မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားသစ် ရာဖေး ဗာရန်း ဟာ ယမန်နေ့က အသင်းသစ် နဲ့ စတင် လေ့ကျင့်မှု ပြုလုပ် ခဲ့ပါတယ် ။ ဗာရန်း ဟာ လာမယ့် အပတ် မှာ ကစားမယ့် ဆောက်သမ်တန် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် အတွက် စတင် ကစားပေး နိုင်ဖို့ ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်း က သူဟာ လူငယ် ကစားသမားတွေ ကို ပိုမို အခွင့်အရေး ပေးသွားဖို့ ဆန္ဒ ရှိနေပြီး ကွင်းလယ်လူ ပီယာနစ် အသင်းက ထွက်ခွာ နိုင်ချေ ရှိမှု ကိုလည်း ငြင်းဆန်ခြင်း မပြုခဲ့ဘူးလို့ သိရ ပါတယ် ။

 

အတ္တလန်တာ အသင်းဟာ တိုက်စစ်မှူး ဒူဗန် ဇာပါတာ ကို အသင်းမှာ ဆက်လက် ထိန်းထားလို ပေမယ့် ကစားသမားကတော့ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေတယ်လို့ ကြားသိရ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး အသင်းဟာ စီးရီးလေ ကလပ် ကာဂလီယာလီ အသင်းရဲ့ ကွင်းလယ်လူ နာဟီတန် နန်ဒက်ဇ် ကို ခေါ်ယူဖို့ စတင် လှုပ်ရှား လာခဲ့တယ်လို့ သိရ ပါတယ် ။ အသက် ၂၅ နှစ် အရွယ် ယူရဂွိုင်း ( ဥရုဂွေး ) ကွင်းလယ်လူ နန်ဒက်ဇ် ဟာ ၂၀၁၉ ခုနှစ်ကမှ ကာဂလီယာလီ ထံ ဘိုကာဂျူနီယာ အသင်းကနေ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ က သူတို့ အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းကနေ လက်ရှိ အချိန်အထိ ပေါင် သန်း ၁၇၀ အရှုံးပေါ် ခဲ့ပြီး စုစုပေါင်း ကြွေးမြီ ဟာ ပေါင် ၁.၁၅ ဘီလီယံ အထိ ရှိလာခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ကြာသပတေးနေ့ မှာ ကစားမယ့် ယူရိုပါ ကွန်းဖရင့်လိဂ် ပွဲစဉ် မှာ အသင်းအတွက် စတင် ပါဝင် ကစားဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

 

အမေရိကန် အမျိုးသမီး ဘောလုံး အသင်းရဲ့ စူပါ စတား တဦး ဖြစ်တဲ့ ကာယီလွိုက် ဟာ ပရို ဘောလုံး သမား ဘ၀ ကနေ အနားယူသွားတော့မှာ ဖြစ်ကြောင်း ကြေညာ သွားခဲ့ပြီး ဒီနှစ် အမျိုးသမီးလိဂ် ဟာ သူ့ဘ၀ အတွက် နောက်ဆုံး ကစားတဲ့ ရာသီ ဖြစ်မယ်လို့ အသိပေး သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီ ဟာ တူရကီ နိုင်ငံ အစ္စတန်ဘူလ် ကို သွားရောက်ကာ ဘက်ဆစ်တပ် အသင်းထံ ပြောင်းရွှေ့မှု ပြုလုပ်ဖို့ အတွက် စာရွက် စာတမ်း နဲ့ ဆေးစစ်မှုတွေ ပြုလုပ် သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

 

PSG ကစားသမား သစ် လီယွန်နယ် မက်ဆီ ဟာ သြဂုတ် ၂၉ ရက်နေ့ မှာ Reims အသင်းနဲ့ ယှဉ်ပြိုင် ကစားမယ့် ပွဲစဉ်မှာ အသင်းသစ် နဲ့ စတင် ပါဝင် ကစားဖွယ် ရှိနေတယ်လို့ ကြားသိရပြီး လက်ရှိ မှာတော့ ကိုပါ အမေရိက ပြိုင်ပွဲ ကစားထားတဲ့ နေမာ နဲ့ အတူ လေ့ကျင့်ခန်း ပြုလုပ်ရင်း ကြံ့ခိုင်မှု အပြည့် ရရှိအောင် လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ဂျာစီ လက်မောင်း စပွန်ဆာ ဖြစ်တဲ့ Visit Rwanda နဲ့ နောက်ထပ် ၄ ရာသီ အတွက် စာချုပ်သစ်ချုပ်ဆို နိုင်ခဲ့တယ်လို့ ကြားသိရပြီး တရာသီ ကို ပေါင် ၁၀ သန်း ရရှိမယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ အာဆင်နယ် တိုက်စစ်မှူး အော်ဘားမီးယန် ကို ခေါ်ယူဖို့ အတွက် ဆွေးနွေး လာခဲ့ပြီး ဖိလစ်ပီ ကော်တင်ဟို ကို အပြောင်းအရွှေ့မှာ ထည့်သွင်းပေး သွားနိုင်တယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ် လာခဲ့ ပါတယ် ။ နာမည်ကျော် ဂျာနယ်လစ် ရိုမာနို ကတော့ အခုချိန်ထိ ကလပ် ၂ သင်း အကြား ချိတ်ဆက်မှု မရှိသေးဘူးလို့ ဖော်ပြ ခဲ့ ပါတယ် ။

 

အက်စတွန် ဗီလာ အသင်းကတော့ နော့သမ်တန် အသင်းက ၁၉ နှစ် အရွယ် လူငယ် ကစားသမားလေး ကာလပ် ချက်ဝူမီကာ ကို ပေါင် ၃ သိန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့လည်း သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

SPORTS MYANMAR