ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်တာမီလန် အသင်းကနေ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။ လူကာကူ ဟာ ကိုဗစ် စည်းမျဉ်းကြောင့် ကွာရန်တင်း ဝင်နေခဲ့ရပြီး ၊ ချဲလ်ဆီး အသင်းနဲ့ အခုအထိ မပူးပေါင်းရသေးပါဘူး ။

သို့ပေမယ့် ယနေ့မှာ လူကာကူ ဟာ ကွာရန်တင်း သတ်မှတ်ရက် ပြည့်မြောက်မှာ ဖြစ်တဲ့ အတွက် အနှေးနဲ့ အမြန် သောမတ်စ် တူချယ်နဲ့ ချဲလ်ဆီး အသင်းဖော်သစ်တွေဆီ လာရောက် ပူးပေါင်းနိုင်တော့မှာ ဖြစ်ပါတယ် ။ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ ပွဲဟာ လူကာကူ အတွက် ပထမဆုံး ပွဲလည်း ဖြစ်လာနိုင်ပါတယ် ။

အသက် ၂၈နှစ် အရွယ် လူကာကူဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း အင်တာမီလန် အသင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၉၅ပွဲ ကစားပေးခဲ့ကာ ၊ ၆၄ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒီ မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် ၊ လူကာကူ ခေါ်ယူဖို့ ချဲလ်ဆီးတို့ ဘယ်လောက်အထိ အပူတပြင်း လိုအပ်ခဲ့လဲ ဆိုတာ ဖော်ပြနေပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကတော့ အသင်းဖော်သစ် ဖြစ်လာတော့မယ့် လူကာကူရဲ့ အရည်အသွေးတွေ အပေါ် အခုလိုပဲ အကျယ်တဝင့် ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ချဲလ်ဆီး အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ပူလီဆစ် က ” ရိုမီလူ ဟာ တိုက်စစ်မှူးကောင်း တယောက်ပါ ။ သူဟာ ဂိုးပေါက်ရှေ့မှာ အမြဲတမ်း စွမ်းဆောင်ရည် ကောင်းသလို ၊ ဘောလုံး ထိန်းသိမ်းပုံလည်း သေသပ်ပြီး ၊ ကြီးကျယ်တဲ့ ဂိုးသွင်းရှင် တဦး ဖြစ်ပါတယ် ။ ”

” ဒီတော့ ကျွန်တော် သူနဲ့ အတူ တွဲကစားခွင့် ရဖို့ စိတ်လှုပ်ရှားနေပါတယ် ။ ရှေ့ဆက် အခိုက်အတန့်တွေဟာ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာမှာပါ ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ စုဖွဲ့မှုနဲ့ ကြီးမားတဲ့ ကစားသမား အင်အား ရှိနေပါတယ် ။ ဒါဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အသင်း တသင်း အသွင် ဆောင်နေပါတယ် ။ ”

” ကစားသမားကောင်း အစုအဖွဲ့ ရှိခြင်းဟာ ဘယ်တုန်းကမှ ဆိုးရွားတဲ့ အရာ မဟုတ်ပါဘူး ။ ဒီတော့ ဒီနှစ် ဘောလုံးရာသီရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ခရစ်စတယ် ပဲလေ့စ် အသင်းကို ၃ – ၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး အတွက် ဂိုးတွေကို ပူလီဆစ် အပါအဝင် နောက်ခံလူ ၂ဦး ဖြစ်တဲ့ မားကို့စ် အလွန်ဆိုနဲ့ ထရက်ဗာ ချာလိုဘာ တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ် ။ အခုလို အဖွင့်ပွဲမှာ ဂိုးပြတ်နိုင်ခဲ့ခြင်းက ရာသီသစ် ခရီးရှည် အတွက် ဘယ်လောက်အထိ အရေးပါသလဲ ဆိုတာ ပူလီဆစ် က အခုလိုပဲ ဖွင့်ဟခဲ့ပြန်ပါတယ် ။

ပူလီဆစ် က ” အဖွင့်လှခဲ့ခြင်းဟာ အလွန့်အလွန် အရေးပါခဲ့ပါတယ် ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ကြားရက်က ခက်ခဲတဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲကို ကစားခဲ့ကြရပါတယ် ။ ဒီတော့ အဲ့ဒီကနေ အားအင် ပြန်ပြည့်အောင် တည်ဆောက်ရင်း ၊ ပဲလေ့စ်နဲ့ ပွဲမှာ ပြင်းထန်တဲ့ စိတ်ဓာတ် အပြည့်နဲ့ ကစားနိုင်ဖို့ကို ပြင်ဆင်ခဲ့ကြပါတယ် ။ ”

” ပွဲစကတည်းက ကျွန်တော်တို့ဟာ ရာသီသစ် အတွက် အသင့် ဖြစ်နေကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။ ပွဲအခြေအနေ က ကိုယ်ထင်ထားသလို ဖြစ်လာတဲ့ အတွက်လည်း ဝမ်းသာ ပျော်ရွှင်ရပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း နောက်ဆုံး ၂ပွဲမှာ ကစားခွင့် မိနစ်တွေ ရရှိခဲ့ပါတယ် ။ ”

” ဒီရလဒ်ကောင်း ၂ခုနဲ့ ပရီးမီးယားလိဂ် အဖွင့်မှာ Clean Sheet စွမ်းဆောင်နိုင်ခဲ့ခြင်း ဟာ တကယ်ပဲ အရေးပါလှပါတယ် ။ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ဟာ ကျွန်တော်တို့ ပစ်မှတ်ထားနေတဲ့ အရာ ဖြစ်တယ် ဆိုတာ မှန်ပေမယ့် ၊ အခုမှ အဖွင့်ပွဲပဲ ရှိပါသေးတယ် ။ ကျွန်တော်တို့ဟာ တပွဲပြီး တပွဲ အနိုင် ကစားဖို့သာ ကြိုးစားသွားမှာပါ ။ ”

” အသင်း အတွက် ဂိုးသွင်းပေးနိုင်ခြင်းဟာ အမြဲတမ်း ကျွန်တော့ကို ပျော်ရွှင်စေပါတယ် ။ ဒါပေမယ့် အသင်း နိုင်ပွဲရလို့ ကျွန်တော် ပိုပျော်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။