အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ဥရောပ ဘောလုံး ဈေးကွက်ကို ပိုမို အာရုံ စိုက်အောင် ကင်းထောက် အများအပြား ကို ဆက်တိုက် ခန့်အပ်လျက် ရှိပါတယ် ။

အာဆင်နယ် အသင်းဟာ အခုအခါမှာလည်း သူတို့ရဲ့ ကင်းထောက် ဌာနကို နေမာ ၊ ကော်တင်ဟို တို့ ဘရာဇီး ကနေ ဥရောပ ရောက်ရှိ လာအောင် စွမ်းဆောင် ခေါ်ယူ ခဲ့တဲ့ ကင်းထောက် တိုနီ လီမာ နဲ့ ထပ်မံ အင်အား ဖြည့်တင်းလိုက် တယ်လို့ Football London က ဆိုပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အန်ဒိုလက်ရွေးစင်ဟောင်း ဖြစ်တဲ့ အပြင် နိုင်ငံ လက်ရွေးစင် အသင်း အတွက် ပွဲအများဆုံး ကစားထားသူလည်း ဖြစ်တဲ့ တိုနီလီမာ ဟာ မန်ချက်စတာ ယူနိုက်တက် ၊ အင်တာမီလန် နဲ့ ဘရာဇီး အသင်းတွေ အတွက် အလုပ်လုပ် ပေးခဲ့သူ ဖြစ်ပါတယ် ။

လီမာ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အာဆင်နယ် အသင်း အတွက် အလုပ်လုပ် ပေးနေတာ ဖြစ်ပြီး စပိန်ဈေးကွက်မှာ အလားအလာ ရှိတဲ့ ကစားသမားတွေကို ရှာဖွေပြီး အီဒူး ကို ပြန်လည် တင်ပြ ရမှာ ဖြစ်ပါတယ် ။

လီမာ ဟာ ဘောလုံးအကြောင်းအပြင် ဥပဒေ အကြောင်းကိုပါ နားလည် သိရှိသူ ဖြစ်ပြီး စပိန် ၊ ကတ်တလန် ၊ ပေါ်တူဂီ ၊ အင်္ဂလိပ် ၊ အီတလီ ၊ ပြင်သစ် ဘာသာ စကား ၆ မျိုး ပြောဆို နိုင်သူ ဖြစ်ပါတယ် ။

ဒါ့အပြင် Football London က အာဆင်နယ် အသင်းဟာ ပြင်သစ် ဈေးကွက် အတွက် ရိုမိန်း ပိုအီရော့ ကို အသင်းကြီး ကင်းထောက် အဖြစ် ခန့်အပ်လိုက်တယ်လို့ ဆိုပါတယ် ။ ပိုအီရော့ ဟာ ၂၀၀၈ ခုနှစ်မှာ နော်တင်ဟမ် ဖောရက်စ် ရဲ့ အကယ်ဒမီ ကင်းထောက် အဖြစ် စတင်လုပ်ကိုင်ခဲ့သူပါ ။

နောက်နှစ်နှစ် အကြာမှာတော့ ပိုအီရော့ ဟာ မန်ချက်စတာ စီးတီး အသင်းမှာ European Football Consultant အဖြစ် တာဝန်ယူ ခဲ့ပါတယ် ။ ပိုအီရော့ ဟာ လီမာ လိုပဲ မန်ယူအသင်းမှာ စီနီယာ ကင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ပြင်သစ်ဈေးကွက်ထဲက အသက် ၁၈ နှစ်နဲ့ အထက်ကစားသမားတွေကို ကင်းထောက် ပေးခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့လ အစောပိုင်းတုန်းကလည်း ဖူလ်ဟမ် အသင်းက ကင်းထောက်ဂျိမ်းစ် အဲလစ် ကို ခေါ်ယူ ခဲ့ပါသေးတယ် ။ ဂျိမ်းစ်အဲလစ် ဟာ ပြည်တွင်းက ကစားသမားတွေကို အဓိက ကင်းထောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ပြီးတဲ့နှစ် နွေရာသီမှာ အာဆင်နယ် အသင်းဟာ Covid-19 ရိုက်ခတ်မှုကြောင့် ထိခိုက်လာတဲ့ ဘဏ္ဍရေး အခြေအနေ ကို ကာမိဖို့ရာ ဝန်ထမ်း စုစုပေါင်း ၅၅ ဦး လျှော့ချလိုက်ကြောင်း ကြေညာခဲ့ပါတယ် ။ အဆိုပါ လျှော့ချတဲ့ ဝန်ထမ်း စာရင်းမှာ အသင်းအတွက် ကစားသမားကောင်းတွေ ရှာဖွေ ပေးနေကြတဲ့ ကင်းထောက်တွေ အတော်များများလည်း ပါဝင်သွားခဲ့ပါတယ် ။

အဆိုပါ ကင်းထောက်တွေထဲမှာ ဘယ်လာရင် ၊ မာတီနယ်လီ ၊ ဖာဘရီဂက်စ် တို့ကို ရှာဖွေ ခေါ်ယူ ပေးခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို အခိုင်အမာ ရရှိထားတဲ့ နိုင်ငံတကာ ကင်းထောက်ချုပ် ဖရန်ဆစ် ကာဂီကာအို လည်း ပါဝင် ခဲ့ပါတယ် ။