ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အင်တာမီလန် ကနေ ပေါင် ၉၇.၅သန်းနဲ့ လန်ဒန်သို့ ရောက်ရှိလာတဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်မှူး အသစ်စက်စက် ရိုမီလူ လူကာကူ ဟာ ကွာရန်တင်း ကာလ ပြည့်မြောက်သွားပြီ ဖြစ်လို့ ၊ မနေ့ကပဲ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ စတင် ပူးပေါင်းမှု လုပ်ခဲ့ပါတယ် ။

လူကာကူ ဟာ လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားမယ့် အာဆင်နယ် အသင်းနဲ့ ပရီးမီးယားလိဂ် ဒုတိယမြောက် ပွဲစဉ်မှာ ပါဝင် ပွဲထွက်ခွင့် ရနိုင်မယ်လို့ မျှော်လင့်ရပြီး ၊ ဒီကြားရက် အတွင်း ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ လူကာကူရဲ့ အခြေအနေ အပေါ် စောင့်ကြည့်မှုတွေ လုပ်သွားရဖို့ ရှိပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာမီလန် အသင်း အတွက် စီးရီးအေ ဂိုး၃၀ သွင်းယူကာ ၊ တကျော့ပြန် စကူဒက်တို ချန်ပီယံ ဖြစ်စေဖို့ တဖက်တလမ်းက ကူညီပေးနိုင်ခဲ့တဲ့ လူကာကူ ဟာ အခုအခါမှာတော့ အသင်းဟောင်း ချဲလ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေဖို့ ထပ်မံ ကူညီပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မနေ့က ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ လူကာကူ ဟာ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ဟာ ၎င်းရဲ့ အနီးစပ်ဆုံး အဖွင့် ပွဲထွက် ဖြစ်လာနိုင်ခြင်း အပေါ် ” ကျွန်တော် အသင့်ဖြစ်နေပါပြီ ။ အသင်းနဲ့ အတူ အမြန်ဆုံး ကစားရဖို့ပဲ လိုချင်ပါတယ် ။ ဒီအတွက်ကြောင့် နည်းပြကို ကျွန်တော် အသင့်ဖြစ်နေကြောင်း သက်သေပြသွားမှာပါ ။ ”

” ကျွန်တော်တို့ အားလုံးဟာ ပွဲထွက်ခွင့် အတွက် တပတ်လုံး ယှဉ်ပြိုင် ကြိုးစားပြီးမှ ၊ ကိုယ်ပိုင် နေရာကို ကိုယ့်ဖာသာကိုယ် ရယူကြရတာပါ ။ ကျွန်တော့ အတွက်တော့ ဒါဟာ တိုက်ပွဲ အသစ် ဖြစ်လာပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တို့ တိုက်ပွဲဝင်နေကြတာ တူညီတဲ့ အကြောင်းအရင်း တရပ်ပဲ ရှိပါတယ် ။ ချဲလ်ဆီး အသင်း နိုင်ပွဲတွေ ရရှိဖို့ အတွက်ပါပဲ ။ ”

” လေ့ကျင့်ရေး အစီအစဉ်တွေမှာ ရာနှုန်းပြည့် ကျွန်တော် ကြိုးစား ပေးဆပ်မှာ ဖြစ်သလို ၊ တပွဲချင်းစီ အတွက် အသင့်ဖြစ်နေအောင်လည်း လုပ်ဆောင်သွားမှာပါ ။ ကျွန်တော့ရဲ့ ပထမဆုံးပွဲက အာဆင်နယ်နဲ့ အဝေးကွင်းပွဲ မို့လို့ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ ဒီတော့ ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ပြီး အနိုင်ကစားဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လူကာကူ က သူဟာ ပရီးမီးယားလိဂ် ကနေ စီးရီးအေသို့ ပြောင်းရွှေ့သွားတဲ့ ၃နှစ် ကာလ အတွင်း ဘာတွေ တိုးတက်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ” အီတလီ ဟာ နည်းစနစ်နဲ့ ကစားကွက်ဆိုင်ရာ အရ ပိုကောင်းတဲ့ လိဂ် ဖြစ်ပါတယ် ။ ဒါပေမယ့် အင်္ဂလန်မှာတော့ အကုန်လုံး ကြံ့ခိုင်မှု အသားပေးချည်းပါပဲ ။ ”

” ဒါဟာ ဒီ ၂လိဂ်ကို ကွာခြားသွားစေတာပါ ။ ဒါပေမယ့် ကျွန်တော့ အတွက် ပြဿနာ မရှိပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ဟာ ဒီမြေမှာ ၈နှစ်ကြာအောင် ကစားခဲ့ဖူးပြီး ၊ ပရီးမီးယားလိဂ် အကြောင်းလည်း သိပြီးသားဖြစ်လို့ပါ ။ ဒီကို ကျွန်တော် ဟာ ကစားသမားသစ် တဦး အဖြစ် ရောက်လာတာ မဟုတ်ပါဘူး ။ ဘာကို မျှော်လင့်ရမလဲ မသိတဲ့ ပုံစံမျိုး မဟုတ်ပါဘူး ။ ”

” ဒီမှာ ကျွန်တော် ဂိုးအသင့်အတင့် သွင်းခဲ့ဖူးပါတယ် ။ ဒါပေမယ့် အတိတ် က အတိတ်ပါပဲ ။ အခု ကျွန်တော်တို့ အရှေ့ကိုပဲ ဆက်ကြည့်ရအောင်ပါ ။ အရင် တခေါက် ပရီးမီးယားလိဂ်မှာ ကစားခဲ့တုန်းကနဲ့ အခု လက်ရှိ ကျွန်တော့ရဲ့ ပုံစံက မတူတော့ပါဘူး ။ ”

” ကျွန်တော်ဟာ ပိုပြီး တိုးတက်လာခဲ့သလို ၊ ကျွန်တော် ပြောင်းရွှေ့လာတဲ့ အသင်းဟာလည်း အင်အား အရမ်း တောင့်တင်းပါတယ် ။ ဒီတော့ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ကြောင်းကို ကျွန်တော်တို့ ကွင်းတွင်း စွမ်းဆောင်ရည်တွေနဲ့ သက်သေပြကြရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။