လီဗာပူး ဟာ သူတို့ ရဲ့ အသင်းခေါင်းဆောင်ကြီး ဟန်ဒါဆင် ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အခြေခံအားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လ အစောပိုင်းမှာက စာချုပ်သစ် ဆွေးနွေးမှုတွေ တိုးတက်လာခြင်း မရှိခဲ့ပြီး နောက်ပိုင်း ဟန်ဒါဆင် ဟာ လီဗာပူး မှာ အချိန်တွေ အကြာကြီး ဆက်ရှိဖို့ သေချာပါ့မလား ဆိုတဲ့ မေးခွန်းတွေ ဆက်တိုက် ပေါ်ထွက်လာခဲ့ ပါတယ်။ တချိန်တည်းမှာ သူ့ကို ခေါ်ယူဖို့ အေတီကို အသင်းက စိတ်ဝင်စားတဲ့ လက္ခဏာတွေ ပြသခဲ့သလို ၊ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို ကလဲ သူ့ခြေစွမ်းကို သဘောကျသူ ဖြစ်ကြောင်း သတင်းထောက်တွေ က အခိုင်အမာ ရေးသား ခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

လီဗာပူး ပရိသတ်တွေ အကြားမှာလဲ အဲဒီ သတင်းတွေကြောင့် အသင်းပိုင်ရှင် ဖြစ်သူ FSG ကို ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်လာခဲ့သလို ၊ ဝိုင်နယ်ဒမ် ကို ဆုံးရှုံးပြီး နောက်ပိုင်း ဟန်ဒါဆင် ကိုတော့ နောက်ထပ် ဆုံးရှုံးစရာ အကြောင်းမရှိဘူး ဆိုတဲ့ မှတ်ချက်မျိုးတွေ ထွက်ပေါ်လာခဲ့ ပါတယ်။

ကစားသမား ရဲ့ လက်ရှိ စာချုပ်ဟာ 2023 ခုနှစ် မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ဟန်ဒါဆင် ကိုယ်တိုင် နွေရာသီ အားလပ်ရက် ကနေ ပြန်လာခဲ့ပြီး နောက်ပိုင်း ဆွေးနွေးမှုတွေ ပြန်လည် စတင်ချိန်မှာတော့ တိုးတက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ကလပ် အသင်းဘက်ကလဲ စာချုပ် ဆိုင်ရာ အချက်အလက်တွေ ပြင်ဆင် တိုးမြင့်ပြီး 3 နှစ် စာချုပ် သက်တမ်း + နောက်ထပ် 1 နှစ် ထပ်မံ တိုးခွင့်နဲ့ ကမ်းလှမ်းပေးခဲ့ ပါတယ်။

နောက်ထပ် သက်တမ်းတိုးခွင့် 1 နှစ် အချက်အလက် ဟာ စာချုပ်သစ် ရဲ့ နောက်ဆုံး ဘောလုံးရာသီမှာ ပါဝင် ကစားပေးနိုင်တဲ့ ပွဲစဉ် အရေအတွက်ပေါ် မူတည်ပြီး ချုပ်ဆိုပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိတော့ မူကြမ်းအားဖြင့် သဘောတူညီမှုပဲ ရယူထားနိုင်သေးပေမယ့် ၊ ဆွေးနွေးမှုတွေဟာ အပြီးသတ် ချုပ်ဆိုမှုဆီ ကို ဦးတည်ကာ တိုးတက်လျှက်ရှိနေပါတယ်။

ဒါကြောင့်လဲ နည်းပြကြီး ယာဂန် ကလော့ပ် က “ စာချုပ်သစ် က အရေးကြီးတဲ့ ကိစ္စ တခုပါ။ ကျနော်တို့ ဘက်ကလဲ သေချာပေါက် ဖြေရှင်းသွားမှာပါ။ ဒါကို သံသယ ဖြစ်စရာ မလိုပါဘူး” လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

သတင်းတွေ အရတော့ အခုလို စာချုပ်သက်တမ်း တိုးနိုင်ဖို့ အတွက် ယာဂန် ကလော့ပ် ကိုယ်တိုင် အဓိက နေရာကနေ ကြားဝင်ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ နည်းပြကြီးဟာ ဟန်ဒါဆင် ရဲ့ စာချုပ်သစ် အဆင်မပြေတဲ့ ကိစ္စမျိုးကြောင့် အသင်းအပေါ် ရိုတ်ခတ်လာမယ့် ဂယက်တွေကို မလိုလားသလို ၊ မကြာသေးခင်ကမှ ဖြစ်ပျက်ထားတဲ့ ဝိုင်နယ်ဒမ် ရဲ့ လမ်းကြောင်း အတိုင်း ဖြစ်သွားမှာ စိုးရိမ်တဲ့ အတွက်လဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေတာ အချက်အလက်တွေ အရ လီဗာပူး ရဲ့ စွမ်းဆောင်ရည်တွေ ဟာ ဟန်ဒါဆင် ပါဝင် ကစားတဲ့ ပွဲဆိုရင် ရလာဒ် ပိုကောင်းလေ့ရှိပြီး ၊ သူ မကစားနိုင်တဲ့ ပွဲစဉ်တွေဟာ ရလာဒ်တွေ ယိမ်းယိုင်လေ့ရှိတာကြောင့် FSG ဘက်ကလဲ ကစားသမား ရဲ့ Leadership စွမ်းဆောင်ရည် အပေါ် ပိုပြီး အမှတ်ပေးထားကြပါတယ်။

မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်စ်တွန် ဗီလာ အသင်းနဲ့ တံခါပိတ် ခြေစမ်းပွဲ မှာ ဆိုရင် ဟန်ဒါဆင် ဟာ ကွင်းလယ်မှာ တီယာဂို နဲ့ တွဲဖက် ကစားရင်း ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ ပါတယ်။ အဲဒီ ပွဲမှာ အိမ်ရှင် လီဗာပူး က 4-1 ရလာဒ် နဲ့ အနိုင်ရရှိခဲ့ပြီး ၊ သွင်းဂိုးတွေ ကတော့ အိုရီဂီ ၊ နီကိုး ဝီလီယံ ၊ ကာတစ် ဂျုံး နဲ့ ကိုင်ဒီ ဂေါ်ဒွန် တို့က သွင်းယူပေးခဲ့ကြပါတယ်။