Henderson

လီ​ဗာပူး ကွင်းလယ်​လူ​ဟောင်း ​ဂျေမီရက်​နက်​က အန်​ဖီး အသင်း​ခေါင်း​ဆောင်​ ​နေရာ အတွက်​ စတီ​ဗင်​ဂျာရတ်​ရဲ့ ​နေရာကို ​ဂျော်​ဒန်​ဟန်​ဒါဆန်​ အစားဝင်​မှုဟာ ဆာအဲလက်​စ်​ဖာဂူဆန်​ ရဲ့ မန်​​နေဂျာ ရာထူးကို ဆက်​ခံသလိုပဲလို့ နှိုင်းယှဉ်​ သွားခဲ့ပါတယ်​။ ဒါ​ပေမယ့်​လည်း ရက်​နက်​က ဟန်​ဒါဆန်​ ဟာ ပြီးခဲ့တဲ့ ရာသီ လီ​ဗာပူး ရဲ့ ချန်​ပီယံလိဂ်​ဖလား ​အောင်​ပွဲမှာ အဓိက ကျခဲ့တဲ့သူလို့ ဆိုလိုက်​ပါတယ်​။

ရက်​နက်​က “စတီ​ဗင်​ဂျာရတ်​ ရဲ့ အသင်း​ခေါင်း​ဆောင်​ ရာထူးကို ​ဆက်​ခံတာဟာ ​ဘောလုံး​လောကရဲ့ အခက်​ခဲဆုံး အလုပ်​​တွေ ထဲမှာ ပါဝင်​ပါတယ်​။ ဒါဟာ ဆာအဲလက်​စ်​ဖာဂူဆန်​ ရဲ့ မန်​ချက်​စတာယူနိုက်​တက်​ နည်းပြ ရာထူးကို ဆက်​ခံသလိုပါပဲ။ လူတစ်​ဦးရဲ့ ​နောက်​လိုက်​​တော့ မဖြစ်​ချင်​ကြပါဘူး။ ကိုယ့်​​နောက်​ကို လိုက်​မယ့်​သူပဲ ဖြစ်​ချင်​ကြပါတယ်​။ ဒီလို အသင်း​ခေါင်း​ဆောင်​ လက်​ပတ်​မျိုး ဝတ်​ဆင်​ရတဲ့ ဖိအားကို ကျွန်​​တော်​ သိပါတယ်​။ လူ​​တော်​​တော်​များများ က​တော့ team sheet ​ပေါ်မှာ ရှိတဲ့ နာမည်​ရဲ့ ​ဘေးမှာ ‘C’ ဆိုတဲ့ စကားလုံးကိုပဲ မြင့်​ကြမှာ ဖြစ်​ပြီး ဒီထက်​ မပိုဘူးလို့ ထင်​ကြမှာပါ။

လီ​ဗာပူးရဲ့ အသင်း​ခေါင်း​ဆောင်​ တစ်​ဦး ဆိုတာ ဒီထက်​ အများကြီး ပိုပါတယ်​။ ခင်​​ဗျားတို့ ကျွန်​​တော့်​ကို ယုံပါ။ သူဟာ အသင်းရဲ့ ​ခေါင်း​ဆောင်​ နာမည်​ကို ​ပေါ့​ပေါ့တန်​တန်​ လက်​ခံရဲမှာ မဟုတ်​ပါဘူး။ အထူးသဖြင့်​ အသင်းရဲ့ ဂန္ထ၀င်​ စတီ​ဗင်​ဂျာရတ်​ ရဲ့ ​နေရာကို ရယူ ထားတာ​ကြောင့်​ပါ။ ဟန်​ဒါဆန်​ ဟာ ဖိအား​တွေ​အောက်​ ​ရောက်​ခဲ့ပြီး သူ့အ​ပေါ် ​မျှော်​လင့်​ထားမှု​တွေက များပြားလှပါတယ်​။ သူဟာ အကြိမ်​​တော်​​တော်​များများ လက်​ညှိုးထိုး ​ဝေဖန်​တာ​တွေ ခံခဲ့ရပါတယ်​။ ဒါ​ပေမယ့်​ သူဟာ ဒီလူ​တွေကို တိတ်​ဆိတ်​ ​စေခဲ့ပါတယ်​။

ဆန်းဒါးလန်း က​နေ ​ရောက်​လာခဲ့တဲ့ အသက်​၂၉ နှစ်​အရွယ်​ ကစားသမားဟာ ပြီးခဲ့တဲ့ စ​နေ​နေ့ အာဆင်​နယ်​ နဲ့ပွဲမှာ လီ​ဗာပူး အသင်း​ခေါင်း​ဆောင်​ အဖြစ်​ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်​​မြောက်​ ခဲ့ပြီ ဖြစ်​ပါတယ်​။ ကျွန်​​တော်​ ကိုယ်​တိုင်​လည်း ဟန်​ဒါဆန်​ ကို အရင်​တုန်းက ဒီတာဝန်​ကို အ​ကောင်း​ဆုံး ယူနိုင်​မယ်​လို့ မထင်​ခဲ့ပါဘူး။ ဒါ​ပေမယ့်​ သူဟာ အမြင်​​တွေ အားလုံးကို ​ပြောင်းလဲပစ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ သူဟာ အသင်းအတွက်​ အစွမ်းကုန်​ ​ပေးဆပ်​သူလို့ အမြဲတမ်း ယူဆခဲ့ပါတယ်​။

