လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား တိုက်ပွဲမှာ မန်စီးတီး ၊ မန်ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ လီဗာပူး တို့ပဲ ပါ၀င်နေမှာ မဟုတ်ဘူးလို့ အခြား အသင်း ၄ သင်း ကလည်း အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

မန်စီးတီး မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ဟာ ဒီနွေရာသီမှာ ထိပ်တန်းကစားသမားတွေကို ငွေကြေးများစွာ သုံးစွဲပြီး ခေါ်ယူထားခဲ့ပြီး လီဗာပူး ကလည်း ပြီးခဲ့တဲ့နှစ်က တစ်ရာသီလုံးနီးပါး လက်လွှတ်ထားခဲ့ရတဲ့ အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်ဇ် နဲ့ မာတစ် တို့ကို ပြန်လည် ရရှိထားခဲ့တာကြောင့် လူတော်တော်များများက ဒီ ၄သင်းပဲ ပရီးမီးယားလိဂ် ဖလား အတွက် တို််က်ပွဲဝင်သွားရလိမ့်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါပေမယ့်လည်း ယာဂန်ကလော့ကတော့ ဒီလို ယူဆခြင်း မရှိဘဲ ဒီရာသီ ပရီးမီးယားလိဂ် title race ဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိတယ်လို့ သုံးသပ်လိုက်ပါတယ်။

ကလော့က “ဒီလိုမျိုး ဖြစ်လာနိုင်မလား? ပြီးခဲ့တဲ့ ရာသီက သိကြတဲ့အတိုင်းပဲ စီးတီးနဲ့ ခြားနားချက်ဟာ အတော်ကြီးမားခဲ့ပါတယ်။ တစ်နှစ်ကတော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေနဲ့ ကွာဟချက် ကြီးမားအောင် လုပ်နိုင်ခဲ့ပါတယ်။ title race ဟာ အရင်နှစ်တွေကထက် ပိုပြီး ပြင်းထန်မလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါ့ကြောင့် စောင့်ကြည့့်သွားကြတာပေါ့။

အမှန်ပါပဲ။ ချဲလ်ဆီးဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို ဖုံးကွယ်ထားခြင်း မရှိပါဘူး။ မန်ယူနိုက်တက် နဲ့ မန်စီးတီး တို့ကလည်း ဒီလိုမျိုး ပါပဲ။ ကျွန်တော်တို့ ကလည်း ကိုယ့်ရဲ့ ရည်မှန်းချက် နဲ့ မျှော်လင့်ချက်တွေကို ဖုံးကွယ် မထားလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရာအားလုံး အတွက် တိုက်ပွဲဝင်သွားချင်လို့ပါ။ ဒါပေမယ့် ဒီရာသီ ဘာတွေ ဖြစ်လာမလဲဆိုတာ ကတော့ ကျွန်တော်တို့လည်း မသိပါဘူး။ ဒါပေမယ့် လက်ရှိ အနေအထား အရ ကတော့ အမှတ်ပေးဖလား အတွက် ပြိုင်ဆိုင်မှုက အတော် ပြင်းထန်မှာပါ။

ကျွန်တော်ဟာ ဒီအသင်း ၄ သင်းကိုပဲ ခုနက ပြောခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ပေးဖလား အတွက် ဒီအသင်း ၄ သင်းပဲ တိုက်ပွဲဝင်သွားဖို့ မရှိပါဘူး။ လက်စတာစီးတီးဟာ နောက်ထပ် အရမ်းကောင်းတဲ့ business ကို လုပ်ထားနိုင်တဲ့ ပုံပါပဲ။ အာဆင်နယ် ကလည်း ကြိုးစားနေပြီး တော့တင်ဟမ် ကလည်း တအားကို ကြိုးစားနေတာ သိသာပါတယ်။ ၀က်ဟမ်းဟာ ပြီးခဲ့တဲ့နှစ်က တစ်ရာသီလုံးနီးပါး အကောင်းဆုံး ကစားခဲ့ပါတယ်။ သူတို့ဟာ ဒီနွေရာသီကျမှ ဆိုးဆိုးရွားရွား မဖြစ်သွားနိုင်ပါဘူး။

