ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ စပါး အသင်းကို ရှုံးနိမ့်အပြီးမှာတော့ မန်စီးတီး ဟာ ပြိုင်ပွဲပေါင်းစုံ (ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၊ ကွန်မြူနတီ ဒိုင်းလုပွဲ ၊ စပါး နဲ့ ပွဲ) 3 ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့သလို ၊ 3 ပွဲ စလုံးမှာလဲ သွင်းဂိုး လုံး၀ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် လီဗာပူး ဂန္တဝင် ကစားသမားဟောင်း ဂရေမီ ဆောင်းနက် က မန်စီးတီး အနေနဲ့ လက်ကျန် အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်မှုး တယောက် မဖြစ်မနေ ခေါ်ယူသင့်နေပြီလို့ တိုက်တွန်းလိုက်ပြီး ၊ အဲဒီလိုသာ လုပ်ဆောင်နိုင်ခြင်း မရှိဘူး ဆိုရင် ဒီရာသီကို အကောင်းဆုံး ဖြတ်သန်းပြနိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ သုံးသပ် လိုက်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

“ စီးတီး အနေနဲ့ ဂိုးတွေ ဒိုင်ခံ သွင်းယူပေးမယ့် တိုက်စစ်မှုး တယောက်တော့ လိုနေပါပြီ။ မနှစ် က ဘောလုံးရာသီမှာ ဆိုရင်လဲ သူတို့ အသင်းရဲ့ သွင်းဂိုး အများကြီး ကစားသမား က ဂွန်ဒိုဂန် ဖြစ်ခဲ့တာပါ။

ဒီပြသနာ ကို ဖြေရှင်းဖို့က အများကြီး ခေါင်းရှုပ်ခံ စဉ်းစားနေစရာ မလိုပါဘူး။ သူတို့ ဟာ ဟယ်ရီ ကိန်း ကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု ထပ်ပြီး မလုပ်သေးဘူး ဆိုရင် ၊ အောင်မြင်တဲ့ ဘောလုံးရာသီ တခု ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ လက်ရှိ သူတို့ ကစားပုံမှာ တိုက်စစ်မှုးကောင်း တယောက်တော့ မဖြစ်မနေ လိုနေပါပြီ။

ဒီနေ့လို ခေတ်အခါမျိုးမှာ ဘောလုံးသမားတွေ ဘက်မှာလဲ ဆုံးဖြတ်ပိုင်ခွင့်တွေ အပြည့်ရှိတယ် ဆိုတာ လက်ခံပေးကြရတော့မှာပါ။ ကိန်း ဟာ လက်ရှိ စပါး နဲ့ သုံးနှစ်ကျန်သေးတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အသင်းပြောင်းခွင့်ရချင်နေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ ဒါကြောင့် အဆုံးသတ် ထွက်ပေါ်လာမယ့် ရလာဒ်ကို ဘယ်သူမှ ရှောင်လွှဲလို့ ရမယ် မထင်ဘူးဗျာ။ ကျနော် ကတော့ သူဟာ မန်စီးတီး ဆီ ပြောင်းရွှေ့ ကစားလိမ့်မယ် ထင်ပါတယ် ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

မန်စီးတီး ဟာ ဟယ်ရီ ကိန်း ကို ခေါ်ယူဖို့ အတွက် ပေါင် သန်း 100 နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ သို့သော် ကစားသမား ကိုယ်တိုင်က အသင်းပြောင်းခွင့်ရဖို့ တွန်းအားတွေ ပေးနေဆဲလို့ နားလည်ရပါတယ်။

နည်းပြ နူနို ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ဟယ်ရီ ကိန်း ပါဝင်နိုင်ခြင်း မရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြထားပါတယ်။

