၂၀၂၁-၂၂ ပရီးမီးယားလိဂ် ဘောလုံးရာသီက စတင်ခဲ့ပြီ ဖြစ်ကာ အဖွင့်ပွဲစဉ်မှာ အာဆင်နယ်ဟာ တန်းတက် ဘရန့်ဖို့ဒ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး တော့တင်ဟမ် ကလည်း လက်ရှိ ချန်ပီယံ မန်စီးတီးကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ မန်ယူနိုက်တက် ၊ လီဗာပူး နဲ့ ချဲလ်ဆီး တို့ကတော့ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အတူ တာထွက်ကောင်းမွန်ခဲ့ပြီး လီဗာပူး ဂန္ထဝင် ဂရေမီဆောင်းနက်က ပွဲစဉ် ၁ အပြီးမှာ သူ့ရဲ့ ပရီးမီးယားလိဂ် ဖလား ခန့်မှန်းချက်ကို ချပြ သွားခဲ့ပါတယ်။

ဆောင်းနက်က ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးဟာ အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ အတွေ့အကြုံကြောင့် ကျန်အသင်းတွေ အဓိက ကျော်ဖြတ်ရမယ့် အသင်း အဖြစ် ရှိနေဆဲလို့ ယုံကြည်နေပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဆောင်းနက်က “စီးတီးဟာ နောက်ဆုံး ၄ နှစ်မှာ အမှတ်ပေးဖလားကို ၃ ကြိမ် ဆွတ်ခူးထားခဲ့ပြီး သူတို့ဟာ ဒူပေနာပေ ခံနိုင်မှုကို ပြသထားခဲ့ပါတယ်။ သူတို့ဟာ အမှတ်ပေးဖလားကို ဗိုလ်စွဲနိုင်ခဲ့တဲ့ နှစ်တွေမှာ ရာသီအစ ကနေ အဆုံးထိ တောက်လျှောက် ကောင်းခဲ့တာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်တဲ့ အသင်းတွေဟာ အကျကာလတွေ ၊ ဒဏ်ရာပြသနာတွေ ၊ စိတ်ပျက်စရာတွေကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အသင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ အရမ်းကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အပြင် သူတို့မှာ မြင့်မားတဲ့ ယုံကြည်ချက် ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဆောင်းနက်က မန်စီးတီး အနေနဲ့ အသင်းအတွက် ဂိုးတွေ ဒိုင်ခံသွင်းယူပေးမယ့် အထောင် တိုက်စစ်မှုး တစ်ဦး လိုအပ်နေတယ်လို့ ထပ်လောင်း ပြောလိုက်ပါတယ်။ စီးတီးဟာ ဂရီလစ်ချ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူပြီးနောက် တော့တင်ဟမ်စတား ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့်လည်း စပါးဥက္ကဋ္ဌ လီဗီရဲ့ ပေါင်သန်း ၁၆၀ တန်ကြေး အပေါ် ပေးချေလိုခြင်း မရှိတာကြောင့် ပြောင်းရွေ့ကြေး ညှိနှိုင်းမရ ဖြစ်နေပါတယ်။

ဆောင်းနက်က “ကျွန်တော် ကတော့ စီးတီးဟာ တစ်ရာသီ ဂိုး ၂၀ အထက် သွင်းယူပေးနိုင်မယ့် တိုက်စစ်မှုးတစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အသင်းရဲ့ ဂိုးတွေကို ဂန်ဒိုဂန် အပါအဝင် အခြား ကွင်းလယ်လူတွေ တောင်ပံတိုက်စစ် ကစားသမားတွေ အပေါ် မှီခိုနေတာဟာ အချိန်ကြာလာရင် ထိခိုက်မှု ရှိလာနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဆောင်းနက်က လူကာကူကို အားဖြည့်လိုက်ခြင်းဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် အမှတ်ပေးဖလား စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်လာစေခဲ့တယ်လို့ ပြောသွားပါတယ်။

“ချဲလ်ဆီးဟာ ဒီမန်နေဂျာ လက်အောက်မှာ ဘာလဲ ဆိုတာ ခင်ဗျားတို့ သိကြမှာပါ။ သူဟာ အားလုံးကို ဟန်ချက်ညီအောင် လုပ်ထားခဲ့ပါတယ်။ လူကာကူကို အားဖြည့်လိုက်ခြင်းဟာ သူတို့ကို အမှန်အကန် ဖလားစိန်ခေါ်သူ ဖြစ်သွားစေပါတယ်။ သူသာ ကြံ့ခိုင်မှု ပြည့်ဝနေမယ့် ဆိုရင် အသင်းအတွက် ဂိုး ၂၀ အထက် သွင်းယူနိုင်မှာပါ။ ဗာနာဟာ စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် သူဟာ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချနိုင်သူ မဟုတ်ပါဘူး။

မန်နေဂျာ တစ်ဦး အနေနဲ့ သူ့ဆီက တစ်ရာသီ သွင်းဂိုး ၂၀ ကို စောင့်ဆိုင်းသွားဖို့ မဖြစ်နိုင်ပါဘူး။ လူကာကူ နဲ့ ပက်သက်ပြီး ဒီအပိုင်းမှာ ဘာမှ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ဒီလိဂ်မှာ အရင်တုန်းကလည်း ကောင်းကောင်း လုပ်ပြခဲ့ပြီး ဖြစ်လို့ပါ။ သူဟာ ခြားနားတဲ့ သားရဲတစ်ကောင် အဖြစ် ဒီလိဂ်ကို ပြန်လာခဲ့တာပါ။”

ဆက်လက်ပြီး ဆောင်းနက်က “မန်ယူနိုက်တက်နဲ့ လီဗာပူး တို့ကြား ကွာဟချက် သိပ်မရှိတော့ပါဘူး။ သူတို့ကလည်း အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မှာပါ။ မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကထက်တော့ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လီဗာပူးဟာ ကွင်းလယ်လူ တစ်ဦး လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဝိုင်နယ်ဒန်လို ကစားသမားမျိုးကို ဆုံးရှုံးထားခဲ့လို့ပါ။ ဒါပေမယ့် ချဲလ်ဆီး အကြောင်း ပြန်ပြောရမယ် ဆိုရင်တော့ သူတို့ဟာ ချန်ပီယံဆု အတွက် မန်စီးတီးကို အမှန်အကန် ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ လူကာကူဟာ အာမခံချက် ရှိတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်ပြီး သူတို့ကို အမှတ်ပေးဖလားနဲ့ နီးစပ်အောင် လုပ်ပေးပါလိမ့်မယ်။” လို့ ပြောသွားပါတယ်။