မန်ချက် စတာ ယူနိုက်တက် အသင်း အနေနဲ့ ကလပ် အသင်း ရဲ့ အိမ်ကွင်း အမည် ( အိုးထရက်ဖိုဒ့် ) ကို ရောင်းချ ပြီး အစဉ် အစိုက် အားပေး နေတဲ့ ပရိသတ် တွေ အတွက် လက်မှတ် အဖိုးခ တွေ သက်သာ လျော့ကျ စေဖို့ ကူညီ ပေးသင့် ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ နဗီးလ် ဟာ ယူနိုက်တက် ရဲ့ အရှိန် အ၀ါ ကို အသုံးချ ကာ မြောက်များ တဲ့ ၀င်ငွေ တွေကို ရှာဖွေပြီး ပရိသတ် တွေ အတွက် ပြန်လည် လုပ်ဆောင်ပေး ဖို့ ဆန္ဒ ရှိနေ ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာ လည်း ဖြစ်ပါတယ် ။

အိုးထရက်ဖိုဒ့် ဆိုတဲ့ အမည် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အိမ်ကွင်း အမည် အဖြစ် ဆယ်စုနှစ် ပေါင်း များစွာ ကြာအောင် တည်ရှိ လာခဲ့တာ ဖြစ်ပါတယ် ။ နဗီးလ် ကတော့ နောက်ပိုင်း နှစ်တွေ မှာ ခေတ်စား လာတဲ့ ကွင်းအမည် ရောင်းချ ခြင်း ( စပွန်ဆာ ရှာဖွေခြင်း ) နည်းလမ်း ကို ညွှန်ပြ ခဲ့ပြီး ယူနိုက်တက် အနေနဲ့ ပေါင် သန်း ၈၀၀ နီးပါး ရရှိ နိုင်တယ် လို့ သုံးသပ် ပြခဲ့ ပါတယ် ။

ဒီလို ရောင်းချ စပွန်ဆာ ရှာဖွေနိုင် ခဲ့ပါက အသင်း ပရိသတ်တွေ ရဲ့ လက်မှတ်ခ တွေ ကို ၁၀ ပေါင် ခန့် အထိ လျော့ချ ပေးနိုင် မယ့် အလား အလာ ရှိနေပြီး အိမ်ကွင်း ပွဲစဉ် တွေ မှာ ပရိသတ်တွေ ကို ပိုမို ကြည့်ရှု နိုင်ခွင့် ပေးစွမ်း နိုင်မှာ ဖြစ်တယ်လို့ နဗီးလ် က ယုံကြည် နေခဲ့ ပါတယ် ။

“ဂလေဇာ မိသားစု ကတော့ အိုးထရက်ဖိုဒ့် အမည် ကို ရောင်းမယ် မထင် ပါဘူး ။ သူတို့ မှာ ပြောပြ လို့ မရတဲ့ အကြောင်းတွေ ရှိနိုင် ပါတယ် ။ ဒါပေမယ့် ဒီကနေ ပေါင် သန်း ၈၀၀ လောက် ကို ဆယ်နှစ် အရစ်ကျ နဲ့ ရနိုင် မှာပါ ။ ဒါဟာ နှစ်စဉ် နှစ်တိုင်း ကို Standford End က ပရိသတ်တွေ အတွက် လက်မှတ်ခ ၁၀ ပေါင် ၁၂ ပေါင် လောက် သက်သာ လျော့ကျသွား နိုင် ပါတယ်”

“ဒီလို အကြံမျိုး ထွက်လာ မိတာ ကျွန်တော့ ဘ၀ မှာ ပထမဆုံး အကြိမ် ပါပဲ ။ ဒါက အကြံပြုချက် သက်သက် ပါ ။ ဖြစ်လာဖို့ ကတော့ နှစ်တွေ အများကြီး ကြာဦးမယ် လို့ ထင်ပါတယ် ။ အိုးထရက်ဖိုဒ့် ဆိုတာ အရမ်းကို ဂုဏ် သိက္ခာ ကြီးမားခဲ့တဲ့ ကွင်းကြီး ရဲ့ အမည်ပါ ။ ဒါကို မရောင်းခင် မှာ အခြား နေရာတွေ ကနေ စပွန်ဆာ ရှာလို့ ရပါ သေးတယ်”

“ဒါပေမယ့် ပြန်တွေး ကြည့်မယ် ဆိုရင်တော့ ကိုယ့် ပရိသတ်တွေ အတွက် တစ်နှစ် တစ်နှစ် ကို ပေါင် သန်း ၈၀ လောက် သုံးပြီး ဖြည့်ဆည်း ပေးနိုင် မယ် ဆိုတာ ဟာ တကယ် ကို ကောင်းမွန်တဲ့ ကိစ္စပါ ။ ဒီအတွက် စတန်ကော်လီမိုး ရဲ့ အိုးထရက်ဖိုဒ့် လို့ပဲ ခေါ်ခေါ် ၊ ဂျေမီကာရေဂါ အရီနာ ပဲ ဖြစ်ဖြစ် ၊ နဗီး စတေဒီယမ် လို့ပဲ ဖြစ်သွား ဖြစ်သွား ဒါဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စ လို့ ထင်မိပါတယ်” လို့ ဂယ်ရီ နဗီးလ် က ပြောဆို တိုက်တွန်း သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဆာအဲလက်စ် ဖာဂူဆန် အနား ယူ သွားပြီး နောက်ပိုင်းမှာ ဂုဏ် အရှိန် အ၀ါတွေ လျော့ကျ နေခဲ့ပြီး အမှတ်ပေး ဖလား နဲ့ ဝေးကွာ နေခဲ့တာ ၆ နှစ် ကြာခဲ့ပြီ ဖြစ်ပါတယ် ။ မော်ရင်ဟို ကိုင်တွယ် ခဲ့တဲ့ ဒုတိယ မြောက်နှစ် မှာ အဆင့် ၂ အထိ တက်လှမ်း နိုင်ခဲ့ ပေမယ့် ကျန်တဲ့ နှစ်တွေ မှာတော့ အဆင့် ၄ နေရာ ကို ရယူဖို့ အသည်း အသန် တိုက်ပွဲ ၀င်နေခဲ့ ရ ပါတယ် ။

ဒီနှစ် မှာလည်း အဖွင့် ၃ ပွဲ မှာ ၁ ပွဲ သာ အနိုင် ရထားခဲ့ တာကြောင့် နည်းပြ ဆိုးရှား အပါ အ၀င် ကစား သမား အားလုံး ရဲ့ အပေါ်မှာ ဖိအားတွေ ကြီးမား နေခဲ့ပြီး လာမယ့် ဆောက်သမ်တန် နဲ့ ပွဲမှာ မဖြစ်မနေ အနိုင် ရရှိ အောင် ကစား ပြရ တော့မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR