ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် လူငယ် နောက်ခံလူ ထရက်ဗာ ချာလိုဘာ ဟာ မနေ့ည က ကစားခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ပိုင်ဆိုင်ခဲ့သလို ၊ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကိုလည်း အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းနိုင်ခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ် ချာလိုဘာ ဟာ ပြီးခဲ့တဲ့ ၃နှစ် အတွင်း အစ်ဆွစ်ချ် ၊ ဟက်ဒါစ်ဖီးလ် ၊ လိုရီးယန့် အသင်းတွေကို အငှားထွက်ခဲ့ရပြီး ၊ ယခု သောမတ်စ် တူချယ် လက်ထက်မှာမှ ချဲလ်ဆီး စီနီယာ အတွက် ပထမဆုံး အကြိမ် အခွင့်အရေး ပြန်ပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ပြီးခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာလည်း ချာလိုဘာ တယောက် ပွဲထွက်ခွင့် ရခဲ့ပြီး ၊ တူချယ်ရဲ့ ၎င်းအပေါ် ယုံကြည်မှု အလဟဿ မဖြစ်ကြောင်းကို ပြသနိုင်ခဲ့ပါတယ် ။ ပဲလေ့စ်နဲ့ ပွဲမှာတော့ ဂိုးသွင်းပြီးတဲ့နောက် ချာလိုဘာ ဟာ အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်ခဲ့လို့ ၊ ဒူးထောက် မျက်ရည်ကျခဲ့တဲ့ အထိ ဖြစ်ခဲ့ရပါတယ် ။

ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ချာလိုဘာ က ” ဘောလုံးနဲ့ ဂိုးပိုက်နဲ့ မိတ်ဆက်သွားတာကို မြင်လိုက်ရပြီးချင်း ၊ ကျွန်တော် မယုံနိုင်ဖြစ်ခဲ့ရပြီး ၊ ဒူးထောက်လိုက်ကာ ၊ လူကလည်း လကမ္ဘာ အထိ ပျံတက်သွားသလို ခံစားခဲ့ရပါတယ် ။ ပရိသတ်တွေရဲ့ အော်ဟစ် အားပေးသံကို ကြားမှ ဂိုးဝင်သွားမှန်း သိခဲ့ရတာပါ ။ ”

” ဒါဟာ ကျွန်တော့ အတွက် အံ့သြဖွယ် ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်ဟာ ဒီကလပ်မှာ အသက် ၈နှစ် အရွယ် ကတည်းက ကစားနေခဲ့တာပါ ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားရတာတွေ ၊ ချဲလ်ဆီး အသင်းရဲ့ ပွဲများစွာ ကြည့်ရှုခဲ့ရတာတွေ ၊ ဘောကောက် ကောင်လေး တယောက် ဖြစ်ခဲ့ရတာတွေ ၊ မိသားစုနဲ့ အတူ ဘောလုံးပွဲ ကြည့်ရှုခဲ့ရတာတွေ ၊ ချန်ပီယံလိဂ် ညချမ်းတွေ ။ ဒါဟာ အိပ်မက် တခု အကောင်အထည် ပေါ်လာခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကလည်း ထရက်ဗာ ချာလိုဘာရဲ့ မနေ့ညက စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ” ဒါဟာ နှစ်လိုဖွယ်ကောင်းသလို ၊ တကယ်လည်း ထိုက်တန်မှု ရှိခဲ့ပါတယ် ။ ထရက်ဗာ ဟာ ရာသီကြို ပြင်ဆင်မှုမှာ အရမ်း ကောင်းခဲ့ပြီး ၊ အာဆင်နယ် ၊ တော့တင်ဟမ် တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ မိနစ် ၉၀စီမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ထုတ်ပြခဲ့ပါတယ် ။ ”

” သူဟာ အလားအလာကောင်းတွေ ရှိကြောင်း ပြသနိုင်ခဲ့ပါတယ် ။ သူဟာ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပြီး ၊ အေးအေးဆေးဆေးပဲ နေတတ်ပါတယ် ။ ရာသီကြို ပြင်ဆင်မှု ပထမဆုံးရက် ကတည်းက ကျွန်တော်တို့နဲ့ အတူ ရှိနေခဲ့ပြီး ၊ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ကာ ၊ ကိုယ့်ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ သူ့ကို ကစားခွင့် ပေးတယ်ဆိုတာ လက်ဆောင်ပေးသလို မဟုတ်ပါဘူး ။ သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်လို့ကို ပွဲထွက်ခဲ့ရတာပါ ။ ဗီလာရီးရဲလ်နဲ့ ပွဲမှာလည်း သူဟာ မိနစ် ၁၂၀ အပြည့် ကြီးကျယ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဒီနေ့ ပရီးမီးယားလိဂ် အိမ်ကွင်း အဖွင့်ပွဲ မိနစ် ၉၀ အတွက် ဆက်ကစားပေးဖို့ သူ့မှာ လုံလောက်တဲ့ ကြံ့ခိုင်မှုတွေ ရှိခဲ့ပါတယ် ။ ”

” ကျွန်တော် ယုံကြည်ထားတာ က ဥရောပ တလွှားက နာမည်ကြီး ထိပ်တန်း ကြယ်ပွင့်တွေ အပြင် ၊ အခုလို အကယ်ဒမီထွက် ပြည်တွင်း လူငယ် ခြေတက်တွေမှာလည်း အရည်အသွေးကောင်း များစွာ ရှိတယ် ဆိုတာပါ ။ အဆုံးမှာတော့ ထရက်ဗာ ဟာ အခြားသော အကယ်ဒမီထွက် ကြယ်ပွင့်တွေ ဖြစ်တဲ့ မေဆင် ၊ ရိစ် တို့နဲ့ အတူ တွဲကစားခွင့် ရလာပါပြီ ။ ”

” ဒီလို လူငယ် ကြယ်ပွင့်တွေ ပိုင်ဆိုင်ထားရတာ အရမ်း အရေးပါပါတယ် ။ နောက်ပြီး ထရက်ဗာ ဟာ ဒီနေ့ပွဲမှာ ဂိုးတောင် သွင်းပေးခဲ့ပါတယ် ။ သူ့အတွက်တော့ ပြီးပြည့်စုံတဲ့ နေ့လယ်ခင်း ဖြစ်ခဲ့ပါတယ် ။ အသင်းသားတိုင်းဟာလည်း သူ့အတွက် အရမ်း ပျော်ရွှင်နေကြတယ် ဆိုတာ ခင်ဗျားတို့လည်း တွေ့မြင်ခဲ့ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။