အာဆင်နယ် အသင်းဟာ ၂၀၂၁-၂၂ ဘောလုံးရာသီ ဖြတ်သန်းမှုတွေ All or Nothing ဆိုပြီး documentary ရိုက်ဖို့ Amazon နဲ့ သဘောတူညီ ပူးပေါင်း ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ Amazon ကို ရုပ်ရှင် ရိုက်ဖို့ ခွင့်ပြုတဲ့ အတွက် ပေါင် ၁၀ သန်း အထိ ရရှိ သွားမှာ ဖြစ်ပါတယ် ။

အာဆင်နယ် နဲ့ စာချုပ်ဟာ Amazon အတွက် ဘောလုံး အသင်းတစ်သင်းနဲ့ ချုပ်ဆိုတဲ့ ဒုတိယ တန်ကြေး အမြင့်ဆုံး စာချုပ် ဖြစ်လာပါတယ် ။ ပထမနေရာမှာတော့ မန်စီးတီး အသင်းနဲ့ချုပ်ဆိုတဲ့ စာချုပ် က တန်ကြေး အမြင့်ဆုံး အဖြစ် ရှိနေပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် ကတော့ Amazon ရဲ့ All or nothing documentary ဟာ တခြား ပရိသတ်တွေ အတွက် ကြည့်လို့ ကောင်းတာမျိုး ဖြစ်နိုင်ပေမယ့် အာဆင်နယ် ပရိသတ်တွေ အတွက်တော့ ရှက်စရာ အတိ ဖြစ်နေလိမ့်မယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ရှေ့မှာ သာဓက အဖြစ် တော့တင်ဟမ် အသင်း ဖြစ်ခဲ့ဖူးတာကြောင့် အီယန်ရိုက် က ခုလို ပြောကြား ခဲ့တာပါ ။ တော့တင်ဟမ် အသင်းဟာ ၂၀၁၉-၂၀ မှာ Amazon နဲ့ စီးရီး ရုပ်ရှင် ရိုက်ဖို့ သဘောတူခဲ့ပါတယ် ။ အဆိုပါ နှစ်မှာ တော့တင်ဟမ် အသင်းဟာ ပိုချက်တီနို ကို ထုတ်ပယ်ကာ မော်ရင်ဟို နဲ့ အစားထိုးခဲ့ပြီး ရာသီကုန်မှာ အဆင့် ၆ သာ ရရှိ ခဲ့ပါတယ် ။

ဒါပေမယ့် Amazon နဲ့ documentary ရိုက်ဖို့ ပူးပေါင်းပြီး အောင်မြင်မှုတွေ ရယူ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အသင်း ရှိပါတယ် ၊ အဲ့ဒီ အသင်းကတော့မန်ချက်စတာ စီးတီး အသင်း ပါ ၊ မန်စီးတီး အသင်းဟာ Documentary ရိုက်တဲ့ ၂၀၁၇-၁၈ ခုနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ တော့တင်ဟမ် အသင်းအတိုင်း ဖြစ်ဖို့ ရှိနေပြီး ရာသီ အဖွင့်ပွဲမှာတင် ဘရန့်ဖိုဒ့် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ အီယန်ရိုက် က အာဆင်နယ် အသင်းရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေဟာ အသင်းပရိသတ်တွေ မဟုတ်သူတွေအတွက် ကြည့်လို့ ကောင်းနိုင်ပေမယ့် ဂန်းနားတို့ အတွက်တော့ ရှက်စရာ လို့ ဆိုပါတယ် ။

အီယန်ရိုက် က Premier League Production မှာ ” ကျွန်တော်တို့ အသင်းမှာ Amazon က ရိုက်ကူးမယ့် အရာ ရှိနေပါတယ် ၊ ဒါပေါ့ တခြားသူတွေကတော့ ပျော်နေမှာပေါ့ဗျာ ၊ အသင်းမှာ ခက်ခဲ ရှုပ်ထွေးမှုတွေ အနှုတ်လက္ခဏာ ဆောင်တဲ့ အရာတွေ ရှိနေတာကိုးဗျ ။ ”

” ဒါပေမယ့် ကျွန်တော်တို့လို အာဆင်နယ် ပရိသတ်တွေ အတွက် ရှက်စရာ ပါပဲ ၊ တကယ့်ကို အရှက်ရ စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဒိရာသီ ဖြတ်သန်းမှုတွေကို All or Nothing ဆိုပြီး documentary ရိုက်ဖို့ Amazon နဲ့ ပူးပေါင်း ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ကို အသိပေးခဲ့တာမျိုး မရှိကြောင်း ၊ တာဝန်ရှိသူတွေ ဆုံးဖြတ် လုပ်ကိုင် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ် ။