ဒါ့ကြောင့် ပရီးမီးယားလိဂ် title race ဟာ အရမ်း အရမ်းကို စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ ဒီရာသီကို ဘယ်လို စတင်သွားမလဲ ဆိုတာ စောင့်ကြည့်ရတာပေါ့။ အဲဒီနောက် ကျွန်တော်တို့ နောက်ထပ် ခြေလှမ်းတစ်ခု အကြောင်းကို ထပ်ပြောရတာပေါ့။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရိတ်သတ်ကင်းမဲ့နေတဲ့ အန်ဖီးကွင်းမှာ ရုန်းကန် ခဲ့ရပြီး ကလပ် သမိုင်းတစ်လျှှောက် အဆိုးဝါးဆုံး မှတ်တမ်း အဖြစ် အိမ်ကွင်းမှာ ၆ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာတော့ လီဗာပူးဟာ သူတို့ရဲ့ အဓိက လက်နက် တစ်ခု ဖြစ်တဲ့ အန်ဖီးပရိတ်သတ်တွေရဲ့အားကို ပြန်လည် ရရှိမှာ ဖြစ်ပြီး ဒါနဲ့ ပက်သက်ပြီး နော့ဝှစ်နဲ့ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ယခုလိုပဲ ပြောသွားခဲ့ပါတယ်။

လီဗာပူး နည်းပြက “ပြီးခဲ့တဲ့ တနင်္ဂနွေ တနင်္လာက ပရိတ်သတ်တွေရဲ့ ရှေ့မှာ ကစားရတာ ဘယ်လိုလဲ ဆိုတာ ကျွန်တော်တို့ နည်းနည်းခံစားလို့ ရခဲ့ပါတယ်။ ဒါဟာ အရမ်းကို ကောင်းပြီး ပွဲကို အပြောင်းအလဲ ဖြစ်စေပါတယ်။ အခု နည်းနည်းခြားနားသွားတာကတော့ ကျွန်တော်တို့ဟာ နော့ဝှစ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး အန်ဖီးမှာ မဟုတ်လို့ပါ။ သူတို့ ပရိတ်သတ်တွေ ကလည်း ကျွန်တေ်ာတို့လိုပဲ အားပေးမှု ပြင်းထန်မှာပါ။ ကျွန်တော်တို့ တကယ့် တိုက်ပွဲအတွက် အသင့် ဖြစ်နေပါပြီ။ ရာသီကြို ကာလမှာ တစ်ချို့အရာတွေ စမ်းသပ်ခွင့် ရတာ ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ရမှတ်တွေ အတွက် ၊ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေ အိ်မ်မက်တွေ အတွက် ကစားရတော့မှာပါ။ ဒါဟာ ခြားနားချက်ပါ။

ဒါပေမယ့် ကျွန်တော်တို့ အတော်ကြီး ကြာပြီးမှ တောင့်တင်းတဲ့ လူစာရင်းနဲ့ ရာသီကြို ပြင်ဆင်ခွင့် ရခဲ့ပါတယ်။ ကစားသမားတော်တော်များများ ရာသီကြို ပြင်ဆင်မှုမှာ ပါ၀င်ခဲ့ပါတယ်။ တစ်ချို့က စောစောပြန်လာပြီး တစ်ချို့ကတော့ အနည်းငယ် နောက်ကျမှ ရောက်လာပါတယ်။ ဒါပေမယ့် အခုဆိုရင် သူတို့အားလုံး တစ်စုတစ်စည်းတည်း ရှိနေကြပါပြီ။ ဒါဟာ ကောင်းတဲ့ အခြေအနေပါ။ ရာသီကြိုကာလ အဆုံးမှာ လိုချင်တာ ဒါမျိုးပါ။ အဲဒီနောက် ပထမဦးဆုံး ပွဲစဉ် အတွက် ရွေးချယ်စရာတွေ ရသွားပါတယ်။ အခုဆိုရင် intensity ဟာ လုံးဝကို ခြားနားသွားတော့မယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ အသင့် ဖြစ်နေပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို နော့ဝှစ်နဲ့ ပွဲမှာ သက်သေပြသွားရမှာပါ။” လို့ ပြောသွားပါတယ်။