ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တန်းတက် ဘရန့်ဖိုဒ့် အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ပြီးနောက် အာဆင်နယ် နည်းပြ အာတီတာ ကို ထုတ်ပယ်ဖို့ ပရိသတ်တွေ ပိုမို တောင်းဆိုလာကြပါတယ် ။ ဒါ့အပြင် ထုတ်ပယ် ခံရဖို့ ရေပန်းအစားဆုံး နည်းပြစာရင်းမှာလည်း အာတီတာ ဟာ ထိပ်ဆုံး ရောက်လာပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အာဆင်နယ် ပရိသတ်တွေကတော့ အာတီတာ နေရာမှာ ကွန်တီ နဲ့ အစားထိုးဖို့ ဆန္ဒ ရှိနေကြပါတယ် ။ တော့တင်ဟမ် ကစားသမားဟောင်း အိုဟားရား ကတော့ အာတီတာ ကို ထုတ်ပယ်ပြီးပါက ဘုန်းမောက် နည်းပြဟောင်း ဟိုဝီ နဲ့ အစားထိုးသင့်တယ်လို့ ဆိုပါတယ် ။

အိုဟားရား က TalkSport မှာ ” လက်ပစ်ဘော ကနေ ပစ်လိုက်တဲ့ ဘောလုံးက ကိုယ့်ရဲ့ခြောက်ကိုက်စည်းထဲ အထိ ရောက်အောင် သူတို့ ဘယ်လို ခံစစ် ကစားလိုက်ကြတာလဲဗျာ ၊ ဒါ လုံးဝ လက်ခံ နိုင်စရာ မရှိပါဘူး ၊ နောက်ခံလူ နဲ့ ဂိုးသမားကြားက ဆက်သွယ်မှုက အခုထက် ပိုကောင်းဖို့ လိုပါတယ် ။ ”

” ကျွန်တော် ပြောနေတာ အာဆင်နယ် အသင်း အကြောင်းပါ ၊ ထိပ်ဆုံးလေးသင်း ထဲ ဝင်ရောက်ချင်ပြီး ဆုဖလားတွေ ရယူချင်တဲ့ အာဆင်နယ် လို အသင်းကြီး တစ်သင်းက ဘရန့်ဖိုဒ့် အသင်း ကို ရှုံးနိမ့် သွားခဲ့တာပါ ။ ”

” ဒီလိုသာ ဆက်ကစားနေမယ်ဆိုရင် အာဆင်နယ်က ချန်ပီယံရှစ်ကို ဦးတည် နေပါပြီ ၊ ကျွန်တော် မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး စွမ်းဆောင်ရည်ပါပဲ ၊ အာဆင်နယ် က လက်ထောက်နည်းပြ တစ်ဦးကို နည်းပြ အဖြစ် ခန့်အပ် ခဲ့တာပါ ။ ”

” အက်ဒီဟိုဝီ ရှိနေတာကိုဗျာ ၊ အသင်းမှာက လူငယ်တွေ ရှိနေတယ် ၊ ဟိုဝီက လူငယ်တွေကို မြေတောင်မြှောက်ရာမှာ တကယ်တော်တဲ့သူပါ ၊ သူ့ကို ဘာကြောင့် နည်းပြ အဖြစ် မခန့်အပ်တာလဲ ။အနည်းဆုံးတော့ အသင်းကို လန်းဆန်းမှု အပြည့်နဲ့ တွေ့ရနိုင်ပါတယ် ၊ နောက်ပြီး သူက ပရီးမီးယားလိဂ်မှာ မှတ်ကျောက်တင်ပြီးသား နည်းပြ တစ်ဦးပါ ။ ”

ဆက်လက်ပြီး အိုဟားရား က အာဆင်နယ် က အပြောင်းအရွှေ့မပိတ်မှီမှာ ကစားသမား သုံးဦး အထိ ခေါ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ် ။ ” အာဆင်နယ် အနေနဲ့ ထရစ်ပီယာ ကို ခေါ်သင့်ပါတယ် ၊ သူတို့ တောင်းသလောက် ပေးပြီး ခေါ်ရမှာပါ ၊ သန်း ၃၀ ဆိုလည်း ပေးရမှာပါပဲ ။ ”

” ပီအက်စ်ဂျီ အသင်းက ကစားသမား အချို့ရောင်းထုတ်ဖို့ ရှိပါတယ် ၊ ဒါကြောင့် တိုက်စစ် အတွက် အီကာဒီ နဲ့ ကွင်းလယ် အတွက် ဟာရဲရား တို့ကို အရ ခေါ်သင့်ပါတယ် ၊ အခု အာဆင်နယ် က ဘရိုက်တန် အသင်းရဲ့ ဒုတိယ အကောင်းဆုံး ဗဟိုနောက်ခံလူကို ဈေးကြီးပေး ခေါ်လိုက်ရသလိုပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။