တချိန်က ကောက်ရိုးမီး လို့ မနာလိုသူတွေ ရဲ့ ဝိုင်းဝန်း သမုတ်ခြင်း ကို ခံခဲ့ရတဲ့ မို ဆာလာ ဟာ ကောက်ရိုးမီး ခြေစွမ်းမဟုတ်ကြောင်း ကို ဒီနှစ် ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလဲ ခြေစွမ်းပြကာ သက်သေပြလိုက် ပြန်ပါပြီ။

လီဗာပူး သွင်းယူခဲ့တဲ့ 3 ဂိုး ကြည့်လိုက်မယ် ဆိုရင် ၊ သူ တဦးတည်း က 2 ဂိုး ဖန်တီးကာ ၊ ကိုယ်တိုင် 1 ဂိုး သွင်းယူ ပေးခဲ့ ပါတယ်။ ဒါကြောင့်လဲ သူ့ရဲ့ အကြံပေး ရှေ့နေဖြစ်သူ Ramy Abbas Issa က “ ဒီခြေစွမ်းမျိုး ကို သူတို့ စောင့်ကြည့်နေကြမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး Twitter မှာ တင်သွားခဲ့တာ ဖြစ်ပါတယ်။

Ramy Abbas Issa ရဲ့ စကားလုံးတွေဟာ FSG ကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ကြောင်း လီဗာပူး ပရိသတ်တွေ အားလုံးက သဘောပေါက် ကြပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

တကယ်တော့ ဆာလာ ရဲ့ စွမ်းဆောင်ရည်တွေ ကို အသိအမှတ်ပြုဖို့ FSG အတွက် အဲဒီလောက် အထိ လိုအပ်မယ် မထင်ပါဘူး။

The Athletic ရဲ့ ဖော်ပြချက်မှာတော့ FSG ဟာ အီဂျစ် တိုက်စစ် ကစားသမား ကို စာချုပ်သက်တမ်း တိုးနိုင်ဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ တပတ် လုပ်ခ ပေါင် 200000 ဝန်းကျင် ရရှိနေကာ ၊ လာမယ့် ဘောလုံးရာသီ အပြီးမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

သတင်းအရတော့ 2025 ခုနှစ် အထိ သက်တမ်း တိုးဖို့ မျှော်လင့်ရသလို ၊ ကလပ် သမိုင်းကြောင်း တလျှောက် စံချိန်တင် လုပ်ခ လစာ အများဆုံး ကစားသမားလဲ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။

မိုက်ကယ် အက်ဒ်ဝပ်ဟာ လက်ရှိ အပြောင်းအရွှေ့မှာပဲ အာနိုး ၊ ဖာဘင်ဟို ၊ အလီဆွန် ၊ ဗန်ဒိုက် တို့ကို လစာ အသီးသီး တိုးပေးပြီး စာချုပ်သစ်တွေ ချုပ်ဆိုပြခဲ့ပါတယ်။ ဒါဟာ ကစားသမားသစ် ခေါ်ယူဖို့ထက် ၊ နှစ်ပေါင်း 30 ကျော် ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို ရရှိအောင် ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကစားသမား ကိုပဲ ယုံကြည်မှု အပြည့်နဲ့ ဆက်ထိန်းသွားမယ် ဆိုတဲ့ လမ်းကြောင်းမျိုးကို ရွေးချယ်လိုက်တာ ဖြစ်ကြောင်း ထင်ရှားနေခဲ့ ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆင် ကို စာချုပ် သက်တမ်းတိုးနိုင်ဖို့ အခြေခံ မူအားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်သလို ၊ ဆာဒီယို မာနေး ၊ အန်ဒီ ရော်ဘတ်ဆန် တို့ရဲ့ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံကာ စာချုပ်သစ်ကိစ္စတွေ ဆက်လက် ဆွေးနွေးဖို့ စီစဉ်လျှက် ရှိနေပြန်ပါတယ်။

အသင်းမှာ ရှိတဲ့ တာဝန်ရှိသူ တဦးကတော့ ဆာလာ ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေမှုတွေဟာ “တိုးတက်မှုတွေ အလျှင်မြန် ဖြစ်ပေါ်လာနေတယ်” လို့ မှတ်ချက်ပေးထားပါတယ်။ သို့သော် ဟန်ဒါဆင် ရဲ့ အနေအထားလိုမျိုး အခြေခံ အားဖြင့် သဘောတူညီတဲ့ အဆင့်မျိုး အထိ ရောက်ရှိခြင်း မရှိသေးပါဘူး။

FSG ကို ဦးဆောင်နေတဲ့ သူတွေဟာ ဆာလာ ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက် အဖြစ် အကြွင်းမဲ့ လက်ခံထားသလို ၊ စာချုပ်သစ် မှာလဲ ထိုက်ထိုက်တန်တန် ပေးချေဖို့ လိုအပ်တယ်လို့ ယုံကြည်ထားပါတယ်။ သို့သော် ကလပ် အသင်းမှာ ရှိတဲ့ အခြား ကစားသမားတွေ နဲ့ အကြား အလွန်အကျွံ ကွာဟနေတာမျိုးတွေ မဖြစ်အောင် ထိန်းညှိဖို့တော့ လိုအပ်မှာ ဖြစ်ကြောင်း ၊ အသင်း နဲ့ နီးစပ်တဲ့ အေးဂျင့် တစ်ယောက် ကို မှတ်ချက် ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မာနေး နဲ့ ဖာမင်နို တို့ ခြေစွမ်းကျခဲ့တာကြောင့် တိုက်စစ်က ဂိုးသွင်းတဲ့ တာဝန်တွေကို တဦးတည်း ပခုံးထမ်း ရယူရင်း ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် ဦးဆောင် တိုက်ပွဲဝင်ပေးခဲ့ပါတယ်။ ဒါကြောင့်လဲ လီဗာပူး တာဝန်ရှိသူတွေက ဆာလတ် ကို စာချုပ် သက်တမ်းတိုးဖို့ အားစိုက် လုပ်ဆောင်ခဲ့တာပါ။

ယခင်ကလို ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် အကြောင်းတွေကို ပြောရင်း စာချုပ်သစ် ကိစ္စကို ဖိအားပေးတော့မှာ မဟုတ်တဲ့ အပြင် ၊ နှစ်ဖက်စလုံးကလဲ ဘုံသဘောတူညီမှု တခု ရောက်ရှိတဲ့ အထိ ဆွေးနွေးနိုင်မှာ ဖြစ်ကြောင်း အပြည့်အ၀ ယုံကြည်နေကြပါတယ်။