Costa

ပြီးခဲ့တဲ့ တန်းတက် နောဝှစ်ခ်ျ အသင်း နဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ အသင်း အတွက် ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ၂ဂိုး ကို စတင် သွင်းယူကာ ထို ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိ ခဲ့ပါတယ် ။ လမ်းပတ် လက်ထက် မှာ အေဘရာဟမ် ဟာ အခြား အသင်းဖော် တိုက်စစ်မှူး ၂ဦး ဖြစ်တဲ့ အိုလီဗီယာ ဂျရူး ၊ မစ်ချီ ဘတ်ရှူဝါရီ တို့ထက် ပွဲထွက်ခွင့် အလေးပေးခြင်း ခံနေရသူ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ တိုင်တကြိမ် ထိမှန် ခဲ့လို့ အဖွင့် သွင်းဂိုး နဲ့ အေဘရာဟမ် လွဲချော် ခဲ့ရသလို ၊ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာလည်း ပင်နယ်တီ လွဲချော် ခဲ့လို့ ဖိအား တွေအောက် ကျရောက် ခဲ့ရပါတယ် ။ နောဝှစ်ခ်ျ နဲ့ ပွဲမှာတော့ အေဘရာဟမ် ဟာ လမ်းပတ် ရဲ့ ယုံကြည်မှု ကို အပြည့်အဝ ပေးဆပ်ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။

ဂိုးသွင်းအပြီး ဖရန့် လမ်းပတ် ရှိရာ ကွင်းဘေးစည်း ကို သွားရောက် ပြေးဖက် အောင်ပွဲ ခံခဲ့တာ ကို ကြည့်ခြင်းအားဖြင့် အေဘရာဟမ် ဟာ သူ့ရဲ့ ဖိအား တပုံတပင် ကို လျှော့ချ နိုင်ခဲ့တဲ့ ပုံပေါ် နေပါတယ် ။ ဒါ့အပြင် အေဘရာဟမ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကျိန်စာသင့် ကျောနံပါတ် ၉ ကို ကိုယ်တိုင် ကိုယ်ကျ ရွေးချယ် ဝတ်ဆင် ထားတဲ့ အတွက် သွင်းဂိုး တွေ ပျောက်ဆုံး မှာ ပိုပြီး ဖိအားများစရာ ဖြစ်ခဲ့ရပါတယ် ။

လက်ရှိ ဖရန့် လမ်းပတ် ရဲ့ မြန်နှုန်းမြင့် ၊ တိုက်စစ် အသားပေး ကစားဟန် မှာတော့ အေဘရာဟမ် ဟာ ချယ်လ်ဆီး တိုက်စစ် ကို ဦးဆောင်ဖို့ အသင့်လျော်ဆုံး လို့ ထင်ကြေး ခံနေရ ပေမယ့် အတွေ့အကြုံ တွေနဲ့ ဂိုးသွင်း အဆုံးသတ်ပိုင်း ဆက်လက် ကောင်းမွန် လာဖို့ လိုနေပါသေးတယ် ။ အထူးသဖြင့် ဒီယေဂို ကော်စတာ နောက်ပိုင်း ချယ်လ်ဆီး တိုက်စစ် က ပင်တိုင် ဂိုးသွင်း ပေးမယ့် သူ နေရာ ကို အေဘရာဟမ် အစားထိုး ဝင်ရောက်ဖို့ သွင်းဂိုး တွေနဲ့ သက်သေပြဖို့ လိုအပ် နေပါတယ် ။

လီဗာပူး ကွင်းလယ်လူ ဟောင်း ဂျေမီ ရက်ဒ်နပ် ကတော့ နောဝှစ်ခ်ျ နဲ့ ပွဲမှာ အေဘရာဟမ် ခြေစွမ်း ပြနိုင်ခဲ့လို့ ဝမ်းသာ ရပေမယ့် သွင်းဂိုး တွေ အတွက် သူမှာ ဖိအား ရှိနေဆဲ ဖြစ်သလို ၊ ဒီယေဂို ကော်စတာ လိုမျိုး ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ် အတွက် တဒိုင်းဒိုင်း ဂိုးသွင်းသူ ဖြစ်လာဖို့ လိုနေသေးကြောင်း Daily Mail နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

ရက်ဒ်နပ် က ” နောဝှစ်ခ်ျ နဲ့ ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရရှိ ခဲ့တာနဲ့ ပတ်သက်ပြီး ဖရန့် ကို ကျွန်တော် တို့ ချီးကျူး ရပါမယ် ။ အဲ့ဒီ ပွဲကို အနိုင်ရဖို့ အတွက် ဖရန့် နဲ့ ချယ်လ်ဆီး အသင်း မှာ ဖိအား တွေ အများကြီး ရှိနေခဲ့ပါတယ် ။ ဒါပေမယ့် လမ်းပတ် ဟာ အေဘရာဟမ် ကို ပွဲထုတ်ဖို့ ယုံကြည်မှု အပြည့်အဝ ရှိခဲ့သလို ၊ သူ့ရဲ့ အရဲစွန့် အသုံးပြုမှု က အေဘရာဟမ် အတွက် ဂိုး၂ဂိုး ရရှိ စေခဲ့ပါတယ် ။ ”

” အေဘရာဟမ် ဟာ ပြီးဆုံး သွားတဲ့ ဇာတ်လမ်း တပုဒ် မဟုတ်ပါဘူး ။ ကျွန်တော့ အမြင်မှာတော့ သူဟာ ဒီယေဂို ကော်စတာ လိုမျိုး ကြမ်းကြမ်းတမ်းတမ်း နဲ့ တွန်းတိုက် ကစား နိုင်တဲ့ တိုက်စစ်မှူး မျိုး ဖြစ်လာဖို့ လိုနေပါသေးတယ် ။ ဒါဆို အေဘရာဟမ် အတွက် ကျောနံပါတ် ၉ ဟာ ကံကောင်း စေတဲ့ နံပါတ် ဖြစ်လာမှာပါ ။ ” လို့ သုံးသပ် ခဲ့ပါတယ် ။

မနေ့က ထွက်လာတဲ့ သတင်း တွေ အရတော့ အေဘရာဟမ် ကို ချယ်လ်ဆီး အသင်း ဟာ စာချုပ် သက်တမ်း တိုးနိုင်ဖို့ စီစဉ် နေပြီး ယခု ရရှိ နေတဲ့ တပတ် လုပ်ခ ပေါင် ၅သောင်း ရဲ့ ၂ဆ ၊ တပတ် တသိန်း ပေးပြီး ၅နှစ် စာချုပ် ကမ်းလှမ်း သွားဖို့ ရှိနေတယ် လို့ သိရပါတယ် ။

SPORTS MYANMAR