ပြီးခဲ့တဲ့ ဘောလုံးရာသီ ဟာ အလီဆွန် အတွက် အနိမ့်အမြင့် အတက်ကျပေါင်းများစွာ နဲ့ ဖြတ်သန်းခဲ့ရတဲ့ အခိုက်အတန့် တခုဖြစ်ပါတယ်။ ဒဏ်ရာပြသနာ တချို့ နဲ့ ရုန်းကန်ခဲ့ ရသလို ၊ ဘရာဇီးမှာ ဆိုးဝါးလွန်းတဲ့ ကိုဗစ် ဗိုင်းရပ်ပိုးကြောင့် အရမ်း ရင်းနှီးတဲ့ မိတ်ဆွေတွေ အဖြစ် ဖခင်ရင်း တယောက်ကိုပါ ဆုံးရှုံးခဲ့ရတာပါ။

ကလပ်အသင်းရဲ့ ဒဏ်ရာပြသနာပေါင်း များစွာကြောင့်လဲ ရလာဒ်တွေ ယ်ိုင်နဲ့ မသွားအောင် အစွမ်းကုန် ထိန်းကျောင်းပေးခဲ့ရ ပြန်ပါတယ်။ ဝက်စ်ဘရွန်း နဲ့ ပွဲ နာကျင် အချိန်ပိုမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ ဂိုးဟာ လီဗာပူး ရဲ့ ကံကြမ္မာ ကို အဆုံးအဖြတ် ပေးခဲ့သည့် သွင်းဂိုးမျိုးလို့ မှတ်ချက် ပေးရမည် ဖြစ်ပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် သေချာသွားခဲ့တဲ့ အပြင် ၊ ရာသီ အကုန်မှာ မထင်မှတ်ထားတဲ့အကြား က တတိယ နေရာ အထိပါ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဘောလုံးရာသီ ကုန်ဆုံးချိန်မှာတော့ အလီဆွန် ဟာ ကိုပါ အမေရိကား ဖလားပြိုင်ပွဲ ဆင်နွှဲဖို့ ဘရာဇီး ကို ပြန်သွားခဲ့ပြီး ၊ ဟိုရောက်တဲ့ တပြိုင်နက် လက်ရွေးစင် ကစားဖော်တွေ အားလုံးက သူ့ရဲ့ သွင်းဂိုးအကြောင်းကို စိတ်ဝင်တစား နဲ့ မေးမြန်းခဲ့တဲ့အကြောင်းကို အခုလို ပြန်လည် ပြောပြသွားခဲ့ပါတယ်။

“ ဘရာဇီး ကို ပြန်ရောက်တော့ လူတိုင်းက အဲဒီ ဂိုးအကြောင်းပဲ မေးကြတယ်ဗျ။ အဲဒီထဲမှာ နေမာတောင်ပါ ပါတယ်။

သူတို့ အားလုံးက အရမ်းကို သိချင်နေကြတာပါ။ ကိုပါ အမေရိကား ပြိုင်ပွဲ အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့ အချိန်မှာ ကျနော့် သွင်းဂိုးတွေ နဲ့ ပတ်သက်ပြီး ပြန်လည် ရှင်းပြတာတွေ လုပ်ခဲ့ရပါသေးတယ်။ ကျနော့် အတွက်တော့ အံ့အားသင့်စရာ မဟုတ်ဘူးပေါ့။

ဒါပေမယ့် ဝက်စ်ဘရွန်း နဲ့ ပွဲက သွင်းဂိုးဟာ အံ့အားသင့်ဖို့ ကောင်းသလို ၊ ချန်ပီယံလိဂ် ဝင်ခွင့်ကို သေချာစေတဲ့ ဂိုးမျိုး ဖြစ်ခဲ့တာမို့ ပိုပြီး ထူးခြားတာပေါ့ဗျာ။ အခုတော့ အဲဒီ ဖလားကြီးကို ဆွတ်ခူးနိုင်အောင် ကြိုးစားခွင့် ရနေပြီ ဖြစ်လို့ ကျေနပ်မိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ပရိသတ်တွေ အကြားမှာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူခြင်း မရှိတာနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ တော်တော်လေး ပေါ်ထွက်လျှက် ရှိနေပါတယ်။ အထူးသဖြင့် မန်စီးတီး ၊ ချဲဆီး ၊ ယူနိုက်တက် တို့လို အသင်းတွေက အပြောင်းအရွှေ့ အသုံးစာရိတ် ကို သန်း ရာချီ သုံးစွဲနေချိန်မျိုးမှာ ၊ လီဗာပူး ကတော့ ကိုနာတီ တဦးတည်းသာ ခေါ်ယူထားတဲ့ အတွက် အားမလို အားမရ ဖြစ်နေကြတာ ဖြစ်ပါတယ်။

အလီဆွန် ကတော့ ရာသီသစ် စတင်တော့မှာ နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်။

“ ပြိုင်ဘက် အသင်းတွေ က ငွေသုံးကြမ်းနေတဲ့ ကိစ္စက ကျနော်တို့ အတွက် အကြောက်တရားတွေ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ အဲဒါ ရဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်မှာပါ။

ကျနော်တို့ဟာ အလုပ်တွေ ဆက်ပြီး ကြိုးစားရမယ် ဆိုတာ သဘောပေါက်ထားပါတယ်။ မန်စီးတီး စာရင်းက ပိုပြီးတောင့်တင်းလာသလို ၊ ချဲဆီးကလဲ အရမ်းတောင့်တင်းနေပြီလေ။

သူတို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတောင် ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားတွေ ဆွတ်ခူးရင်း သက်သေပြထားခဲ့တာမို့ ၊ ဒီရာသီမှာ ကစားသမားသစ်တွေ ထပ်ရောက်လာလို့လဲ အထူးအဆန်းကြီး မဖြစ်တော့ပါဘူး။ သူတို့လဲ အသင်းကောင်းတွေ ဖြစ်တယ် ၊ ကျနော်တို့ကလဲ ကိုယ့်အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်မှာပါ။ အဲလိုမှ မလုပ်ရင်တော့ ဒီ အသင်းတွေကို ကျော်လွန်ပြီး အခွင့်အရေး ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။

ကျနော်တို့ အသင်းကလဲ ထိပ်တန်း ကစားသမားတွေ နဲ့ ဖွဲ့စည်းထားတဲ့ တောင့်တင်းတဲ့ အသင်းမျိုးပါ။ စီနီယာ ကစားသမား အများစုဟာ ပရီးမီးယားလိဂ် ဖလားကို အတူတူ ဆွတ်ခူးခဲ့ဖူးသူတွေ ချည်းပါပဲ။ အခြားအသင်းတွေက ဘာတွေ လုပ်ဆောင်နေတယ် ဆိုတဲ့ ကိစ္စတွေကို သိပ်ပြီး စိတ်မဝင်စားပဲ ၊ ကိုယ့် ပန်းတိုင် ၊ ကိုယ့် ရည်မှန်းချက် ကိုပဲ ဘယ်လို ရောက်အောင် သွားမလဲ ဆိုတာ အာရုံစိုက်ထားပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။