ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ဟာ စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်း ကို ခေါ်ယူဖို့ ကြိုးစားနေတာ ကြာပြီ ဖြစ်သော်လဲ ၊ အခုချိန်ထိ နှစ်ဖက် လက်ခံနိုင်မယ့် အပြောင်းအရွှေ့ ပုံစံမျိုး ပေါ်ပေါက်လာဖို့ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

တချိန်တည်းမှာ မန်စီးတီး နဲ့ လမ်းခွဲဖို့ ပြင်ဆင်ထားတဲ့ ပေါ်တူဂီ ကစားသမား ဘာနာဒို ဆေးဗား က အပြောင်းအရွှေ့ ရဲ့ တစိတ်တပိုင်း ဖြစ်လာနိုင်မယ်လို့ ပြောဆိုလာကြပါတယ်။ သို့သော် ကာယကံရှင် ကိုယ်တိုင် က စပါးအသင်းဆီကို ပြောင်းရွှေ့ ကစားပေးဖို့ ဆန္ဒမရှိပဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အစောပိုင်း နေ့ရက်တွေ က ပက်ဂွာဒီယိုလာ ရဲ့ မရှိမဖြစ် အရေးပါလွန်းတဲ့ ကစားသမား တယောက် ဖြစ်ခဲ့တဲ့ ဘာနာဒို ဆေးဗား ဟာ တချိန်ချိန်မှာ ဒေးဗစ် ဆေးဗား ရဲ့ နေရာကိုတောင် အစားထိုး ဝင်ရောက်ပြလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရသူ ဖြစ်ပါတယ်။ သို့သော် ပုံမှန်ခြေစွမ်းတွေ ရရှိဖို့ ရုန်းကန်လာရပြီး နောက်ပိုင်း ၊ ပွဲထွက် ကစားသမား နေရာပါ ပျောက်ဆုံးခဲ့ကာ လက်ရှိ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ကြိုးစားလာခဲ့ ပါတယ်။

ဒါကြောင့် သူ့ရဲ့ အေဂျင့် ဖြစ်သူ မန်ဒက်ဟာ ဒီတပတ်ထဲမှာပဲ မန်ချက်စတာ ကို ရောက်ရှိ လာပြီး ၊ ဆေးဗား ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ဖြေရှင်းချက် တစုံတရာ ပေါ်ထွက်လာဖို့ ကြိုးစားလျှက် ရှိနေပါတယ်။

The Athletic ကတော့ စပါး နဲ့ မန်စီးတီး တို့အကြား ဟယ်ရီ ကိန်း ရဲ့ အပြောင်းအရွှေ့ ကိစ္စကို စကားပြောနေခဲ့တာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးချိန် ကတည်းက စတင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပြီး ၊ ကနဦး ကမ်းလှမ်းမှုတွေ မှာ ကတည်းက မန်စီးတီး ဘက်ကနေ ခေါ်ယူလို့ရတဲ့ ကစားသမား 5 ဦး ရဲ့ အမည်စာရင်းကိုပါ ထည့်သွင်းပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီ အထဲမှာ ဘာနာဒို ဆေးဗား ၊ တိုက်စစ်မှုး ဂျေဇု နဲ့ ခံစစ်မှုး လာပေါ တို့တောင် ပါဝင်နေတယ်လို့ ယူဆရပါတယ်။

သို့သော် စပါး ဥက္ကဌ ဒန်နီရယ် လီဗေး က မန်စီးတီး ဘက်က ကမ်းလှမ်းလာသမျှ Proposals တွေ အားလုံးကို အခုချိန်ထိ ပယ်ချထားဆဲ ဖြစ်ပါတယ်။

အေးဂျင့် ဖြစ်သူ မန်ဒက် ကတော့ လက်ရှိ စပါးနည်းပြ နူနို ဟာ ပေါ်တူဂီသားလဲ ဖြစ်သလို ၊ သူ့ရဲ့ Client လဲ ဖြစ်နေတာကြောင့် ဘာနာဒို ဆေးဗား အနေနဲ့ စပါးကို ပြောင်းရွှေ့မယ် ဆိုရင်တောင် အခက်ခဲ တစုံတရာ မရှိနိုင်ဘူးလို့ တိုက်တွန်းထားပါတယ်။

သို့သော် ကာယကံရှင် ကစားသမား ကိုယ်တိုင်က စပါးကို ပြောင်းရွှေ့ဖို့ ဆန္ဒနည်းပါးနေတာ ဖြစ်သလို ၊ လာလီဂါ ကလပ်တွေဆီပဲ ပြောင်းရွှေ့ ကစားဖို့ ပိုမို လိုလားလျှက် ရှိနေပါတယ်။ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာ နဲ့ အေတီကို အသင်းတွေက စိတ်ဝင်စားတဲ့ လက္ခဏာတွေ ပြသခဲ့သည့်တိုင်အောင် ၊ နှစ်သင်းစလုံးကလဲ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နိုင်ဖို့ လုံလောက်တဲ့ ငွေကြေးမျိုး မရှိပဲ ဖြစ်နေပြန်ပါတယ်။

 

အီတလီ က ယူဗင်တပ် ဆိုရင်လဲ ဆေးဗား ရဲ့ ခြေစွမ်းကို သဘောကျနေသည့်တိုင်အောင် ၊ ဘဏ္ဍာရေး အင်အား လုံလောက်မှု မရှိတာကြောင့် စိတ်ဝင်စားတဲ့ အဆင့်ကနေ ရှေ့တိုး ခြေလှမ်း လှမ်းလာနိုင်ခြင်း မရှိသေးပါဘူး။

တချိန်တည်းမှာ မန်စီးတီး လမ်းခွဲဖို့ ပြင်ဆင်ခဲ့တဲ့ ခံစစ်မှုး လာပေါ် ကလဲ သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိလာခြင်း မရှိတာကြောင့် ၊ ဒီရာသီမှာတော့ မန်စီးတီး ဆက်ပြီး လက်တွဲသွားဖို့ ပြင်ဆင်နေပါတယ်။ ဘီဘာအို ခံစစ်မှုးဟောင်း ဟာ တချိန်က သူ ကျင်လည်ခဲ့တဲ့ လာလီဂါ ပြိုင်ပွဲဆီ ပြန်သွားဖို့ ဆန္ဒပြင်းပြသည့်တိုင်အောင် ၊ စပိန် ကလပ်တွေ အားလုံးနီးပါး က ဘဏ္ဍာရေး အကျပ်အတည်းတွေ ဖြစ်နေတာကြောင့် အပြောင်းအရွှေ လုပ်ဆောင်ဖို့ ကျပ်တည်းလျှက် ရှိနေပါတယ်။

မန်စီးတီး ဟာ လက်ရှိ ပွဲထွက် ကစားသမား စာရင်းရဲ့ အဓိက တောင်ပံ ကစားသမား နှစ်ယောက် ဖြစ်တဲ့ စတာလင် နဲ့ မာရက် တို့ ကိုတော့ စာချုပ်သစ်တွေ အသီးသီး ချုပ်ဆိုနိုင်ဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ နှစ်ယောက် စလုံး ရဲ့ လက်ရှိ စာချုပ်သက်တမ်းတွေဟာ နောက်ဆုံး 2 နှစ် ကာလ အတွင်းကို ဝင်ရောက်နေပြီ ဖြစ်ပါတယ်။