ရီးရဲ မက်ဒရစ် ရဲ့ ကိုင်လီယံ အမ်ဘာပေ ကို ခေါ်ယူဖို့ ကြိုးစားမှုဟာ ယခု အပတ် ထဲမှာ အလုပ်အများဆုံး ဖြစ်လာဖွယ် ရှိနေပါတယ် ။ ဘာပေ ဟာ PSG တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံဖို့ တောင်းဆို ထားပြီး အနာဂါတ် အတွက် ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။ ဘာပေ ဟာ ၂၀၂၂ ဇွန်လ မှာ သက်တမ်းကုန်မယ့် စာချုပ်ကို သက်တမ်းတိုးဖို့ မဆုံးဖြတ်ရ သေးသူလည်း ဖြစ်ပါတယ် ။

Paris Saint-Germain’s French forward Kylian Mbappe reacts at the end of the UEFA Champions League round of 16 second-leg football match between Paris Saint-Germain (PSG) and Manchester United at the Parc des Princes stadium in Paris on March 6, 2019. (Photo by FRANCK FIFE / AFP)

 

ဒီလို ကြန့်ကြာမှုတွေကြောင့် PSG တိုက်စစ်မှူးလေး ဟာ စနေနေ့က ကစားခဲ့တဲ့ လီဂူး ပွဲစဉ်မှာ PSG ပရိသတ်တွေ ရဲ့ လှောင်ပြောင်မှု ကို ခံခဲ့ရတယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် ဘာပေ ဟာ တနင်္ဂနွေနေ့ မှာ ပြုလုပ် ခဲ့တဲ့ အန်ဒါဟာရဲရား ရဲ့ မွေးနေ့ ပွဲကိုလည်း မတက်ရောက် ခဲ့ပါဘူး ။

 

မန်ချက်စတာ စီးတီး ကွင်းလယ်လူ အီကေး ဂန်ဒိုအန် ဟာ ပုခုံး ဒဏ်ရာ နဲ့ ပတ်သက်ပြီး စစ်ဆေးမှု ပြုလုပ် သွားမှာ ဖြစ်ကြောင်း နည်းပြ ပက် ဂွာဒီယိုလာ က အတည်ပြု သွားခဲ့ ပါတယ် ။

 

အာဆင်နယ် နောက်ခံလူ ဟတ်တာ ဘယ်လာရင် ကတော့ အသင်းရဲ့ အနေအထား အပေါ် အားရ ကျေနပ်မှု နည်းပါး လာတာကြောင့် ဒီနှစ် အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်း ပြောင်းရွှေ့နိုင်ဖို့ စိတ်ကူး နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင် ကတော့ အသင်းနဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုတော့မယ် လို့ သိရ ပါတယ် ။ လီဗာပူး ဟာ ဒီနှစ် နွေရာသီမှာ အဓိက ကစားသမား အများအပြားကို စာချုပ် သက်တမ်းတိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ် ။

 

ဘာစီလိုနာ အသင်းရဲ့ စီနီယာ ကစားသမားကြီး ဂျရတ် ပီကေး ရဲ့ လုပ်ခ လစာ လျော့ယူမှု အပြီး မှာတော နောက်ထပ် စီနီယာတွေ ဖြစ်တဲ့ ဆာဂျီ ရောဘတ်တို ၊ ဂျော်ဒီ အယ်ဘာ နဲ့ ဘက်စကွက် တို့ဟာလည်း လုပ်ခ လစာတွေ လျော့ယူဖို့ သဘောတူညီ ခဲ့ကြပြီလို့ သတင်း ရရှိသလို အခြား အသင်းသားတွေ ဆီကလည်း လုပ်ခ လျော့ယူဖို့ ရှိနေသေးတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ နည်းပြကြီး ရော်နယ် ကိုးမန်း ကတော့ ယမန်နေ့ ညက လာလီဂါ ပွဲစဉ် မှာ အသင်းအတွက် ၂ ဂိုး သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူး မာတင် ဘရိသ်ဝိတ် ကို ချီးကျုး ခဲ့ပြီး ဒိန်းမတ် ရှေ့တန်းလူဟာ အသင်းဖော်တွေ အတွက် ဥပမာကောင်း တခု ဖြစ်လာလိမ့်မယ်လို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

 

အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ အသင်း နဲ့ ၂၀၂၅ ခုနှစ် အထိ သက်တမ်းတိုးဖို့ သဘောတူညီ သွားခဲ့ပြီ လို့ သိရ ပါတယ် ။ ရှာကာ ဟာ စာချုပ်သစ် ချုပ်ဆိုပြီး ပါက လုပ်ခ လစာလည်း တိုးမြှင့် ရရှိမယ် လို့ သိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ကလည်း ဂိုးသမား သီဘောက် ကော့တွိုက် ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

 

PSG အသင်းဟာ မက်ဆီ ရောက်ရှိ လာမှု ကို အသုံးချပြီး ယခု ရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေပြီး တပတ်ကို ပေါင် ၅ သိန်း ပေးချေ သွားဖို့ လည်း စဉ်းစား ထားတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ အီတလီ နောက်ခံလူ အီမာဆင် ပယ်လ်မာရီ ကို စီးရီးအေ ကလပ် နာပိုလီ ထံ အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ စေလွှတ်သွားဖို့ ရှိနေတယ်လို့ သတင်း ရရှိ ပါတယ် ။

 

ယူဗင်တပ် အသင်းဟာ ဆာဆူအိုလို ကွင်းလယ်လူ လိုကာတယ်လီ အတွက် နောက်ဆုံး အကြိမ် ကမ်းလှမ်းမှု အဖြစ် ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်း လိုက်တယ်လို့ သိရ ပါတယ် ။ အကယ်၍ ဆာဆူအိုလို က လက်မခံ ပါက ထပ်မံ မကြိုးစားတော့ဘဲ ရမ်ဆေး ကိုသာ ကွင်းလယ်ခံစစ်မှာ ဆင်းကစားခိုင်းမယ်လို့ သိရ ပါတယ် ။

 

ရှက်ဖီး ယူနိုက်တက် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် လူငယ်လေး အာမက် ဒီရယ်လို ကို အငှား ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့လည်း သိရှိရ ပါတယ် ။ ယူနိုက်တက် လူငယ် နောက်တန်း ကစားသမားလေး Ethan Laird ကတော့ ဆွမ်းဆိ အသင်းထံ အငှားထွက်ခွာ သွားတယ်လို့ သိရ ပါတယ် ။

 

စူပါလိဂ် ကိစ္စ အတွက် ဥရောပ ကလပ် အဖွဲ့ ကနေ နှုတ်ထွက် ခဲ့ကြတဲ့ ကလပ် အသင်းတွေ ထဲက ၉ သင်း ဟာ ဒီကနေ့ မှာ အဖွဲ့ထံ ပြန်လည် စာရင်းသွင်း ခဲ့ကြတယ်လို့ သိရ ပါတယ် ။ အဲ့ဒိ အသင်းတွေ ကတော့ အေစီမီလန် ၊ အာဆင်နယ် ၊ ချဲလ်ဆီး ၊ အက်သလက်တီကို မက်ဒရစ် ၊ အင်တာမီလန် ၊ လီဗာပူး ၊ မန်စီးတီး ၊ မန်ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ဖြစ်တယ်လို့ သိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ နဲ့ ယူဗင်တပ် တို့ကတော့ ဥရောပ ကလပ် အဖွဲ့ထံ စာရင်းပြန်သွင်းခြင်း မရှိသေးဘဲ စူပါလိဂ် ရှေ့ဆက်ရေး ကိုသာ အာရုံစိုက် လုပ်ဆောင် နေကြတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR