အာဆင်နယ် ဟာ ရီးရဲ မက်ဒရစ် အသင်းက နော်ေ၀ ကွင်းလယ် တိုက်စစ် ကစားသမားလေး မာတင် အိုဒီဂရတ် ကို ယူရို သန်း 40 ထက် နည်းနည်း လျှော့ပါးတဲ့ ပမာဏ နဲ့ ခေါ်ယူဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အာတီတာ ဟာ ချာတိတ်လေး ကို ခေါ်ယူဖို့ အတွက် ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ကာ ကြိုးစားခဲ့ပြီး 5 နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လက်ရှိ အပြောင်းအရွှေ့မှာ လူငယ် ခြေတက် ကစားသမား အများစု ကို ဦးစားပေး ခေါ်ယူနေသော်လဲ ၊ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ပေါလ်မာဆွန် က အားကစား ဒါရိုတ်တာ အဒူး ရဲ့ လုပ်ကိုင်ပုံတွေ အပေါ် မေးခွန်းတွေ တသီကြီး ဆွဲထုတ်သွားခဲ့ ပါတယ်။

“ အာဆင်နယ် အကြောင်း ခေါင်းထဲ ရောက်လာတိုင်း စိုးရိမ်စိတ်က အမြဲ ဖြစ်မိပါတယ်။ အတွေးထဲမှာ ကိုယ့်အသင်းဟောင်းက ဘာတွေ လုပ်နေတာလဲ ဆိုတဲ့ မေးခွန်းတွေ စိုးမိုးနေဆဲပါ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အဒူး အသင်းကို ရောက်လာတဲ့ အချိန်က စလို့ ၊ အပြောင်းအရွှေ့ လုပ်ဆောင်ပုံတွေ က တော်တော်ကို ပျင်းဖို့ ကောင်းလွန်းပါတယ်။ ဒါကို အရိုးသားဆုံး ပြောတာပါ။

တချိုု့ ကတော့ ဝီလီယံ ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူခဲ့တယ် ၊ ဒေးဗစ် လူးဝစ် ကိုလဲ ဈေးချိုချို နဲ့ ခေါ်နိုင်ခဲ့တာပဲ ဆိုတော့ ပြောချင်ပြောကြပါလိမ့်မယ်။

လွန်ခဲ့တဲ့ သက်တမ်း ကာလ တခုအတွင်းမှာတုန်းကတော့ နည်းပြ တယောက် ရဲ့ အရည်အသွေးကို ဆုံးဖြတ်ကြတဲ့ အခါ သူခေါ်ယူ စာချုပ် ချုပ်ဆိုတဲ့ ကစားသမားတွေကို ကြည့်ပြီး အဖြေထုတ်လေ့ရှိခဲ့ပါတယ်။ ကျနော့် အမြင်မှာတော့ အာတီတာ က အဲဒီ ခေါင်းစဉ်အောင်မှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။ သူဟာ အပြောင်းအရွှေ့ ကိစ္စတွေ လုပ်ဆောင်တဲ့ အခါမှာ သိပ်ပြီး ပါဝင် ပတ်သက်ခွင့် မရဘူး ထင်ပါတယ်။

ဘာလို့ ဂျိုး ဝီလော့ လို ကစားသမားမျိုး ကို ထွက်ခွင့်ပေးလိုက်လဲဗျာ။ သူူ အသင်းမှာ ဆက်ရှိရင်လဲ ပြသနာတွေ က ပြေလည်သွားလိမ့်မယ်လို့ မဆိုလိုပါဘူး ၊ ဒါပေမယ့် အသင်း အကယ်ဒမီ ကနေ ထွက်လာခဲ့တဲ့ ချာတိတ်လေး တစ်ယောက်ကို ပေါင် 25 သန်း နဲ့ ရောင်းချလိုက်ရပေမယ့် ၊ အဲဒီ ပမာဏ က အာဆင်နယ် ကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့် ပမာဏမျိုး မဟုတ်ဘူးလေ။

ပြောရရင် ဟယ်ရီ ကိန်း ၊ ဂရေးလစ်ချ် တို့ကို ရောင်းပြီး ၊ ပြန် တည်ဆောက်လို့ ရတဲ့ ငွေကြေး ပမာဏမျိုး ရတာ မဟုတ်ပဲနဲ့ ရောင်းထုတ်လို့ ထောက်ပြချင်တာပါ။ တဖက်မှာ ဝီလီယံ လို ကစားသမားမျိုးကိုတော့ လစာတွေ အများကြီး ပေးထားပြန်ပါတယ်။

ဝီလီယံ က အကျဘက် ရောက်နေပါပြီ ။ အနာဂတ် မှာ အကျဘက်ပိုင်းပဲ ဦးတည်တော့မှာပါ။ ပြသနာကို အလျှင်မြန် အဖြေရှာတဲ့ နည်းလမ်း ဆိုရင်တောင် ၊ ဝီလော့ ဟာ အသင်းရဲ့ အနာဂတ်မှာ အရေးပါတဲ့ ကစားသမားမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အဒူး ဟာ ဘာတွေ လုပ်နေတာလဲ ၊ ဘယ်လို အစီအစဉ်တွေကို အကောင်ထည် ဖော်နေတာလဲ။

ကျနော့် အမြင်မှာတော့ အာဆင်နယ် ရဲ့ နေ့ရက်တွေ က အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ 2004 ဆိုတာ သမိုင်း မှတ်တမ်းပဲ ဖြစ်သွားပါပြီ။ ကျနော်တို့ အာဆင်နယ် ပရိသတ်တွေဟာ အတိတ်တွေကို ပြန်တွေးရင်းပဲ ကျေနပ်နေရတာပါ။

သောကြာနေ့ တုန်းက ကစားခဲ့တဲ့ ပွဲဆိုရင် ဒီလို ရလာဒ်မျိုး ထွက်လာတော့မယ် ဆိုတာ ကြိုတောင် ခန့်မှန်းမိနေပါတယ်။ အပြောင်းအလဲ က ဘာမှ မလုပ်နိုင်ချိန်မှာ ၊ ကိုယ့် အသင်းရှုံးမယ့် အခြေအနေကို စောင့်ကြည့်နေရသလိုပါပဲ။

ဒါပေမယ့် ကလပ်အသင်း တာဝန်ရှိသူတွေ ကတော့ ဒီကြောင်းအရာတွေ ကို ခံစားမိကြပုံမပေါ်ပါဘူး။ ကျနော် စိတ်အပူဆုံး အပိုင်းက အဲဒီ အချက်ပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။

အဒူး လက်ထက် အာဆင်နယ် ခေါ်ယူခဲ့တဲ့ ကစားသမား
*****************
ပေါင် 72 သန်း သန်း – နီကိုလပ် ပီပီ
မဖော်ပြ – စလီဘာ
မဖော်ပြ – တီယာနေး
ပေါင် 8 သန်း – လူးဝစ်
မဖော်ပြ – မာရီ
မဖော်ပြ – မာတင်နယ်လီ
အငှား – စီဘယ်လော့
မဖော်ပြ – စီးဒရစ်
ပေါင် 45 သန်း – ပါတေး
ပေါင် 27 သန်း – ဂါဘရီရယ်
ယူရို 40 သန်း – အိုဒီဂရတ်
မဖော်ပြ – ရန်နာဆွန်
အလွတ် – ဝီလီယံ
အငှား – မတ် ရိုင်ယန်
ပေါင် 50 သန်း – ဘန်ဝှိုက်
ပေါင် 15 သန်း – လိုကွန်ကာ
မဖော်ပြ – တာဘာရက်