Mason mouth

ချယ်လ်ဆီး အသင်း ဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ ပိုင်ဆိုင် ခဲ့ပြီးတဲ့နောက် မှာ လူငယ် အကယ်ဒမီ ထွက် ကစားသမား တွေကို တော်ရုံ နဲ့ နေရာ မပေးခဲ့တာကို တွေ့ခဲ့ ရပြီး ယခုနှစ် ဘောလုံး ရာသီ မှာတော့ ထို အခြင်းအရာ တွေနဲ့ ပြောင်းပြန် ဖြစ်နေတဲ့ အနေအထား ကို ရောက်ရှိ နေပါတယ် ။ ယခု နှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရတာကြောင့် အကယ်ဒမီ မှ ကစားသမား တချို့ ကို မဖြစ်မနေ အသုံးပြု နေရပါတယ် ။

နှစ်တိုင်း နီးပါးမှာ ချယ်လ်ဆီး အကယ်ဒမီ က လူငယ် ခြေတက် တွေဟာ အကယ်ဒမီ မှာ အကောင်းဆုံး ခြေစွမ်း ပြနိုင်ခဲ့ပေမယ့် စီနီယာ အသင်း ကို တိုးမပေါက်ပဲ ရှိနေရပါတယ် ။ ထို့ အတွက်ကြောင့် ၄င်းတို့ အားလုံး ဟာ အင်္ဂလန် ပြည်တွင်း နဲ့ ဥရောပ တလွှား က ကလပ် တွေမှာ အငှား ကစားခြင်းနဲ့ အချိန် ကုန်ဆုံး ခဲ့ရသလို သူတို့ရဲ့ ကစားသမား ဘဝ လည်း ပျက်စီး ခဲ့ရပါတယ် ။

ဒီနှစ် ရာသီ မှာတော့ လူငယ် စီမံကိန်း က ပေါ်ပေါက် လာတဲ့ ကစားသမား တွေ အတော် နေရာ ရလာခဲ့သလို သူတို့ အတွက် စီနီယာ အသင်း မှာ ပွဲထွက်ခွင့် ရနိုင်ဖို့ အခွင့်အရေး ပိုများ လာခဲ့ပါတယ် ။ အထူးသဖြင့် ဖရန့် လမ်းပတ် လို ကလပ် အသင်း ဂန္တဝင်လည်း ဖြစ် ၊ လူငယ် တွေကို ဖောဖောသီသီ နေရာ ပေးတတ်တဲ့ မန်နေဂျာ တဦး ကြောင့် ဒီ လူငယ် တွေ ဆက်လက် တိုးတက် လာဖို့ ရှိနေပါတယ် ။

လက်ရှိ မှာ အသင်း ရဲ့ တိုက်စစ် ဟာ နှစ်ပေါင်း ၂၀ အတွင်း အသက်အငယ်ဆုံး တိုက်စစ် တွဲလုံး အဖြစ် ရပ်တည် နေပြီး တမ်မီ အေဘရာဟမ် ၊ ပူလီဆစ် ၊ မေဆင်မောင့် အစရှိတဲ့ လူငယ် တွေဟာ ချယ်လ်ဆီး အသင်း ရဲ့ အဓိက ကစားသမား တွေ အဖြစ် မကြာခင် မှာ ရပ်တည် နိုင်တော့မှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အပတ် က နောဝှစ်ခ်ျ နဲ့ ပွဲကို အနိုင် ရခဲ့တာဟာလည်း ဒီ လူငယ် ခြေတက် တွေရဲ့ အထူး ခြေစွမ်းပြမှု ကြောင့် ဆိုရင် မမှားနိုင်ပါဘူး ။

လမ်းပတ် အတွက် ဒီ လူငယ် တွေကို ပြုစု ပျိုးထောင်ဖို့ အချိန် ရနိုင်ပေမယ့် အောင်မြင်မှု တွေကို မစွမ်းဆောင် ပေးနိုင်ရင်တော့ သူ့ရဲ့ နည်းပြ ရာထူး ဟာလည်း ရေရှည်မှာ တည်မြဲ နိုင်ဖို့ မရှိပါဘူး ။ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူဟောင်း ခရိတ် ဘာလီ ကတော့ ချယ်လ်ဆီး ပရိသတ် တွေ အနေနဲ့ လတ်တလော မှာ ခြေစွမ်း ပြနေတဲ့ လူငယ် အစုအဖွဲ့ အပေါ် အများကြီး လည်း မျှော်လင့် မနေသင့်သလို ၊ ရင်ခုန် စိတ်လှုပ်ရှား နေဖို့လည်း မလိုသေးကြောင်း သတိပေး ပြောဆို ခဲ့ပါတယ် ။

ESPN ရုပ်သံ အစီအစဉ် မှာ ဘာလီ က ” ကျွန်တော် ကတော့ အခုအချိန် မှာ ဒီ အစုအဖွဲ့ နဲ့ ပတ်သက်ပြီး ကျေနပ် အားရဖို့ ဆိုတာ စောလွန်း သေးတယ် လို့ ထင်ပါတယ် ။ အလွန်အမင်း စိတ်လှုပ်ရှားကောင်း နေပြီ လို့လည်း မယူဆမိပါဘူး ။ မေဆင်မောင့် ဟာ တကယ် တော်တဲ့ စွမ်းဆောင်ရည် တွေကို ပြသ ထားနိုင်ခဲ့သလို တမ်မီ အေဘရာဟမ် ဟာလည်း နောက်ဆုံး ပွဲမှာ သွင်းဂိုး ၂ဂိုး ရခဲ့ပါပြီ ။ ”

” တခုတော့ ရှိပါတယ် ။ အေဘရာဟမ် ဂိုးသွင်း ခဲ့တဲ့ အသင်း ဟာ မနှစ် က ချန်ပီယံရှစ် မှာ ကျင်လည် ခဲ့ဖူးတဲ့ အသင်းပါ ။ အေဘရာဟမ် ဟာလည်း မနှစ်က ချန်ပီယံရှစ် မှာ ကစား ခဲ့တာ ဖြစ်လို့ ဒီ အသင်း ကို ဂိုးသွင်း နိုင်တာ ပုံမှန် ဖြစ်စဉ် လို့ ပြောရပါမယ် ။ ခင်ဗျား ဟာ ပိုကောင်းတဲ့ အသင်း အတွက် ကစား ပေးနေပြီ ဆိုရင် ဒီထက် သာလွန် ကောင်းမွန် တဲ့ ကစားသမား ဖြစ်လာဖို့ လေ့ကျင့် ရပါမယ် ။ ”

” ဒါဟာ ကြီးမားတဲ့ ကွာခြားချက်ပါ ။ အခု အချိန် မှာ ဒီ လူငယ် အစုအဖွဲ့ ကို ချယ်လ်ဆီး ပရိသတ် တွေ အနေနဲ့ ယုံကြည်မှု ပုံအောပေးဖို့ စောသေးတယ် လို့ ထင်မိပါတယ် ။ ” လို့ သုံးသပ် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ လာမယ့် စနေနေ့ မှာ နောက်ထပ် တန်းတက် ကလပ် တသင်း ဖြစ်တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး အေဘရာဟမ် ၊ မောင့် တို့ ဘာတွေ ထပ်ပြီး စွမ်းဆောင် ပေးဦးမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR