ဒီမီတာဘာဘာတော့ဖ်က မန်ချက်စတာစီးတီး အသင်း အနေနဲ့ ဒီနွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ယူချင်တယ် ဆိုရင် ဥက္ကဋ္ဌ ဒန်နီရယ်လီဗီ အလိုရှိတဲ့ ပြောင်းရွေ့ကြေးကို ပေးချေသွားရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ကလပ်နဲ့ ပူးပေါင်းတာ နောက်ကျခဲ့တဲ့ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးတို့ မန်စီးတီးတို့ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မပါဝင်ခဲ့သလို ယနေ့ည ပါစကိုဒီဖာရဲရားနဲ့ ကစားရမယ့် Europa Conference League ပွဲကိုလည်း လွဲချော်အုံးမှာ ဖြစ်ပါတယ်။

စပါးဟာ အသင်းနဲ့ စာချုပ် ၃ နှစ် ကျန်နေသေးတဲ့ ကိန်းကို လုံး၀ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုထားခဲ့ပြီး မန်စီးတီးရဲ့ ကနဦး ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ မန်စီးတီးဟာ အပြောင်းအရွေ့ ကိစ္စ ဖြစ်မြောက်လာဖို့ အတွက် ကိန်းအတွက် စပါးအသင်းထံ ပေါင်သန်း ၁၅၀ ထိ တိုးမြှင့်ကာ ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒန်နီရယ်လီဗီရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်း သိနေတဲ့ ဘာဘာတော့ဖ်က “ဟယ်ရီကိန်းဟာ ယနေ့ည စပါးရဲ့ ဥရောပ ပွဲစဉ်မှာ ပါဝင်ကစားသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အပြောင်းအရွေ့ ဈေးကွက် မပိတ်ခင်အထိ ဒီလိုပဲ ဆက်ဖြစ်နေမယ် ဆိုရင် ကိန်းဟာ စုစုပေါင်း ၅ ပွဲ လွဲချော်မှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ အရကတော့ သူဟာ ပွဲစဉ် ၂ ပွဲကို သေချာပေါက် လွဲချော်တော့မှာပါ။

ဒါဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အပြောင်းအရွေ့ ပုံပြင်တွေ ထွက်ပေါ်နေပေမယ့် ကျွန်တော် ကတော့ သူကစားတာကို မြင်ချင်ပါတယ်။ အနည်းဆုံးတော့ ဒီနည်းလမ်းဟာ အသင်းကို အကူအညီ ဖြစ်စေတာပေါ့။ အကယ်၍ သူသာ ဒီငါးပွဲစလုံး မပါဝင်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ပြသနာတွေ ရှိလာမှာပါ။

ဒန်နီရယ်လီဗီ ဘက်က ကိန်းနဲ့ သဘောတူညီထားတဲ့ အချက်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော် ဖတ်ခဲ့ရပါတယ်။ ဘယ်သူ မှန်တယ် မှားတယ် ဆိုတာ မသိပေမယ့် အမှန်တရားကို သိတဲ့ သူတွေကတော့ ဟယ်ရီကိန်း သူ့အေးဂျင့်နဲ့ လီဗီ တို့ပဲ ဖြစ်ပါတယ်။ အကယ်၍ သူတို့ ရာသီကုန်မှာ သဘောတူညီထားခဲ့တဲ့ ‘gentleman’s agreement’ ဟာ ပျက်ပြယ်ခဲ့တယ် ဆိုရင် ဒါဟာ ကောင်းတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ကိန်းအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေတာ သိပ်ပြီး အံ့အားသင့်စရာ မရှိပါဘူး။

ကိန်းရဲ့အသင်းအနေနဲ့ ဒီအခြေအနေနဲ့ ပက်သက်ပြီး ကလေးဆန်နေလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဘောလုံးဟာ စီးပွားရေးတစ်ခုပါ။ အမှန်ပါပဲ။ တစ်ခါတစ်ရံ ဘောလုံးလောကမှာ ဒီလို သဘောတူညီချက်ဟာ သိပ်ပြီး မလုပ်မဖြစ်ပါဘူး။ ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားရမှာ ဖြစ်ပြီး ဒါဖြစ်လာခဲ့ရင် ဘယ်လို ဖြေရှင်းသွားမလဲ ဆိုတာ စီစဉ်ထားရမှာပါ။

လက်ရှိအခြေအနေ အရ အပြောင်းအရွေ့ ဖြစ်ပေါ်လာဖို့ အတွက် တစ်ခုတည်းသော ဖြေရှင်းချက်က စီးတီး အနေနဲ့ ဒန်နီရယ်လီဗီ အလိုရှိတာကို ပေးသွားဖို့ ပါပဲ။ လီဗီရဲ့ စီးပွားရေး လုပ်ပုံကိုင်ပုံ အရ ဒါဟာ ကိန်း စပါးကနေ ထွက်ခွာနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ သူဟာ အပြောင်းအရွေ့ ဈေးကွက်ရဲ့ နောက်ဆုံး မိနစ်အထိ တင်းခံထားမှာ ဖြစ်ပါတယ်။

အကယ်လို့များ ဒီကိစ္စဟာ deadline day ထိ ရောက်သွားခဲ့မယ်ဆိုရင် ဒါဟာ ဘယ်သူ့အတွက်မှ ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ business လုပ်ဖို့အတွက် မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဂရီလစ်ချ် အတွက် စီးတီးတို့ အက်စတွန်ဗီလာနဲ့ business လုပ်ခဲ့ပုံကို ကြည့်လိုက်ပါ။ ပေါင်သန်း ၁၀၀ ပေးချေလိုက်ပြီး ဘာပြသနာမှ မရှိခဲ့ပါဘူး။ ကစားသမား ဘက်ကလည်း ပြင်ဆင်ဖို့ အချိန် ရခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။