လီဗာပူး ဟာ လူငယ် ကွင်းလယ် ကစားသမားလေး လေတန် ကလာ့ခ်ဆွန် က ချန်ပီယံရှစ် ကလပ် ဘလက်ဘန်း အသင်းထံ တရာသီ အငှားစာချုပ် နဲ့ အငှားချလိုက်ပြီ ဖြစ်ပါတယ်။

အသက် 19 နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ချာတိတ်ဟာ ဘလက်ဘန်း ကို အားပေးသူ ဖြစ်ပြီး ၊ မနှစ်က ဘောလုံးရာသီ တလျှောက်လုံး ကလော့ပ် ရဲ့ စီနီယာ အသင်းနဲ့ အတူ ပူးတွဲ နေထိုင် ဖြတ်သန်းရင်း စီနီယာကြီးတွေ ဆီကနေ လေ့လာသင်ယူခွင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် မစ်ဂျေလန်း နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင် ပထမဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်တောင် ရရှိခဲ့သူပါ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒီနှစ် ဘောလုံးရာသီ မစတင်မီ မှာတော့ သူ့အတွက် ပိုပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေ ပေါ်ပေါက်လာဖို့ အငှားထွက် ကစားတာဟာ ပိုပြီး သင့်တော်လိမ့်မယ်လို့ ကလပ်အသင်းဘက်က ယူဆတာကြောင့် အခုလို စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

ဘလက်ဘန်း နည်းပြ အဖွဲ့ဝင်တွေ နဲ့ လက်ရှိ လီဗာပူး တာဝန်ရှိသူတွေ အကြားမှာလဲ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးတွေ ရှိနေပြီး ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတောင် အယ်လီယော့ ကို အငှားနဲ့ စေလွှတ်ပေးခဲ့ဖူးပါတယ်။

အလီယော့ ဟာ ဘလက်ဘန်း နဲ့ အတူ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကို ကောင်းကောင်း အသုံးချကာ ၊ ဒီနှစ် ရာသီမှာတော့ စီနီယာ အသင်းကြီး ကစားခွင့်တောင် မကြာခဏ ရရှိဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကလာ့ခ်ဆွန် အနေနဲ့လဲ အယ်လီယော့ လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအတိုင်း လျှောက်လှမ်းပြနိုင်မလား ဆိုတာ စောင့်ကြည့်သွားရမှာပါ။

…………….

လီဗာပူး အသင်းရဲ့ နောက်ထပ် ကစားသမား တယောက် ဖြစ်တဲ့ ခံစစ်မှုး ဘန် ဒေးဗီး ဟာ ရှဖီး ယူနိုက်တက် အသင်းဆီ ကို တရာသီ အငှားနဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ အပြောင်းအရွှေ့ဟာ သီးသန့် အငှားပုံစံမျိုးသာ ဖြစ်ပြီး ၊ အပြီးသတ် ခေါ်ယူနိုင်ခွင့် သဘောတူညီမှုမျိုး ထည့်သွင်းထားခြင်း မရှိပါဘူး။ လီဗာပူး ဘက်က အငှားချခ အဖြစ် ပေါင် 500000 ရရှိမှာ ဖြစ်ကာ ၊ ရှက်ဖီး ယူနိုက်တက် သာ ပရီးမီးယားလိဂ် ဆီ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါက နောက်ထပ် ပေါင် 500000 ထပ်မံ ရရှိသွားမှာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကမှ ပရက်စတန် နော့အန်း အသင်းကနေ ကနဦး ပြောင်းရွှေ့ကြေး ပေါင် 500000 နဲ့ လီဗာပူး ကို ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ်။ လီဗာပူး ဘက်က သူ့ရဲ့ စွမ်းဆောင်မှု ပိုင်း အပေါ် မတူတည်ကာ ပေါင် 1.6 သန်း အထိ ဆက်လက် ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။

သို့သော် ကစားသမား ဟာ နည်းပြ ယာဂန် ကလော့ပ် ရဲ့ ရှုပ်ထွေးလှတဲ့ နည်းစနစ်ပိုင်း ဆိုင်ရာမှာ အံဝင်ခြင်း မရှိသေးတာကြောင့် ၊ အခုချိန်ထိ အသင်းအတွက် တရားဝင် ပွဲစဉ် တပွဲမှာ ပါဝင် ကစားပေးခွင့် မရသေးပဲ ခြေစမ်းပွဲစဉ် 2 ပွဲမှာသာ ကစားခွင့် ရရှိထားပါတယ်။

တချိန်တည်းမှာ ဒဏ်ရာရ ခံစစ်မှုးတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ ဂိုးမက်ဇ် ၊ မာတစ် တို့ကလဲ ဒဏ်ရာ ပြသနာ တွေကနေ အသီးသီး ကောင်းမွန်လာပြီ ဖြစ်တာကြောင့် ၊ သူ့အတွက် ကစားခွင့် ရရှိနိုင်မယ့် ကလပ်အသင်း တခုဆီကို အငှားချလိုက်တာ ဖြစ်ပါတယ်။

ဘန် ဒေးဗီး ရဲ့ အပြောင်းအရွှေ့ဟာ နက် ဖီးလစ် ရဲ့ အနာဂတ် အပေါ် သက်ရောက်မှု တစုံတရာ ရှိမှာ မဟုတ်ပါဘူး။ လီဗာပူးဟာ ဘောလ်တန် ကစားသမားဟောင်း အတွက် ကမ်းလှမ်းမှုတွေ ကို တံခါးဖွင့် ကြိုဆိုထားဆဲ ဖြစ်ပြီး ၊ ပြောင်းရွှေ့ကြေး ကို ပေါင် 12 – 15 သန်း အကြား ရရှိဖို့ မျှော်လင့်ထားပါတယ်။