မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက စနေ နေ့ရဲ့ အစောဆုံးပွဲစဥ်အဖြစ် လိဒ်စ် ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဧည့်ခံကစားခဲ့ရပြီး အသင်းရဲ့ ပရိသတ်တွေ ရှေ့မှောက်မှာ 5 – 1 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ရာသီသစ်ကို အကောင်းဆုံး စတင်နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ယူနိုက်တက် အသင်းအတွက် ဘရူနို ဖာနန်ဒက်စ် က ဟတ်ထရစ် ၊ မေဆွန် ဂရင်းဝုဒ် နဲ့ ဖရက်ဒ် တို့က တစ်ဂိုးစီ သွင်းယူပေးသွားနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အသင်းပြောင်းဖို့ သတင်းကြီးနေခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာ ကတော့ လေးဂိုးထိ ဖန်တီးပေးသွားနိုင်ခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါ့ကြောင့် အဆိုပါပွဲစဥ် အပြီးမှာ ဟတ်ထရစ်ရှင် ဘရူနို ဖာနန်ဒက်စ် နဲ့ လေးဂိုး ဖန်တီးပေးခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာ တို့က ပရိသတ်တွေ အတွက် စူပါ ဟီးရိုးတွေ ဖြစ်ခဲ့ကြ ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ပွဲ တစ်ပွဲမှာ အမြဲတမ်းလိုလို ချီးကျူးခံရသူတွေက ဂိုးသွင်းသူ ၊ ဖန်တီးသူတွေချည်း ဖြစ်နေခဲ့ကြလို့ ပါပဲ ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေးဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ် ကတော့ 4 ဂိုး အထိ ဖန်တီးပေးထား နိုင်ခဲ့တဲ့ အသင်းဖော် ပေါလ် ပေါ့ဂ်ဘာကို ချီးကျူးလိုက်ရင်း အခြားသူတွေနဲ့ မတူတဲ့ သူ့ရဲ့ အယူအဆ တစ်ခုကို ဖွင့်ပြောသွားခဲ့လိုက် ပါတယ် ။

ဂရင်းဝုဒ် ကတော့ အသင်းရဲ့ တိုက်စစ်ကစားသမားတွေကို စိတ်ကြိုက် တိုက်စစ်ဆင် ကစားခွင့် ပေးဆောင်ခဲ့ကြတဲ့ ဂိုးသမား ဒီဂီယာ နဲ့ ခံစစ်မှူးတွေကလည်း အခုလို နိုင်ပွဲအတွက် ချီးကျူးမှုတွေ ရရှိသွားဖို့ ထိုက်တန်လွန်းသူတွေ ဖြစ်ကြကြောင်း ဖွင့်ပြောသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော့်မှာ ပြောစရာ စကားတောင် ဘာမှ မရှိတော့ပါဘူး ။ ဖန်တီးမှု လေးကြိမ် ဆိုတာကြီးက အရာရာတိုင်းကို အဖြေပေးနိုင်တဲ့ စွမ်းဆောင်ရည် တစ်ခုပဲလေ ။ သူ (ပေါ့ဂ်ဘာ) ဟာ တစ်ကယ့်ကို အံ့ချီးဖွယ် ဖြစ်ခဲ့ပါတယ် ”

” ပေါဂ်ဘာ တစ်ဦးထဲတင် မဟုတ်ပါဘူး ။ တစ်သင်းလုံး စွမ်းဆောင်ရည်တွေ ကောင်းမွန်ခဲ့ကြ ပါတယ် ။ ဒါပေမဲ့ ခံစစ် ကစားသမားတွေ ၊ ဂိုးပေါက် အရှေ့က ဒေးဗစ် ၊ သူတို့ အားလုံးလည်း တကယ့်ကို ကောင်းမွန်ခဲ့ကြ ပါတယ် ” လို့ ဂရင်းဝုဒ် က ချီးကျူး သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ဂရင်းဝုဒ်ဟာ အဖွင့်ပွဲမှာတင် ဟတ်ထရစ်ဂိုး သွင်းယူခဲ့ပြီး စူပါ ဟီးရိုး ဖြစ်သွားခဲ့တဲ့ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ကိုလည်း ချီးကျူးစကား ဆိုခဲ့လိုက်ပြီး သူဟာ ကွင်းလယ်လူ ဖြစ်ပေမယ့် ဂိုးတွေကိုလည်း သွင်းယူလေ့ရှိသူ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” သူ လုပ်ပြခဲ့တာ ဒါတွေပဲလေ ၊ ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ သူဟာ စရောက်ထဲက သွင်းဂိုးတွေနဲ့ အမြဲလို ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ် ။ ဂျေဒန် ၊ ဗာရန်းတို့ ရောက်ရှိမှုနဲ့ အတူ ကျွန်တော်တို့ဟာ အရမ်း ၊ အရမ်း ကောင်းတဲ့ အသင်း တစ်သင်းကို ပိုင်နေကြပါပြီ ”

” ရာသီသစ်ကို အခုလို စတင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့တွေ အရမ်းကို ပျော်ရွှင်နေကြ ပါတယ် ” လို့ ဂရင်းဝုဒ် က ထုတ်ဖော်ပြောကြား သွားခဲ့လိုက်ပါတယ်။ လက်ရှိ အချိန််မှာတော့ ယူနိုက်တက် တိုက်စစ်မှူး နေရာအတွက် ဂရင်းဝုဒ်ကိုပဲ ဆက်သုံးဖို့ ပရိသတ်တွေက နည်းပြ ဆိုးလ်ရှားကို တိုက်တွန်း နေကြပါတယ် ။