“ ကိန်း ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ထဲက တယောက် ဖြစ်ပါတယ်။ သူဟာ အသင်းကို ကူညီပေးနိုင်ဖို့ အဆင်သင့် ဖြစ်အောင် ကြိုးစားနေတာပါ။ မနေ့က ဆိုရင် လေ့ကျင့်ခန်း အစီအစဉ်တွေကို သူ့ အစီအစဉ် နဲ့သူ လုပ်ဆောင်နေခဲ့ပါတယ်။ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာ ပိုပြီး ကောင်းမွန်လာတာ နဲ့ အသင်းဖော်တွေ နဲ့ လာရောက်ပူးပေါင်းသွားမှာပါ” လို့ ပဲ ပြောဆိုသွားခဲ့ ပါတယ်။

သူ့ရဲ့ ပြောစကားတွေ ထဲမှာ ကိန်း ရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ လုံး၀ ပါဝင်ခဲ့ခြင်း မရှိသလို ၊ အဲဒီ မြှားဦး နဲ့ လွတ်အောင်လဲ ပြောဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။

Sky Sports ရဲ့ နောက်ထပ် အစီအစဉ် တင်ဆက်သူ တယောက် ဖြစ်တဲ့ ဂယ်ရီ နဗီးလ် ကတော့ အင်္ဂလန် နဲ့ အတူ Euro 2020 ပြိုင်ပွဲ ဆင်နွှဲခဲ့ကြတဲ့ အခြား ကစားဖော်တွေတောင် အရံလူစာရင်းတွေမှာ ပါဝင်နေကြပြီ ဖြစ်လို့ ၊ ဟယ်ရီ ကိန်း က ကြံ့ခိုင်မှု မပြည့်ဝသေးဘူး ဆိုတဲ့ အကြောင်းအရင်းက လုံး၀ မဖြစ်နိုင်ဘူးလို့ သုံးသပ်လိုက်ပြီး ၊ နောက်ကွယ်မှာ အပြောင်းအရွှေ့ ကိစ္စတွေ ဆွေးနွေးနေတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆ သွားခဲ့ ပါတယ်။

“ ကျနော် ဖတ်လိုက်ရတဲ့ သတင်း တစ်ပုဒ်မှာ ကိန်း ကိုယ်တိုင်က မန်စီးတီး ပွဲကို ပါဝင် ကစားပေးဖို့ ဆန္ဒမရှိလို့ ချန်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Euro 2020 ပြိုင်ပွဲ ဆင်နွှဲခဲ့တဲ့ အခြား အင်္ဂလန် ကစားသမားတွေတောင် အရံစာရင်းမှာပဲ ဖြစ်ဖြစ် ၊ လူစားလဲ ဝင်ကစားတာပဲ ဖြစ်ဖြစ် ကစားပေးနေကြပြီလေ။

တကယ်လို့သာ ကိန်း မှာ လက်ရှိ အပြောင်းအရွှေ့ ကိစ္စတွေ ပေါ်ထွက်လာခြင်း မရှိခဲ့ဘူး ဆိုရင် ၊ သူဟာ ဒီနေ့ပွဲမျိုးမှာ သေချာပေါက် ပါဝင် ကစားပေးမယ် ဆိုတာ သံသယ ဖြစ်နေစရာ မလိုပါဘူး။

ကျနော် ကတော့ သူဟာ စပါး နဲ့ လမ်းခွဲဖို့ သေချာသွားပြီ ထင်ပါတယ်။ ကစားသမား စာရင်းမှာ ပါဝင်ခြင်း မရှိသလို ၊ ပွဲကြည့်စင်မှာတောင် သူ့ရဲ့အရိပ်အယောင်ကို မြင်တွေ့ခဲ့ရတာမျိုးတွေ မရှိဘူးလေ။ စပါး ရဲ့ အရေးပါဆုံး ကစားသမား တယောက်က ရာသီအဖွင့် ပွဲစဉ် ကစားချိန်မှာ ပွဲကြည့်စင်ပေါ်တောင် မရှိဘူး ဆိုတော့ စဉ်းစားကြည့်ဖို့ ကောင်းနေပါပြီ။

ဒီတပတ် ကြားရက်တွေမှာ ပရီးမီးယားလိဂ် ပွဲ ကစားဖို့ မရှိတော့ ၊ အပြောင်းအရွှေ့ ကိစ္စရပ်တွေ အရှိန်မြင့်ပြီး လုပ်ဆောင်ကြမယ် ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။