ဒီညနေပိုင်းမှာ ပေါ်ထွက် လာတဲ့ သတင်းတွေမှာ လီဝန်ဒေါ့စကီး ဟာ အတွေ့အကြုံသစ်တွေ ရှာဖွေချင်နေတာကြောင့် အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့ အကြောင်း ရေးသား ဖော်ပြမှုတွေ ဆက်တိုက်တွေ့နေရပါတယ်။ တဆက်တည်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင် သန်း 100 ဝန်းကျင် သုံးစွဲမယ် ဆိုပါက ၊ သူ့ကို ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

အပြောင်းအရွှေ့ ကာလ အစောပိုင်းမှာတုန်း ကတော့ လီဝန်ဒေါ့စကီး ကို ခေါ်ယူဖို့ ချဲဆီး က စိတ်ဝင်စားနေတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် အဲဒီ အဆင့်ထက် မပိုခဲ့ပါဘူး။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

The Athletic ကတော့ ဘိုင်ယန် မြူးနစ် ဟာ လီဝန်ဒေါ့စကီး ကို လုံး၀ ရောင်းချမှာ မဟုတ်ကြောင်း အခိုင်အမာ ရေးသားလိုက်ပြီး ၊ ညနေပိုင်းတုန်းက ပေါ်ထွက်ခဲ့တဲ့ သတင်းတွေဟာ မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဂျာမန် စူပါ ပါဝါကြီးက မည်သည့် ပြောင်းရွှေ့ကြေးမျိုးမှ သတ်မှတ်ထားခြင်း မရှိသလို ၊ အသင်းမှာပဲ ဆက်ထိန်းသွားမှာ ဖြစ်ကြောင်း ဖော်ပြသွားခဲ့ ပါတယ်။

လီဝန်ဒေါ့စကီး ဟာ လက်ရှိမှာ 33 နှစ် အတွင်း ကို ရောက်ရှိနေပါပြီ။ အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်မှုး အဖြစ် ဆက်ရှိနေဆဲ ဖြစ်သလို ၊ အင်္ဂါနေ့မှာ ကစားခဲ့တဲ့ ဂျာမန် စူပါ ဖလားပွဲစဉ်မှာ ခြေစွမ်းပြ 2 ဂိုး သွင်းယူရင်း ၊ ထိပ်တန်း အဆင့် စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားဆဲ ဆိုတာ ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကဆိုရင် သူဟာ ကလပ် အသင်းမှာရော ၊ နိုင်ငံ့ လက်ရွေးစင် အသင်းမှာ ဂိုးတွေ ဆက်တိုက် သွင်းယူပြခဲ့ပြီး ၊ စုစုပေါင်း ပမာဏ က 56 ဂိုး အထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဂတ်မူလာ တင်ရှိထားတဲ့ ဘွန်ဒက်လီဂါ တရာသီ အတွင်း စံချိန်တင် သွင်းဂိုး 40 ကိုလဲ ၊ 41 ဂိုး နဲ့ ကျော်ဖြတ်ပြ နိုင်ခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းက 2023 ခုနှစ် အထိ ကျန်ရှိနေသေးတာပါ။ ဒါကြောင့် လက်ရှိ စာချုပ် ကုန်ဆုံးသည် အထိ ဆက်ရှိသွားမယ် ဆိုရင် သူ့ရဲ့ အသက်က 35 နှစ် ရောက်သွားမှာ ဖြစ်ပြီး ၊ ဘိုင်ယန် ဘက်ကလဲ အဲဒီ ကာလ အထိ ဆက်ပြီး ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။

lewandowski

သို့သော် အဲဒီ အကြောင်းအရင်း ကြောင့်ပဲ စာချုပ်သစ် ကမ်းလှမ်းလာတာမျိုးတွေ လိုချင်တဲ့ အတွက် ၊ ကြားထဲက ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကနေ ကောလဟာလ သတင်းဖြန့်ကာ ဘိုင်ယန် မြူးနစ် ကို သတင်းစကား ပေးတာမျိုးလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဘိုင်ယန် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း ကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ဝန်ခံထားသလို ၊ အခွင့်အရေး ရတာ နဲ့ ခေါ်ယူဖို့ ကြိုးစားကြည့်မှာ ဖြစ်တဲ့ အကြောင်း အခိုင်မာ ပြောဆိုခဲ့ဖူးပါတယ်။

သို့သော် လီဝန်ဒေါ့စကီး ရဲ့ လက်ရှိ စွမ်းဆောင်ရည် နဲ့ ခြေစွမ်း အရ အစားထိုးရမယ့် တိုက်စစ်မှုးသစ် မလိုအပ်သေးတာ သေချာပါတယ်။ ပိုလန် အသင်းခေါင်းဆောင်ကြီးဟာ ဘိုင်ယန် မြူးနစ် အတွက် ဘွန်ဒက်လီဂါ ပွဲပေါင်း 220 ပါဝင် ကစားပေးထားပြီး ၊ သွင်းဂိုး က 204 ဂိုး အထိတောင် သွင်းယူထားတာပါ။

ဒါ့အပြင် ဒီရာသီမှာ ကစားထားတဲ့ ပွဲစဉ် 2 ခု မှာပဲ 3 ဂိုး အထိ သွင်းပြထားတာက ၊ လီဝန်ဒေါ့စကီး ဆိုတာ ဘယ်လို အဆင့်မျိုးမှာ ရှိနေဆဲလဲ ဆိုတာ လှစ်ပြနေတာ ဖြစ်ပါတယ်။