အင်္ဂလိပ် ပရီး မီး ယား လိဂ် ရဲ့ စ နေ နေ့ ပွဲစဉ် တစ် ပွဲ ဖြစ် ခဲ့ ချဲလ်ဆီး – ကာဒစ် ပွဲ စဉ် ကို မြန် မာ စံ တော် ချိန် ည ၈း၃၀ နာ ရီ မှာ ယှဉ် ပြိုင် ကစား သွားခဲ့ ပါတယ် ။ ချဲလ်ဆီး ဟာ ပြီး ခဲ့တဲ့ ပွဲစဉ် က လူစာ ရင်း ကို ၂ နေ ရာ အပြောင်း အလဲ ပြုလုပ် လာ ခဲ့ပြီး မို ရာတာ နေ ရာမှာ ဂျီရူး ၊ ၀ီလ်ယံ နေ ရာမှာ ပက်ဒရို တို့ ကို ထည့်သွင်း ကစား သွားခဲ့ ပါတယ် ။ ယနေ့ ပွဲ ဟာ ပက်ဒရို အတွက် ပ ရီး မီး ယား လိဂ် ပွဲ ၁၀၀ ပြည့် မြောက် တဲ့ ပွဲ လည်း ဖြစ် ခဲ့ ပါတယ် ။

ပွဲ အစ ၈ မိနစ် မှာ ဟာဇက် နဲ့ အလွန် ဆို တို့ ရဲ့ တွဲ လုံး ကနေ ဖန်တီး ပေး လိုက် တဲ့ ဘောလုံး ကို ဂျီရူး ပိတ် သွင်း ဖို့ ကြိုးစား ခဲ့ ပေမယ့် ဂိုး ဘေး ကနေ ထွက် သွားခဲ့ ပါတယ် ။

GOAL!!!!! ( ချဲလ်ဆီး ၀ – ၁ ကာဒစ် )

ပွဲချိန် ၁၆ မိနစ် မှာတော့ ဧည့်သည် ကာဒစ် က မထင် မှတ် ဘဲ အဖွင့် ဂိုး ရရှိ သွားခဲ့ ပါတယ် ။ ဖရီးကစ် က နေ ချဲလ်ဆီး ဧရိယာ ထဲ ကို ကန်တင် လိုက် တဲ့ ဘောလုံး ကို ကာဒစ် ကစား သမား တစ်ဦး ခေါင်း တိုက် လိုက် ရာ ကနေ ပြန် ကျ လာ တဲ့ ဘောလုံး ကို နောက် ခံလူ ဘမ်ဘာ က ပြေးဝင် ပိတ်သွင်း သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဂိုး ပေး လိုက် ရတဲ့ ချဲလ်ဆီး တို့ ချက် ချင်း ဆို သလို ကာဒစ် ဘက် ကို ထိုးဖောက် လာ ခဲ့ပြီး ဟာဇက် ရဲ့ ကန်သွင်း မှု ကို ကာဒစ် ဂိုး သမား ကာကွယ် ပုတ် ထုတ် ခဲ့ ရ ပါတယ် ။ ဆက် တိုက် ဆို သလို ပဲ ဂျီရူး ရဲ့ နောက် ပေါက် နဲ့ ချ ပေး မှု က နေ ကိုဗာဆစ် ဂိုး သမား နဲ့ တစ် ယောက် ချင်း အပိုင် ကန် သွင်း ခွင့် ရရှိ ခဲ့ ပေမယ့် ကာဒစ် စီးတီး ရဲ့ ဖိလစ်ပိုင် ဂိုး သမားလေး အီ သာ ရစ် ကာကွယ် သွား နိုင် ခဲ့ ပါတယ် ။

ပွဲချိန် ၂၃ မိနစ် မှာ လည်း ပက်ဒရို ရဲ့ ကန် ချက် ဂိုး ဘေး ကနေ ထွက် သွားခဲ့ သလို ၃၁ မိနစ် မှာ ရရှိ တဲ့ ဧရိယာ အစပ် က ဖရီးကစ် ကို အလွန် ဆို ကန်သွင်း ရာမှာ လည်း ဂိုး ပေါ် ကနေ ကျော် သွားခဲ့ ပါတယ် ။

ချဲလ်ဆီး က တော့ ဂိုး ပေး လိုက် ရ အပြီး မှာ ကာဒစ် ကို ဆက် တိုက် ဖိ ကစား လာ ခဲ့ပြီး ကာဒစ် က တော့ ရံ ဖန် ရံ ခါ မှ သာ ချဲလ်ဆီး ဂိုး ဘက် ကို ဘောလုံးရောက် အောင် စွမ်းဆောင် နိုင် ခဲ့ ပါတယ် ။

GOAL!!!!! ( ချဲလ်ဆီး ၁ – ၁ ကာဒစ် )

ပွဲချိန် ၃၇ မိ နစ် မှာ တော့ ချဲလ်ဆီး တို့ ခြေပဂိုး ရရှိ သွားခဲ့ ပါတယ် ။ ဒီ ဂိုး ကိုတော့ ဂျီရူး ဖန်တီး ပေး လိုက် တဲ့ ဘောလုံး ကို ဟာဇက် က ဆွဲပြေး ယူ ရင်း ဂိုး ဧရိယာ ညာဘက် ထိပ် ကနေ ထောင့်ဖြတ် ကန်သွင်း ရယူ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

GOAL!!!! ( ချဲလ်ဆီး ၂ – ၁ ကာဒစ် )

