စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ ယူရိုပါ ကွန်ဖရန့်လိဂ် ကစားဖို့ အတွက် ပေါ်တူဂီ ကို ထွက်ခွာ သွားတဲ့ အသင်းမှာ ပါဝင် လာခြင်း မရှိဘဲ ကျန်ရစ် ခဲ့တယ်လို့ သိရ ပါတယ် ။ အက်စတွန် ဗီလာ နဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဂယ်ဘရီရယ် အလွန်လဟော် ကတော့ စပါး ဥက္ကဌ လီဗိုင်း အနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ကို မရောင်းချဘဲ ဆက်လက် ထိန်းသိမ်း ထားတာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ ကွင်းလယ်လူ တိုနီ ကရူးစ် က လီယွန်နယ် မက်ဆီ PSG ကို ရောက်ရှိ သွားမှုဟာ အမ်ဘာပေ ကို ရီးရဲ မက်ဒရစ် က ခေါ်ယူ နိုင်ဖို့ အတွက် အထောက် အကူ ဖြစ်စေ လိမ့်မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ရီးရဲ ဟာ ယခု အပြောင်းအရွှေ့ အတွင်းမှာ အမ်ဘာပေ ကို မခေါ်ယူ နိုင်ခဲ့ပါက လာမယ့် နွေရာသီမှာ ထပ်မံ မကြိုးစား တော့ဘဲ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဘက်ကို မြားဦးလှည့်ဖွယ် ရှိတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

 

PSG ဒါရိုက်တာ လီယိုနာဒို ကတော့ ဘာပေ ဟာ ဒီရာသီမှာ အသင်းနဲ့ အတူ ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း အသင်းသားတွေကို လေ့ကျင့်ခန်း အစီအစဉ် အပြီး အဝတ်လဲခန်း ထဲမှာ ထုတ်ဖော် ပြောဆို ခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

ဘာစီလိုနာ နဲ့ စပိန် နောက်ခံလူဟောင်း အဲလက်စ် ဗီဒယ် ဟာ အက်စ်ပန်ညို အသင်း ကို အလွတ် ပြောင်းရွှေ့ လာခဲ့ပြီး ၂၀၂၃ ဇွန်လ အထိ စာချုပ် ချုပ်ဆို လိုက်တယ်လို့ သတင်း ရရှိ ပါတယ် ။

 

ကတ်တလန် အခြေစိုက် မွန်ဒို ဒီပို့တီပို သတင်းစာ ကတော့ ဖိလစ်ပီ ကော်တင်ဟို ဟာ ဘာစီလိုနာ ကနေ ထွက်ခွာ ရဖွယ် မရှိဘဲ နည်းပြ ရော်နယ် ကိုးမန်း ဟာ သူ့ရဲ့ အစီအစဉ်တွေ ထဲမှာ ဘရာဇီးသား ကို ထည့်သွင်း ထားတယ်လို့ ဖော်ပြ ခဲ့ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ မက်ဆီ ရဲ့ ကျောနံပါတ် ၁၀ ကို ကော်တင်ဟို ထံ ပေးအပ်ဖွယ် ရှိတယ်လို့လည်း မွန်ဒို သတင်းစာက ဖော်ပြ သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုဗစ် ကာလ မှာ ဝင်ငွေ လျော့နည်းမှု ရှိခဲ့ ပေမယ့် အသင်းရဲ့ ဝန်ထမ်း တွေကို လစာ ဆက်ပေးထားတဲ့ အပြင် နောက်ဆုံး ကြားသိရတဲ့ သတင်း အရ အသင်းရဲ့ ဝန်ထမ်းတွေ ကို လစာ တိုးပေး ခဲ့တယ်လို့သိရှိရ ပါတယ် ။

 

ချဲလ်ဆီး ကစားသမား ၂ ဦး ဖြစ်တဲ့ ပူလီဆစ် နဲ့ ကန်တီ တို့ ဟာ ဒီကနေ့ ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ ပါဝင် လာခြင်း မရှိတာကြောင့် အာဆင်နယ် နဲ့ ယှဉ်ပြိုင် ကစားမယ့် တနင်္ဂနွေနေ့ ပွဲစဉ် အတွက် မသေချာတဲ့ အနေအထားမှာ ရှိလာခဲ့တယ် လို့ သိရ ပါတယ် ။

 

ချဲလ်ဆီး တိုက်စစ်မှူး ဘတ်ရှူဝါရီ ကတော့ အသင်း နဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ခဲ့ပြီး နောက်မှာ တူရကီ ကလပ် ဘက်ဆစ်တပ် ထံ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

 

ချဲလ်ဆီး အသင်းဟာ ဒီကနေ့ ပြုလုပ်တဲ့ Opean Training ( ပရိသတ်တွေ ပါဝင်ကြည့်ရှု နိုင်တဲ့ လေ့ကျင့်ခန်း ) အစီအစဉ် မှာ ရရှိ ထားတဲ့ ချန်ပီယံလိဂ် နဲ့ စူပါ ဖလားတို့ကို ပြသ ခဲ့သလို ကစားသမားသစ် လူကာကူ လည်း စတင် လေ့ကျင့်ခဲ့တယ် လို့ သိရ ပါတယ် ။

လူကာကူ ဟာ ချဲလ်ဆီး မှာ ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစား သွားမှာ ဖြစ်ပြီး ရှေ့က နံပါတ် ၉ တွေ ရဲ့ မအောင်မြင်တဲ့ အစဉ်အလာကို ချိုးဖျက် နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ ပါတယ် ။

 

PSG အသင်းဟာ မက်ဆီ ရောက်ရှိ လာ အပြီးမှာတော့ အသင်းရဲ့ လုပ်ခ လစာ ကြပ်တည်းမှု မဖြစ်စေဖု့ိ အတွက် စီနီယာ ကစားသမား ၅ ဦး ကို ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရ ပါတယ် ။ အဲ့ဒိ ကစားသမား တွေထဲမှာ ဂျာမန် လက်ရွေးစင် ဒရက်ဇ်လာ ၊ အာဂျင်တီးနား ကွင်းလယ်လူ ဆာရာဘီယာ တို့ ပါဝင် နေသလို သီလို ခီဟာ ၊ ခွာဇာဝါ နဲ့ ရာဖင်ဟာ တို့လည်း ရောင်းထုတ်ခံ ရမယ့် စာရင်းမှာ ပါဝင်ကြတယ်လို့ သိရ ပါတယ် ။

 

အင်တာ တိုက်စစ်မှူးလေး လူတာရို မာတီနက် ဟာ အသင်း နဲ့ စာချုပ် သက်တမ်းတိုးဖို့ အတွက် အေးဂျင့် ဖြစ်သူ နဲ့ လုပ်ဆောင် ထားစေပြီး မကြာခင် ရက်ပိုင်း မှာ သဘောတူညီ နိုင်မယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

SPORTS MYANMAR