Bakayoko

* ပြင်သစ် သတင်း RMC Sport ရဲ့ ဖော်ပြချက် အရ အသင်း မှာ နေရာ မရနေတဲ့ ကွင်းလယ် အဖျက် ကစားသမား တီမို ဘာကာယိုကို ကို ချယ်လ်ဆီး အသင်း ဟာ ၄င်းရဲ့ ကလပ်ဟောင်း မိုနာကို သို့ တရာသီ အငှား နဲ့ ထွက်ခွာခွင့် ပေးဖို့ ဆုံးဖြတ် ထားကြောင်း သိရပါတယ် ။ ဘာကာယိုကို ဟာ ၂၀၁၇ ခုနှစ် မှာ မိုနာကို မှ ချယ်လ်ဆီး သို့ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့ လာခဲ့ပေမယ့် ခြေစွမ်း လောက်လောက်လားလား မပြ နိုင်ခဲ့ပါဘူး ။

* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ကိုဗာဆစ် က ပြီးခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ ပွဲမှာ ဂိုး၂ဂိုး ရရှိ ခဲ့တဲ့ အေဘရာဟမ် ကို ချီးကျူး လိုက်ပြီး ၄င်းဟာ ပင်ကို စွမ်းရည် ကိုက ဂိုးသွင်း တတ်တဲ့ အမြင် ပါရှိ နေကြောင်း ၊ အရှေ့ ပွဲစဉ် တွေမှာ ဂိုးမရ ခဲ့လို့ ဖိအား တချို့ ရှိနေပေမယ့် အခုလို သွင်းဂိုး တွေ သွင်းပြ နိုင်ခဲ့တာက သူ့ရဲ့ ဖိအား တွေကို လျှော့ချ ပေးနိုင်မှာ ဖြစ်တယ် လို့ ပြောကြား ခဲ့ပါတယ် ။

Abraham

* The Athletics ရဲ့ ဖော်ပြချက် အရ လီဗာပူး အသင်း ဟာ လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ခေါ်ယူ နိုင်ဖို့ စိတ်ဝင်စား ခဲ့သေးကြောင်း သိရပါတယ် ။ သို့ပေမယ့် လည်း လီဗာပူး ဟာ အဆုံးမှာ မိုနာကို အသင်း ရဲ့ ဘရာဇီး ကွင်းလယ် အဖျက် ကစားသမား ဖာဘင်ဟို ကို ခေါ်ယူ ခဲ့ပါတယ် ။

* BBC Sport ရဲ့ ဘောလုံးပွဲ သုံးသပ်သူ ဂါ့သ် ခရွတ်ခ် က ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ငယ်ရွယ် ပေမယ့် အံ့သြဖွယ် ကောင်းတဲ့ ခြေစွမ်း တွေကို ပိုင်ဆိုင် ထားကြောင်း ၊ နောက်ထပ် ခြေစွမ်း ထပ်ပြီး တိုးတက်လာဖို့ ရှိသလို ၊ သူဟာ အလုပ် ကြိုးစား တဲ့ ကစားသမား တယောက် ဖြစ်လို့ အခုထက် ပိုကောင်း လာမယ် လို့ ယုံကြည်ကြောင်း သုံးသပ် ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း မှ ဗွီတက်ဆီ အသင်း သို့ တရာသီ အငှား ကစား နေတဲ့ ဘယ်လ်ဂျီယမ် လူငယ် တောင်ပံ ကစားသမား ချာလီ မူဆွန်ဒါ ဟာ ပြီးခဲ့တဲ့ အပတ် အတွင်း ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ ဒူးဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်း သို့ ပြန်လာတော့မှာ ဖြစ်တယ် လို့ သိရပါတယ် ။ မူဆွန်ဒါ ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း ဒီ ဒူးဒဏ်ရာ ကြောင့် တရာသီလုံး နားခဲ့ရပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ က နောဝှစ်ခ်ျ နဲ့ ပွဲက နိုင်ပွဲ ဟာ အသင်း ကို စတင် ကိုင်တွယ် နေကတည်းက အပြည့်အဝ အလုပ် ကြိုးစား ပေးနေကြတဲ့ ဖရန့် လမ်းပတ် နဲ့ သူ့ရဲ့ နည်းပြ အဖွဲ့ အတွက် ထိုက်တန် တဲ့ အနိုင် ရလဒ် ဖြစ်ကြောင်း ၊ ဆက်လက်ပြီး အနိုင် ရလဒ် တွေကို ယူဆောင် သွားနိုင်ဦးမယ် လို့ ယုံကြည်ကြောင်း ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း အီယန်ရိုက် က လူငယ် တွေကို ဦးစား ပေးနေလို့ ဝေဖန်မှု တချို့ နဲ့ ရင်ဆိုင် နေရတဲ့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဖက်မှ ကာကွယ် ပြောဆို လိုက်ပြီး လမ်းပတ် ရဲ့ နောဝှစ်ခ်ျ နဲ့ ပွဲက လူစာရင်း ထုတ်ပုံ နဲ့ လူငယ် တွေကို အသုံးပြု တတ်ပုံ က လေးစားဖွယ် ဖြစ်တယ် လို့ BBC Match of the Day အစီအစဉ် မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ပြီးခဲ့တဲ့ နောဝှစ်ခ်ျ နဲ့ ပွဲမစတင်မီ သွေးပူ လေ့ကျင့်ခန်း များ ပြုလုပ် ခဲ့ရာမှ ပေါင် ကြွက်သား ဒဏ်ရာ ရခဲ့တဲ့ ပတ်ဒရို ကို သူ့ အနေနဲ့ ယခု အပတ် ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲမှာ အနားပေး သွားဖို့ ရှိနေကြောင်း နဲ့ နိုင်ငံ ပွဲစဉ် တွေ အပြီးမှာတော့ ပတ်ဒရို ဟာ ချယ်လ်ဆီး အတွက် ပြန် ကစားပေး နိုင်မယ် လို့ မျှော်လင့် ထားကြောင်း ပြောဆိုခဲ့ပါတယ် ။

Pedro

* အမျိုးသမီး လက်ရွေးစင် အသင်း တွေ အတွက် အသီးသီး ရွေးချယ် ခံခဲ့ရတဲ့ ချယ်လ်ဆီး အမျိုးသမီး အသင်းသားများ

မစ်လီ ဘရိုက် ၊ ကာလီ တဲလ်ဖို့ဒ် ၊ ဘတ်သနီ အင်္ဂလန် ( အင်္ဂလန် လက်ရွေးစင် )
မဂ်ဒလီနာ အဲရစ်ဆင် ၊ ဂျိုနာ အန်ဒါဆန် ( ဆွီဒင် လက်ရွေးစင် )
မာရန် ယယ်ဒီ ၊ မာရီယာ သိုရစ်ဒိုတာ ၊ ဂူရို ရိုင်တန် ( နော်ဝေး လက်ရွေးစင် )
ဆိုဖီ အင်ဂဲလ် ( ဝေးလ်စ် လက်ရွေးစင် )
ရမွန်နာ ဘတ်ခ်ျမန်း ( ဆွစ်ဇာလန် လက်ရွေးစင် )
အဒီလီနာ အန်မန်း ( ဖင်လန် လက်ရွေးစင် )

SPORTS MYANMAR