ဘိုရပ်ရှားဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ဟောင်း ဖြစ်သူ မိုက်ကယ်ရူမီနီဂစ်က လီဗာပူးဟာ လာမည့် နွေရာသီမှာ အာလင်းဟာလန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ တစ်ပွဲကို တစ်ဂိုးနှုန်း သွင်းယူူကာ ဥရောပရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဟာလန်းဟာ ဒီရာသီ ဒေ့ါမွန် အသင်း အတွက် ၂ ပွဲ ကစားထားခဲ့ရာမှာ ၅ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ကာ လွန်ခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွေ့က ရက်ဘူးဆဲလ်ဘတ် အသင်းကနေ ပြောင်းရွေ့လာခဲ့ပြီးနောက်ပိုင်း ဘွန်ဒက်လီဂါ ကလပ် အတွက် ၆၁ ပွဲမှာ ၆၂ ဂိုးထိ သွင်းပေးထားခဲ့ပါတယ်။ ဒီလို အကောင်းဆုံး ပုံစံပြသနေတာကြောင့်လည်း နော်ဝေး လက်ရွေးစင်ကို ချဲလ်ဆီး ၊ မန်စီးတီး ၊ မန်ယူနိုက်တက် ၊ ဘာစီလိုနာ ၊ ရီးရဲယ်မက်ဒရစ် နဲ့ လီဗာပူး တို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ရက်ဘူးဆဲလ်ဘတ်ရဲ့ အားကစား ဒါရိုက်တာဟောင်း ဖြစ်သူ ခရစ်တော့ဖွိုင့်က ဟာလန်း အနေနဲ့ ဒေ့ါမွန်ကနေ ထွက်ခွာခဲ့မယ် ဆိုရင် ဘာကာ ရီးရဲယ် တို့ထက်စာရင် လီဗာပူးကိုသာ ရောက်လိမ့်မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောခဲ့ပါတယ်။ ဒေ့ါမွန်စတား ရူမီနီဂစ် ကလည်း လီဗာပူးဟာ ဥရောပ ထိပ်တန်း အသင်းကြီးတွေကို ကျော်ကာ ဟာလန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ထောက်ခံ ခဲ့ပါတယ်။

ရူမီနီဂစ်က “အမှန်ပါပဲ။ ဟာလန်း နဲ့ အမ်ဘက်ပေ တို့ဟာ တစ်ချိန်ချိန်မှာ မက်ဆီ ၊ ရော်နယ်ဒို တို့လိုမျိုး အဆင့်ကို ရောက်လာနိုင်ပါတယ်။ ဒီရာသီကုန်မှာ ဟာလန်း အနေနဲ့ ဘယ်ကလပ်ကို ပြောင်းရွေ့ဖြစ်ခဲ့မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။ ရီးရဲယ် နဲ့ ဘာကာ တို့ဟာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပြသနာတွေတက်နေတာကြောင့် ကျွန်တော် ကတော့ သူ အင်္ဂလန်ကို ပြောင်းရွေ့ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ သူ့ရဲ့ အဖေ ကလည်း အင်္ဂလန်မှာ ကစားခဲ့ဖူးသူ တစ်ဦးပါ။ ကျွန်တော် ကတော့ ဟာလန်းဟာ လီဗာပူးကို ပြောင်းလိမ့်မယ်လို့ ခန့်မှန်း မိပါတယ်။

ဟာလန်းဟာ တကယ့်ကို ထူးချွန်လှတဲ့ ပါရမီရှင် ကစားသမား တစ်ဦးပါ။ ဘောလုံးလောကမှာ နှစ်ပေါင်း ၃၀ ၄၀ ကြာမှ ထွက်ပေါ်လာတက်တဲ့ ကစားသမား တစ်ချို့ ရှိပါတယ်။ သူ့ရဲ့ ကစားသမားဘ၀ plan က ဘာလဲ ဆိုတာ ကျွန်တော် မသိပေမယ့် သူ ဒီရာသီ ဒေါ့မွန်ရဲ့ အကျီကို ဝတ်ဆင်ကစားနေတာကို မြင်ရတာ အရမ်းကို ကောင်းပါတယ်။

သူဟာ တကယ့် ဂိုးသွင်းစက် တစ်လုံးပါ။ သူ စတင် ပြေးလွှားပြီ ဆိုတာနဲ့ သူ့ပြိုင်ဘက်တွေ အားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်တာ ပါပဲ။ ဒီလို အသက်အရွယ်လေး နဲ့ ဒီလို လုပ်ပြနိုင်တဲ့ သူ့လို ကစားသမားမျိုးကို ကျွန်တော် လုံး၀ မတွေ့ဖူးပါဘူး။ သူနဲ့ ပက်သက်ပြီး တစ်ခုတည်းသော ပြောစရာက သူ့ရဲ့ ခေါင်းတိုက် စွမ်းရည် ဖြစ်ပါတယ်။ သူဟာ လုံလောက်တဲ့ ခေါင်းတိုက် သွင်းဂိုးတွေ မရှိထားခဲ့ပါဘူး။ ဒါကလွဲပြီး ဟာလန်းဟာ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦးပါ။” လို့ ဆိုလိုက်ပါတယ်။

မန်စီးတီး နဲ့ ချဲလ်ဆီး တို့ဟာ ဒီနွေရာသီမှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ကြိုးစားခဲ့ကြပေမယ့်လည်း ဒေါ့မွန်ဘက်ကတော့ ဒီနွေရာသီမှာ သူတို့အသင်းရဲ့ ကြယ်ပွင့်ကို လုံး၀ ရောင်းချမှာ မဟုတ်ဘူးလို့ အပြတ်ငြင်းဆန်ထားခဲ့ပါတယ်။ အာလန်းနဲ့ ဒေါ့မွန်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းဟာ လာမည့် နွေရာသီမှာ အသက်ဝင်လာမှာ ဖြစ်တာကြောင့် အဆိုပါ နွေရာသီမှာ ၎င်းကို ဥရောပထိပ်တန်းကလပ်တွေ ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစားကြမှာ သေချာလှပါတယ်။