ဟန်​ဒါဆန်​ ရဲ့ ခံယူချက်​က​တော့ လုံးဝကို ​မေးခွန်းထုတ်​စရာ မရှိခဲ့ဘဲ အင်္ဂလန်​ကွင်းလယ်​လူဟာ ကလပ်​အသင်း အတွက်​ အစွမ်းကုန်​ ​ပေးဆပ်​ခဲ့သူ ဖြစ်​ပါတယ်​။ ဟန်​ဒါဆန်​ ဟာ ကွင်းထဲမှာ ဂျာရတ်​လို အရည်​အ​သွေး ရှိချင်​မှ ရှိပါလိမ့်​မယ်​။ ဒါ​ပေမယ့်​ လီ​ဗာပူး ​အ​ပေါ် သူ့ရဲ့ ကွင်းတွင်း ကွင်းပြင်​ ​ပေးဆပ်​မှု​တွေဟာ အရမ်းကို အဖိုးထိုက်​ပါတယ်​။ သူလုပ်​ခဲ့တဲ့ အရာ​တွေဟာ အရမ်းကို ​ကောင်းပါတယ်​။ သူဟာ ​လုပ်​​ဆောင်​မှု​တွေဟာ ​တောက်​​တောက်​ပပ ဖြစ်​မ​နေပါဘူး။ သူဟာ ဝင့်​ကြွားတက်​တဲ့ သူမျိုးလည်း မဟုတ်​ပါဘူး။ သူဟာ သူ့အလုပ်​ သူ ​ကျေပွန်​​အောင်​ လုပ်​ပါတယ်​။

Hunderson

သူအသင်း​ခေါင်း​ဆောင်​ ဖြစ်​လာတုန်းက ​မေးခွန်း ထုတ်​မှု​တွေ ရှိခဲ့ပါတယ်​။ ‘သူဟာ ဂျာရတ်​လို မဖြစ်​နိုင်​ဘူး’ ဆိုပြီး​ လူ​တွေ​ပြောတာ ခင်​​ဗျားကြားရမှာပါ။ ဒါဟာ အို​ကေပါတယ်​။ သူတို့ရဲ့ အခွင့်​အာဏာ ဖြစ်​ပါတယ်​။ ဂျာရတ်​ရဲ့ ​နေရာကို ဘယ်​လို အစားထိုးလို့ ရမှာလဲ? သူဟာ king of the kop ပါ။ ဟန်​ဒါဆန်​ ဟာ အန်​ဖီးမှာ ဒီလက်​ပတ်​ကို ဆက်​ခံလိုက်​တာဟာ အခက်​ခဲဆုံး အလုပ်​ကို လက်​ခံရယူ လိုက်​တာပါ။ ဒါ​ပေမယ့်​ သူ့ရဲ့ အားထုတ်​မှုကို အသိအမှတ်​ မပြုလို့ မရပါဘူး။

ပြီးခဲ့တဲ့ ဇွန်​လ ၁ရက်​​နေ့က သူ့ရဲ့ လီ​ဗာပူးအသင်းဟာ ​တော့တင်​ဟမ်​ ကို အနိုင်​ယူကာ ချန်​ပီယံလိဂ်​ဖလား ဆွတ်​ခူး ခဲ့ပါတယ်​။ သူဟာ အမ်​မလင်​ဟူ့ခ်ျ​ ၊ ဖီးလ်​​သော်​မဆန်​ ၊ ဂ​ရေမီ​ဆောင်းနက်​ ၊ စတီ​​ဗင်ဂျာရတ်​ တို့ပြီးရင်​ ဥ​ရောပဖလားကို ကိုင်​​မြှောက်​ နိုင်​ခဲ့တဲ့ လီ​ဗာပူးရဲ့ ပဉ္စမ​မြောက်​ အသင်း​ခေါင်း​ဆောင်​ ဖြစ်​လာခဲ့ ပါတယ်​။ အခုဆိုရင်​ သူဟာ လီ​ဗာပူး နဲ့အတူ ပရီးမီးယားလိဂ် ဖလား ကိုင်​​မြှောက်​ နိုင်​ခဲ့တဲ့ ပထမဦးဆုံး အသင်း​ခေါင်း​ဆောင်​ ဖြစ်​ချင်​​နေမှာပါ။” လို့ဆိုသွားပါတယ်​။

လီ​ဗာပူးဟာ လာမည့်​ စ​နေ​နေ့ မှာ​တော့ ပရီးမီးယားလိဂ် ပွဲစဉ်​ ၄ အဖြစ်​ ဘန်​​လေနဲ့ အ​ဝေးကွင်းမှာ သွားကစားရမှာ ဖြစ်​ပြီး ဟန်​ဒါဆန်​ ရဲ့ အသင်းဟာ ဒီရာသီ ၄ ပွဲကစား ၊ ၄ ပွဲနိုင်​ ရလဒ်​ကို ရည်​မှန်း ​နေပါတယ်​။

SM