ၂ဦးလုံးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ် ။ ကျွန်တော့ စိတ်ရှိတဲ့အတိုင်းဆိုရင်တော့ လီဝမ်ဒေါစကီးကို လူကာကူ အနောက်ကနေ နံပါတ် ၁၀ ပုံစံနဲ့ အသုံးပြုဖို့ အလိုရှိခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ဘုတ်အဖွဲ့ က ဒါကို နားမထောင်ခဲ့တာကြောင့် ကျွန်တော်တို့ ရိုမီလူကိုပဲ ပိုင်ဆိုင်ခဲ့ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။