ပွဲချိန် ၄၃ မိ နစ် မှာ လည်း ချဲလ်ဆီး ကပဲ ဒုတိယ ဂိုး ရရှိ သွား ခဲ့ ပါတယ် ။ ဒီဂိုး ကို လည်း အို လီ ဗာ ဂျီရူး ရဲ့ စွမ်းဆောင် မှု က တဆင့် ဟာဇက် ကန် သွင်း ရာမှာ ကာဒစ် ကစား သမား နဲ့ ထိပြီး ဂိုး ၀င် သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ပထမပိုင်း အပြီး မှာ တော့ ချဲလ်ဆီးတို့ ကာဒစ် ကို ၂ – ၁ ရလဒ် နဲ့ အနိုင် ရရှိ နေခဲ့ ပါတယ် ။

ပွဲချိန် မိနစ် ၅၀ မှာ တော့ ချဲလ်ဆီး တို့ ပထမ ဆုံး လူ စား လဲ မှု ပြုလုပ် ခဲ့ ပြီး ကို ဗာ ဆစ် နေ ရာ မှာ ဘာ က လေ ၀င် ရောက် ကစား သွား ခဲ့ ပါ တယ် ။

ဒု တိယ ပိုင်း မိနစ် ၆၀ အထိ ချဲလ်ဆီး က ပဲ ဆက်လက် ဦးဆောင် နေခဲ့ ပါတယ် ။ ကာဒစ် ဟာ ဒုတိယ ပိုင်းမှာ ပြန်လည် ထိုးဖောက် နိုင် ဖို့ ကြိုးစား ခဲ့ ပေမယ့် တိုက် စစ်ပိုင်း က အမြင့်ဘော တွေ အရာ မရောက် ခဲ့ သလို ချဲလ်ဆိး ကလည်း ထိန်း ကစား လာတာ ကြောင့် ဂိုး ထပ် မသွင်း နိုင် ခဲ့ ပါဘူး ။

ပွဲချိန် ၆၇ မိနစ် မှာတော့ ပက် ဒ ရို ကို ၀ီလ်ယံ နဲ့ လူစားလဲ ကစား သွားခဲ့ ပါတယ် ။

ပွဲချိန် ၆၀ ကနေ ၇၀ ကြား မှာတော့ နှစ် သင်း စလုံး ဂိုး ရဖို့ နီးစပ် တဲ့ ကန်သွင်း မှု တွေ ကိုယ်စီ ရှိ ခဲ့ကြ ပေမယ့် ဂိုး ပိုက်တွေ ကို တော့ လှုပ်ခတ် အောင် မစွမ်း ဆောင် နိုင် ခဲ့ ပါဘူး ။

ပွဲချိန် ၇၉ မိနစ် မှာတော့ ၀ီလ်ယံ ကို ဘမ်ဘာ ဖြတ်ထုတ် ခဲ့မှု အတွက် ချဲလ်ဆီး တို့ ပင်နယ်တီ ကန်ခွင့် ရရှိ ခဲ့ ပါတယ် ။

GOAL!!!! ( ချဲလ်ဆီး ၃ – ၁ ကာဒစ် )

မိနစ် ၈၀ မှာတော့ အဆိုပါ ပင်နယ်တီ ကို ဟာဇက် က ကန်သွင်းပြီး ချဲလ်ဆီး အတွက် တတိယ ဂိုး နဲ့ သူ့ အတွက် ဟက်ထရစ် တို့ ကို ရယူ သွားခဲ့ ပါတယ် ။

GOAL!!!!! ( ချဲလ်ဆီး ၄ – ၁ ကာဒစ် )
ပွဲချိန် ၈၃ မိနစ် မှာတော့ ချဲလ်ဆီး တို့ စတုတ္ထ ဂိုး ထပ်မံ ရရှိ သွားခဲ့ ပြန် ပါတယ် ။ ဒီဂိုး ကို တော့ ချဲလ်ဆီး တောင်ပံ ကစား သမား ၀ီလ်ယံ က ကာဒစ် ဂိုး ဧရိယာ ထိပ် က နေ အဝေး အပေါ် ထောင့် ကို လှလှ ပပ ဝေ့၀ိုက် ကန်သွင်း ကာ ရယူ ပေး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

၈၄ မိနစ် မှာတော့ ဟက် ထရစ် ရှင် အီဒင် ဟာဇက် ကို ဇက်ပါ ကော်စတာ နဲ့ လူစားလဲ ကစား သွားခဲ့ ပါတယ်

ပွဲ အပြီး မှာတော့ ချဲလ်ဆီး အသင်း ဟာ ကာဒစ် စီးတီး အသင်း ကို အီ ဒင် ဟာ ဇက် ရဲ့ ဟက်ထရစ် နဲ့ အတူ အနိုင် ရရှိ ခဲ့ပြီး ယခု နှစ် ပ ရီးမီးယားလိဂ် မှာ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်း ကောင်း ကို ဆက်လက် ထိန်း သိမ်း ထား နိုင် ခဲ့ ပါတယ် ။ ချဲလ်ဆီး ဟာ ၅ ပွဲ ကစား အပြီး မှာ ရမှတ် ပြည့် ( ၁၅ မှတ် ) ရရှိ ထားပြီး လီဗာပူး အသင်း နဲ့ အတူ အမှတ်ပေး ဇယား ထိပ် ကို ဦးဆောင် နေခဲ့ ပါတယ် ။

SPORTS MYANMAR