မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားဟောင်း ဖြစ်သူ မာ့ခ် ဘော့စ်နစ်ချ် က လိဒ်စ် ယူနိုက်တက်နဲ့ ရာသီ အဖွင့်ပွဲစဥ်မှ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားလိုက်ပြီး သူ့ကို ဘယ်လို အသုံးပြုရမလဲဆိုတာ ပြောပြခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲစဥ် အဖြစ် အိုးလ် ထရပ််ဖို့ဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 5 – 1 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူသွားနိုင်ခဲ့ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အဆိုပါ ပွဲစဥ်မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က အသင်း အတွက် 3 ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့သလို ဘယ် တောင်ပံ တိုက်စစ် နေရာမှာ ကစားခဲ့ရတဲ့ နောက်ထပ် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က 4 ဂိုး အထိ ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပရိသတ်တွေဟာ ပေါ့ဂ်ဘာဆီက အခုလို စွမ်းဆောင်ရည်တွေသာ ရနိုင်မယ်ဆိုရင် အသင်းဟာ အမှတ််ပေး ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ကြပါတယ် ။ အခုတော့ ယူနိုက်တက် ဂိုးသမားဟောင်း ဘော့စ်နစ်ချ် က ပေါ့ဂ်ဘာကို မှန်ကန်တဲ့ နေရာ တစ်ခုမှာ ထားပြီး သုံးသင့်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘယ်လိုစွမ်းဆောင်ရည်တွေ ပြထားခဲ့သလဲဆိုတာကို သိခဲ့ရတဲ့ လိဒ်စ် ယူနိုက်တက်လို အသင်းမျိုးနဲ့ ရာသီ အဖွင့်ပွဲစဥ်ကို ကစားရမယ်ဆိုတာက တကယ်ပဲ မလွယ်ကူပါဘူး ။ ယူနိုက်တက် ဖက်မှာလည်း ဆိုးလ်ရှား ကစားစေချင်တဲ့ ကစားသမားတိုင်း မပါဝင်ခဲ့ကြဘူးလေ ”

” တကယ့် အလန်းစား စွမ်းဆောင်ရည် ပါပဲ ။ ဘရူနို ဖာနန်ဒက်စ် ဟတ်ထရစ် သွင်းယူခဲ့သလို မေဆွန် ဂရင်းဝုဒ်လည်း ဂိုးသွင်းခဲ့ပါတယ် ။ ဒါပေမဲ့ စပါယ်ရှယ် စကားလုံးတွေ ကတော့ ပေါ့ဂ်ဘာ အတွက်ပဲ ရည်ရွယ်သင့် ပါတယ် ။ သူနဲ့ ပတ်သက်လို့ အရင်က ခြားနားတဲ့ ပြောစကား မျိုးစုံ ကြားခဲ့ရ ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူ ဆက်နေသင့်တယ်လို့ တွေးတဲ့ အဖွဲ့ ရှိသလို သူသာမရှိရင် အသင်းက ပိုကောင်းလိမ့်မယ်လို့ တွေးတဲ့ အဖွဲ့လည်း ရှိခဲ့ ပါတယ် ။ ဒါပေမဲ့ သူ့ကိုသာ မှန်ကန်တဲ့ နေရာတစ်ခုမှာထားပြီး သုံးစွဲမယ်ဆိုရင် သူဘာတွေ လုပ်နိုင်သလဲဆိုတာကို ပေါ့ဂ်ဘာ သက်သေပြခဲ့ပြီလို့ပဲ ကျွန်တော် ပြောချင်ပါတယ် ”

” သူဟာ ဒီပွဲမှာ ပါဝင်ခွင့် ရရှိသွားခဲ့တဲ့ ကဏ္ဍကနေ လုပ်ချင်တာတွေ လုပ်ပြနိုင်တဲ့ အခွင့်အလမ်းမျိုး ပိုင်ဆိုင်ခဲ့ပါတယ် ။ သူဟာ ပြိုင်ဖက် အသင်းကို damage ပေးနိုင်တဲ့ ကစားပုံမျိုး ပြသသွားနိုင်ခဲ့ ပါတယ် ” လို့ မာ့ခ် ဘော့စနစ်ချ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒီပွဲမှာတော့ ပေါ့ဂ်ဘာဟာ ဘယ်တောင်ပံတိုက်စစ် နေရာမှာ ပွဲထွက်ကစားခွင့် ရရှိသွားခဲ့ပေမဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ဒီပွဲမှာ သူဟာ ပေါ့ဂ်ဘာကို စိတ်ကြိုက် တိုက်စစ်ဆင် ကစားလို့ရနိုင်တဲ့ free roleမှာ နေရာပေးပြီး ကစားစေခဲ့တာ ဖြစ်ကြောင်း ပြောခဲ့ပါသေးတယ် ။

လက်ရှိ အနေအထား အရတော့ လီဂူးဝမ်း ထိပ်သီး PSG အသင်းဟာ ဘဏ္ဍာရေးအကြပ်အတည်း တွေကို ကြုံတွေ့ နေရတာဖြစ်တဲ့အတွက် ပေါ့ဂ်ဘာဟာ အသင်းပြောင်းရွှေ့ရေးထက် မန်ချက်စတာ ယူနိုက်တက် မှာပဲ ဆက်လက် ရှိနေဖို့ အလေးသာ နေတယ်လို့ သိနေရပါတယ် ။

#Sports_Myanmar