၁ ။ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် အတွင်းမှာ ရှက်ဖီးယူနိုက်တက် ဂိုးသမား ရမ်စ်ဒေးလ် နဲ့ ရီးရဲလ် မက်ဒရစ် ကွင်းလယ်လူ မာတင် အိုဒီဂတ် တို့ကို စာချုပ်ချုပ် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း Daily Mail က ဖော်ပြလိုက်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

၂ ။ မာတင် အိုဒီဂတ် ရဲ့ အေးဂျင့်တွေဟာ အာဆင်နယ် နဲ့ အပြောင်းအရွှေ့ကိစ္စ ညှိနှိုင်းဆောင်ရွက်ဖို့ အတွက် ဒီကနေ့မှာ လန်ဒန် ကို လာရောက်မယ်လို့ သိရပါတယ် ။ ကာယကံရှင် ကစားသမား ကိုယ်တိုင်က သောကြာနေ့အပြီး သဘောတူညီ ရယူချင်နေတာကြောင့်ပါ ။အာဆင်နယ် အသင်းဟာ အိုဒီဂတ်ကို လစာအပြည့်ပေးပြီး အငှား ထပ်မံ ခေါ်ယူဖို့ အကောင်းဆုံး အခြေအနေမှာ ရှိတယ်လို့ Mirror Football က ဆိုပါတယ် ။ အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှပဲ အိုဒီဂတ် ကို ပေါင် သန်း ၃၀ ဝန်းကျင် နဲ့ အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်း သွားမယ်လို့ ၎င်းသတင်းဌာနကပဲ ဖော်ပြထားပါတယ် ။

၃ ။ အာဆင်နယ် အသင်းဟာ တောင်ပံ ကစားသမား ရီးစ်နယ်လ်ဆင် ကို အငှား မချခင် စာချုပ်သစ်ချုပ်ဆို နိုင်ဖို့ မျှော်လင့်နေတယ်လို့ The Sun Sport က ရေးသား လိုက်ပါတယ် ။ နယ်လ်ဆင် ဟာ အာဆင်နယ် အသင်း နဲ့ ၂ နှစ် စာချုပ် ကျန်ရှိနေသေးပြီး ဗီအဲရာ ရဲ့ ပဲလေစ့် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စား​နေတယ်လို့ သတင်းထွက်နေပါတယ် ။

၄ ။ ချဲလ်ဆီး အသင်းတိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ချင် ခဲ့ပေမယ့် တရားဝင် ကမ်းလှမ်းလာတာမျိုး မရှိတာကြောင့် ရိုးမား အသင်းကိုပဲ ပြောင်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ရိုးမား ဟာ အေဘရာဟမ် အတွက် ယူရို သန်း ၄၀ အထိ အသုံးပြု ခဲ့တာ ဖြစ်ပါတယ် ။

၅ ။ ပြီးခဲ့တဲ့ ရာသီက အဆင့် ၈ သာ ရပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် ဥရောပ ဝင်ခွင့် နဲ့ လွဲချော် ခဲ့ပေမယ့် အာဆင်နယ် အသင်း ဘုတ်အဖွဲ့ဝင်တွေဟာ နည်းပြ အာတီတာကို ရပ်တည် ထောက်ခံနေဆဲပါ ။ အကြောင်းအရင်းကတော့ နည်းပြ ဘဝ ပထမဆုံးရာသီမှာတင် အက်ဖ်အေ ဖလား အရယူပေးနိုင်ခဲ့တာကြောင့်ပါ ။ ( Daily Mail )

၆ ။ အူဘာမီယန်း နဲ့ လာကာဇက် ဟာ ချဲလ်ဆီး နဲ့ ကစားရမယ့်ပွဲမှာလည်း ပါဝင် ကစားနိုင်ဖို့ မသေချာကြောင်း Football London က ဖော်ပြ လိုက်ပါတယ် ။အခု ရက်ပိုင်း အတွင်းမှာ အာဆင်နယ် အသင်းဟာ အူဘာမီယန်း ကို ရောင်းထုတ်ဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ် နေပါတယ် ။ လာကာဇက် ကိုတော့ ကမ်းလှမ်းလာတဲ့ အသင်း ရှိရင် ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေတယ်လို့လည်း သိရပါတယ် ။

၇ ။ အာဆင်နယ် ယူ-၁၈ အသင်းဟာ ရာသီသစ် အဖွင့်ပွဲမှာ အက်စတွန်ဗီလာ ယူ-၁၈ အသင်းကို ၅-၃ နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် ယူ-၁၈ အတွက် ဂိုးတွေကိုတော့ ဖလောရက်စ် က ၃ ဂိုး ၊ အက်ဒ်ဝါဒ် နဲ့ ဆာဂိုး ဂျူနီယာ တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပါ ။

၈ ။ မာတင်ကီယွန် က ဘန်ဝှိုက် ကစားရ အဆင်ပြေအောင် အာဆင်နယ် အသင်း နည်းပြ အာတီတာ အနေနဲ့ ချဲလ်ဆီး နဲ့ ပွဲမှာ နောက်တန်း ၅ ယောက်ထား ကစားသင့်ကြောင်း အကြံဉာဏ် ပေးသွား ခဲ့ပါတယ် ။

၉ ။ အာဆင်နယ် အသင်း ရှုံးနေချိန်မှာ တွစ်တာပေါ်မှာ အပေါင်းအသင်းတွေနဲ့ အပန်းဖြေပုံတင်ခဲ့တဲ့ တော်ရီးယား ဟာ ပရိသတ်တွေရဲ့ အသင်းက ထွက်ခွာသွားဖို့ တောင်းဆိုမှု ၊ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင် နေရပါတယ် ။

၁၀ ။ အာဆင်နယ် အသင်း နောက်ခံလူ ကိုလာစီနက် ဟာ တူရကီ ကလပ် ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ် နေပြီလို့ FotoMac က ဖော်ပြ လိုက်ပါတယ် ။