အာဆင်နယ် အသင်း ရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်တဲ့ ရူဝမ်ဒါ သမ္မတ ပေါလ် ကာဂါမီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းကို ရှုံးနိမ့်ပြီးနောက် သူ့ရဲ့ တွစ်တာ အကောင့်မှာ အကြီးအကျယ် ဝေဖန်မှုတွေ ပြုလုပ် သွားခဲ့ပါတယ် ။

ရူဝမ်ဒါ နိုင်ငံ ဟာ အာဆင်နယ် အသင်း ရဲ့စပွန်ဆာတွေထဲက တစ်ခုဖြစ်ပြီး အသင်းရဲ့အင်္ကျီ လက်မောင်းမှာ ‘Visit Rwanda’ လို့ ပါတာကို ပရိသတ်တွေ အားလုံး သတိထား မိကြမှာပါ ။ အဆိုပါ ရူဝမ်ဒါ နိုင်ငံရဲ့ သမ္မတကြီး ပေါလ် ကာဂါမီ ဟာ အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်ပါတယ် ။

ဘရန့်ဖိုဒ့် ကို ၂-၀ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ပေါလ်ကာဂါမီ ဟာ တွစ်တာမှာ ” ကျွန်တော်တို့ အနေနဲ့ အခုလို အသင်းက သာမန် အဆင့်ပဲ ဖြစ်နေတာကို ခွင့်လွှတ်ပေးရမှာ မဟုတ်သလို လက်ခံ ပေးလို့လည်း လုံးဝ မရပါဘူး ။ ”

” အသင်း တစ်သင်းကို တည်ဆောက်ရာမှာ အနိုင်ရဖို့ ၊ အောင်မြင်မှုတွေ ရဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ တည်ဆောက်ရမှာပါ ။ ကျွန်တော်တို့ အားလုံး ဘယ်သူတွေမှာ တာဝန် အရှိဆုံးလဲ ဆိုတာ သိကြပါတယ် ၊ သူတို့ ကိုယ်တို​င် သိပြီး လက်ခံဖို့ မျှော်လင့်ပါတယ် ။ ” လို့ ရေးသား ခဲ့ပါတယ် ။

တခြားတွစ် တစ်ခုမှာလည်း ပေါလ်ကာဂါမီ က ” ဘရန့်ဖိုဒ့် အသင်း က တကယ့်ကို ထိုက်ထိုက်တန်တန် အနိုင် ရသွားတာပါ ၊ အာဆင်နယ် ကော ပရိသတ်တွေကောက ဒီလို အနေအထားမျိုးကို နေသားကျ သွားဖို့ မထိုက်တန်ပါဘူး ။ ဒီလို စကားကို အာဆင်နယ် အသင်းရဲ့ အကြီးစားပရိသတ် တစ်ဦး အနေနဲ့ ပြောတာပါ ။

” အနိမ့်အမြင့် အတက်အကျ တွေနဲ့ ရုန်းကန် နေရတာ ဆယ်စုနှစ် တစ်ခုစာ မကတော့ပါဘူး ၊ ခုချိန်မှာဆို အကျဘက်ကိုပဲ သွားဖို့ များနေပါပြီ ၊ ကျွန်တော်တို့ အသင်းမှာ အလုပ်ဖြစ်မယ့် plan လေးဘာလေး စီစဉ်ထားတာ မရှိကြဘူးလားဗျာ ။ ”

” အသင်း လုပ်နေတဲ့ plan တွေက အလုပ် မဖြစ်ဘူး ဆိုတာ ဈေးကွက်မှာ ကစားသမား ခေါ်ယူတဲ့ အပေါ် ကြည့်ရုံ နဲ့ သိမြင် နိုင်ပါတယ် ။ မသေချာ မရေရာ တဲ့ စိတ်ဓတ်မျိုး နဲ့ ဆက်သွားနေမယ်ဆိုရင် အပြောင်းအလဲ တွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ” လို့ ရေးသား ခဲ့ပါတယ် ။

ရူဝမ်ဒါ နိုင်ငံ နဲ့ အာဆင်နယ် အသင်းဟာ ၂၀၁၈ ခုနှစ်မှာ ပေါင် သန်း ၃၀ အထက် တန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ် ချုပ်ဆို ခဲ့တာ ဖြစ်ပါတယ် ။ စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အာဆင်နယ် အသင်းရဲ့ အင်္ကျီ လက်မောင်းမှာ ‘Visit Rwanda’ ကို ထည့်သွင်း ထားတာ ဖြစ်ပါတယ် ။

ရူဝမ်ဒါ သမ္မတ ပေါလ်ကာဂါမီ ဟာ မကြာခဏ ဆိုသလို အာဆင်နယ် အသင်း အပေါ် ဝေဖန် ထောက်ပြမှုတွေ ပြုလုပ်လေ့ ရှိသူ ဖြစ်ပါတယ် ။

SM