ဂျွန်ဘန်းစ် က အာဆင်နယ် အသင်း နည်းပြ အာတီတာ အနေနဲ့ ကော်တင်ဟို ကို ခေါ်ယူ သင့်တယ်လို့ အကြံ ပေးလိုက်ပြီး လီဗာပူး ကစားသမားဟောင်း ဟာ အာဆင်နယ်မှာ ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ဆိုပါတယ် ။

ဘရာဇီး လက်ရွေးစင် ကစားသမား ဖိလစ်ပီ ကော်တင်ဟို ဟာ အန်ဖီးလ် မှာ ၅ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်း နဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ကော်တင်ဟို ဟာ သူ့ရဲ့ ငယ်ဘဝ အိပ်မက် အသင်းကို ပြောင်းရွှေ့ ခဲ့ရတာ ဖြစ်ပေမယ့် ခြေစွမ်းပြ နိုင်ဖို့ ရုန်းကန် နေရပါတယ် ။ ကော်တင်ဟို ဟာ စပိန် လာလီဂါ ထိပ်သီး ကလပ် အတွက် ပွဲပေါင်း ၉၀ ကစားပြီး ၂၄ ဂိုး သွင်းယူ ပေးထားပါတယ် ။

ဒီနွေရာသီမှာ ဘာစီလိုနာ အသင်းဟာ ငွေရေးကြေးရေး အခက်အခဲ တွေ့နေရတာကြောင့် အပြောင်းအရွှေ့မပိတ်ခင် ကော်တင်ဟို ကို ရောင်းထုတ်ချင်နေပြီး အာဆင်နယ် အသင်းနဲ့ သတင်းထွက် နေခဲ့ပါတယ် ။

ဂန်းနားတို့ အနေနဲ့ ကော်တင်ဟို ကို ခေါ်ယူသင့်သလား ဆိုတဲ့ မေးခွန်းကို လီဗာပူး နဲ့ အင်္ဂလန် ကစားသမားဟောင်း ဂျွန်ဘန်းစ် က ” ဖြစ်နိုင်ချေရှိလာရင်တော့ ကော်တင်ဟို အတွက် အာဆင်နယ် အသင်းကို ပြောင်းတာက ကောင်းမွန်တဲ့ ပြောင်းရွှေ့မှု ဖြစ်လာနိုင်ပါတယ် ။ ”

” အာတီတာ ကစားချင်တဲ့ ပုံစံ ကစားနိုင်တဲ့ ကစားသမားတွေ အာဆင်နယ် အသင်းမှာ ရှိမနေပါဘူး ၊ ဒါကြောင့်လည်း သူ့ရဲ့ အတွေး အခေါ် အယူအဆ တွေက အာဆင်နယ် ကစားသမားတွေနဲ့ အသားကျဖို့ ခက်ခဲ နေတာပါ ။ ”

” အာတီတာ ကစားစေချင်တဲ့ ပုံစံ အတိုင်း ကော်တင်ဟို က အတိအကျ ကစားနိုင်ပါလိမ့်မယ် ၊ အာဆင်နယ် အသင်းမှာ ကော်တင်ဟို တစ်ယောက် အရင်လို ခြေစွမ်းပြ နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွား ခဲ့ ပါ တယ် ။

အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဘန်ဝှိုက် ၊ လိုကွန်ဂါ ၊ တာဗာရက်စ် ၊ အိုဒီဂွါဒ် ၊ အာရွန်ရမ်ဒေးလ် တို့ကို ခေါ်ယူ ထားပြီး ဖြစ်ကာ နောက်ထပ် ကစားသမား ၂ ဦး ထပ်ခေါ်ဖွယ် ရှိနေသေးတယ်လို့ ကြားသိရပါတယ် ။

SM