ဒီရာသီမှာ ထိပ်ဆုံး ၆ သင်းထဲ ဝင်နိုင်ဖို့ဆိုတာဟာ အာဆင်နယ် အတွက် အတော်လေး ခက်ခဲနိုင်ကြောင်း နောက်ခံလူဟောင်း ဆီဗက်စတား က သုံးသပ် ပြောကြား လိုက်ပါတယ် ။ ဒါပေမယ့် ဆီဗက်စတား က ကစားသမားသစ် ဘန်ဝှိုက် ဟာ တဖြည်းဖြည်းပိုကောင်းလာပြီး ဂန်းနားတို့အတွက် အရည်အသွေးကောင်းတွေ ဆောင်ယူ လာပေးလိမ့်မယ်လို့ ဆိုပါတယ် ။

ဒီရာသီမှာ အာဆင်နယ် အသင်း ရဲ့ ပြိုင်ဘက် အသင်းတွေ ဖြစ်ကြတဲ့ မန်ယူနိုက်တက် အသင်းဟာ ဆန်ချို နဲ့ ဗာရန်း ကို ခေါ်ယူရာမှာ ပေါင် သန်း ၁၀၀ ကျော် အသုံးပြု ခဲ့ပြီး ချဲလ်ဆီး အသင်းကလည်း လူကာကူ ကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ ထားပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အာဆင်နယ် အသင်းကလည်း ဘန်ဝှိုက် တစ်ဦးတည်း အတွက် ပေါင် သန်း ၅၀ အသုံးပြုခဲ့သလို အိုဒီဂတ် နဲ့ ရမ်စ်ဒေးလ် တို့ အတွက်လည်း နောက်ထပ် ပေါင် သန်း ၆၀ အသုံးပြု သွားဦးမှာ ဖြစ်ပါတယ် ။

ဆီဗက်စတား က MyBettingSites မှာ ” အာဆင်နယ် အသင်း အနေနဲ့ သူ့ရဲ့ ပြိုင်ဘက် အသင်းတွေ ငွေတွေ အများကြီး သုံးပြီး အရည်အသွေးမြင့် ကစားသမားတွေ ခေါ်နေတောကို မြင်တော့ အတော်လေး စိုးရိမ်စိတ် ဖြစ်မိနေမှာပါ ။ ”

” ရာသီအစကတည်းက ပြီးခဲ့တဲ့ ရာသီကထက် ပိုမို တိုးတက်အောင် ကစားနိုင်ရမယ် ဆိုတဲ့ ခက်ခဲတဲ့ တာဝန် ရှိနေပါပြီ ။ ဒါက နည်းပြ အာတီတာ အတွက်ရော အသင်း ထိပ်ဆုံး ခြောက်ဆုံး အသင်းထဲ ဝင်ဖို့ပါ အတော်လေး ခက်ခဲ သွားစေပါတယ် ။ ”

” ထိပ်ဆုံး ၆ သင်းထဲ ပြန်ဝင်နိုင်ဖို့က အာဆင်နယ် အသင်းရဲ့ အဓိက ရည်မှန်းချက် ဖြစ်သင့် ပါတယ် ။ ” လို့ ဆိုပါတယ် ။ ဆက်လက်ပြီး ဆီဗက်စတား က ဘရန့်ဖိုဒ့် နဲ့ အဖွင့်ပွဲမှာ ရုန်းကန် ခဲ့ရတဲ့ ဘန်ဝှိုက် ရဲ့ ခြေစွမ်းကိုလည်း ခုလို အကဲဖြတ် သွားခဲ့ပါတယ် ။

” အင်္ဂလန်မှာက အင်္ဂလိပ် ကစားသမားတွေကို ခေါ်တဲ့ အသင်းတွေ အတွက် ဖိအားများပါတယ် ၊ အာဆင်နယ်မှာက နိုင်ငံခြားသား ကစားသမား များနေပြီးသားပါ ၊ ဒါကြောင့် ဘန်ဝှိုက် လို အင်္ဂလန် နောက်ခံလူ တစ်ဦးကို ခေါ်ယူ ခဲ့တာပါ ။ ”

” ဘန် က သောကြာနေ့မှာ ကစားခဲ့တဲ့ ဘရန့်ဖိုဒ့် နဲ့ ပွဲမှာ ရုန်းကန် ခဲ့ရပါတယ် ၊ ဒါပေမယ့် သူက ကစားသမားကောင်းအရည်အချင်းနဲ့ ပြည့်စုံပြီး ပါးနပ်မှုလည်း ရှိပါတယ် ။ ဒါကြောင့် သူ့အနေနဲ့ အဖွင့်ပွဲက အမှားတွေကို သင်ခန်းစာယူလိမ့်လို့ ကျနော် သေချာပေါက် ပြောရဲပါတယ် ။ ”

” သူ့အတွက် ဘရိုက်တန် ကနေ အာဆင်နယ် ကို ပြောင်းလာရတာက တကယ့်ကို ကြီးမားတဲ့ ကစားသမားဘဝ ခြေလှမ်းပါပဲ ၊ ကျွန်တော်ကတော့ သူဟာ အာဆင်နယ် အသင်းနောက်တန်းမှာ အရည်အသွေးကောင်းတွေ ပြသ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ”

” နောက်ခံလူတွေ အနေနဲ့ တစ်ပွဲလုံးကို အာရုံစိုက် ကစားဖို့ လိုအပ်ပါတယ် ၊ အာဆင်နယ် အသင်းမှာက ပြီးခဲ့တဲ့ နှစ်အတွင်း အဲ့ဒီလို မကြာခဏ ဖြစ်ပြီး ဂိုးတွေ အလွယ်တကူ ခွင့်ပြု ပေးခဲ့ရပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။