ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ချဲလ်ဆီး အဖို့ တရာသီ ဂိုး၂၀နဲ့ အထက် သွင်းပေးနိုင်မယ့် ကစားသမားကို ပိုင်ဆိုင်လိုက်ပြီလို့ ဆိုရပါမယ် ။

လက်ရှိ ချန်ပီယံလိဂ်နဲ့ ဥရောပ စူပါဖလား ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက လစ်ပ်ဇစ် အသင်းကနေ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ကို ယူရိုသန်း ၅၀နဲ့ အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် ၊ ၎င်းဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၆ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၊ အဆုံးသတ် မသေချာမှုနဲ့ ဝေဖန်မှု များစွာ ခံခဲ့ရပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

သို့ပေမယ့်လည်း သောမတ်စ် တူချယ် ဟာ တိုက်စစ် စွမ်းဆောင်ရည် သိပ်မကောင်းခဲ့တဲ့ ချဲလ်ဆီးကို နည်းစနစ်ပိုင်း ကြွယ်ဝမှုတွေနဲ့ အတူ ချန်ပီယံလိဂ် ဖလား စွမ်းဆောင်ပေးခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ကလပ်ဖက်က တူချယ်ရဲ့ စွမ်းဆောင်မှုကို အသိအမှတ် ပြုတဲ့ အနေနဲ့ ယခုနှစ် နွေရာသီ ဈေးကွက် အတွင်း ထိပ်တန်း တိုက်စစ်မှူးသစ် ခေါ်ယူပေးဖို့ ကတိပြုခဲ့ပါတယ် ။

အခုအခါမှာတော့ ချဲလ်ဆီး အသင်းဟာ ကတိ အတိုင်း ၊ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင်တဲ့ လူကာကူကို အရ ခေါ်ယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ လူကာကူ ဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ နောက်ဆုံး ဖြတ်သန်းခဲ့ပြီး ၊ ချီးကျူးမှုတွေထက် ဝေဖန်မှုတွေသာ ခံခဲ့ရပါတယ် ။

အင်တာမီလန် အသင်းနဲ့ နောက်ဆုံး ၂နှစ် ဖြတ်သန်းခဲ့ရာမှာတော့ လူကာကူ ဟာ ပြိုင်ပွဲစုံ ၉၅ပွဲမှာ ၆၄ဂိုး အထိ သွင်းယူပြီး ၊ အဆုံးသတ် ပိုသေချာတဲ့ ၊ ပိုမို ရင့်ကျက်တဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။ အခုအခါမှာတော့ လူကာကူ ဟာ ပရီးမီးယားလိဂ်မှာ တကျော့ပြန် တောက်ပဖို့ ချဲလ်ဆီး အသင်းကို ရောက်ရှိလာပါပြီ ။

လူကာကူ ချဲလ်ဆီးသို့ တကျော့ပြန် ပြောင်းရွှေ့လာရာမှာ ကလပ် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး ။ မနေ့က သတင်းစာရှင်းလင်းပွဲမှာ လူကာကူ ဟာ ချဲလ်ဆီးသို့ ပြောင်းလာပြီးနောက် ၊ ဒရော့ဘာမှ ၎င်းကို ဘာ အကြံဉာဏ်တွေ ပေးခဲ့လဲ ဆိုတာ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ် ။

လူကာကူ က ” အရိုးသားဆုံး ဝန်ခံရရင် သူ ကျွန်တော့ကို ရိုးရိုးရှင်းရှင်းပဲ အကြံပေးခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခု အတွင်း ကျွန်တော့ရဲ့ တိုးတက်မှုတွေကို သူ အလွန်ပဲ အားရ ကျေနပ်ခဲ့ပါတယ် ။ ဒါပေမယ့် သူ အမြဲတမ်း ပြောတာကတော့ ရှေ့ဆက် လုပ်ရမယ့် အလုပ်တွေ ကျန်နေသေးတယ် ဆိုတာပါပဲ ။ ”

” ဒါဟာ အမြင့်မားဆုံး အောင်မြင်မှုကို ရဖို့ အတွက် ထားရမယ့် စိတ်ဓာတ် ခံယူချက် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကစားသမား တယောက် အတွက် တပတ်ပြီး တပတ် တိုးတက်နေဖို့ကသာ အဓိက ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ၂နှစ် အတွင်း ကျွန်တော်ဟာ ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အဆင့်တွေမှာ အကောင်းဆုံး တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ ထင်ပါတယ် ။ ”

” အခုတော့ ကျွန်တော် ဟာ ရည်ရွယ်ချက် မြင့်မားတဲ့ ၊ အောင်မြင်မှုတွေ ဆာလောင်နေတဲ့ ကလပ် တသင်းဆီ ပြောင်းလာဖို့ အခွင့်အရေး ရလာပါတယ် ။ ကျွန်တော် သူတို့ကို ကူညီပေးနိုင်ဖို့ မစောင့်နိုင်တော့သလို ၊ သူတို့ရဲ့ ကစားပုံ စတိုင်လ် အတွက် တခုခု ကျွန်တော် ပေါင်းထည့်ပေးသွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး လူကာကူ က ” ရင့်ကျက်မှုက အရေးကြီးပါတယ် ။ ဒီ ၂နှစ် အတွင်း ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ပိုပြီး လေ့လာနိုင်ခဲ့ပါတယ် ။ မြင့်မားတဲ့ အဆင့်အတန်းကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ် ။ ပြီးပြည့်စုံတဲ့ ကစားသမား တယောက် ဖြစ်လာဖို့ အတွက်ပါ ။ အီတလီမှာ နည်းစနစ် ပိုပြီး အသားပေးပါတယ် ။ ဒါက ကျွန်တော့ကို အများကြီး အထောက်အကူ ပေးခဲ့ပါတယ် ။ ”

” အင်္ဂလန် က ပြိုင်ပွဲ အနေအထားက ပြောင်းလဲလာပြီ ဖြစ်ပေမယ့် ၊ ကျွန်တော့ အတွက် အတွေ့အကြုံ အသစ် မဟုတ်တော့ပါဘူး ။ ကျွန်တော်တို့မှာ ကိုယ်ပိုင် ကစားပုံ စတိုင်လ် ရှိပါတယ် ။ လက်ရှိ ကစားပုံ စနစ်မှာ ကျွန်တော်ဟာ နိုင်ငံ လက်ရွေးစင် အဆင့်က ကစားပုံ အပေါ် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရတာလောက် မခက်ခဲပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR