ဘန်လေ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူး ရဲ့ အိမ်ကွင်း 68 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကို ရပ်တန့်ပြခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ လီဗာပူး ပရိသတ်တွေ ကြွေးကြော်ထားတဲ့ “အန်ဖီးလ် က ခံတပ်ကြီး တခု” ဆိုတဲ့ ဂုဏ်ပုဒ်ဟာလဲ အဲဒီနောက်ပိုင်းမှာ မှေးမှိန်သွားခဲ့ ပါတယ်။

တပွဲလုံး တဖက်သတ်ပုံစံမျိုး နဲ့ ဘောလုံးကို ကိုင်ကစားခဲ့ပေမယ့် ၊ လုံလောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပဲ ၊ ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ပင်နယ်တီ နဲ့ အတူ အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဘန်လေ နည်းပြ ရှောင်ဒိုက်ချ် ကတော့ ဒီတကြိမ် တွေ့ဆုံမှုမှာလဲ သူ့ရဲ့ ပွဲချဉ်းကပ်ပုံ ကို အပြောင်းအလဲ လုပ်မှာ မဟုတ်ပဲ ၊ ခံစစ်ကို အသားပေး ကစားမယ့် အကြောင်း အခုလို ပြောဆိုလာခဲ့ ပါတယ်။

“ ပရီးမီးယားလိဂ် ရဲ့ ထိပ်တန်း အသင်းကြီးတွေ ကို ရင်ဆိုင် ကစားရတာ မလွယ်ကူပါဘူး ။ ဒါကြောင့် ဒီလိုပွဲမျိုးမှာ ခံစစ်ကို လုံလုံခြုံခြုံဖြစ်အောင် ကစားတာက တိုက်စစ်ဆင် ကစားသလိုပါပဲ။

တိုက်စစ်လမ်းကြောင်း ပုံဖော်မှုတွေ ကို ဘယ်လို လုပ်ဆောင်ရမလဲ ၊ ဘယ်လို နည်းလမ်းတွေကို အသုံးပြုရမလဲ ဆိုတာ သေချာ ချဉ်းကပ်ရမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ လက်ရှိမှာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် 11 ပွဲ ဆက်တိုက် ရှုံးပွဲ လုံး၀ မရှိသေးပဲ ၊ နောက်ဆုံး ကစားထားတဲ့ 6 ပွဲ ဆက်တိုက် အနိုင်ရရှိထားပါတယ်။

ဒါ့အပြင် ဒီပွဲက သူတို့ ရဲ့ ဒီရာသီ ပထမဆုံး အိမ်ကွင်း အဖွင့်ပွဲစဉ် ဖြစ်သလို ၊ ပရိသတ် အပြည့် လာရောက် အားပေးကြမှာ ဖြစ်တာကြောင့် ယာဂန် ကလော့ပ်ဟာ ရလာဒ်ကောင်းတွေ ရယူနိုင်ဖို့ စနစ်တကျ ပြင်ဆင်လာမှာ သေချာပါတယ်။

နော့ဝှစ်ချ် နဲ့ ကစားခဲ့တဲ့ ပွဲမှာ လူစားလဲ ဝင်ရောက် ကစားရင်း ဂိုးသွင်းယူပြခဲ့တဲ့ ဖာမင်နိုဟာ ဘန်လေ နဲ့ ရင်ဆိုင် ကစားခဲ့တဲ့ နောက်ဆုံး 6 ပွဲမှာ 5 ဂိုး သွင်းယူပြီး ၊ ဂိုးဖန်တီးမှု 1 ကြိမ် ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

ရှောင်ဒိုက်ချ် ကတော့ သူတို့ အသင်းဟာ ခံစစ်မှာ အချိန်ကုန်နေမှာ မဟုတ်ပဲ ၊ အခွင့်အရေး ရတာ နဲ့ တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားသွားမှာ ဖြစ်တဲ့အကြောင်း အခုလို ပြောဆိုသွားခဲ့ ပါတယ်။

“ အန်ဖီးလ် ကွင်းလို နေရာမျိုး ကို သွားရောက် ကစားရမယ် ဆိုရင် မနှစ်ကလို အချိန်မျိုး က ပိုကောင်းပါတယ်။ ကျနော် ဆိုလိုတာက အချိန်ကောင်းလို့ ပြောတာ မဟုတ်ပါဘူး ဘာလို့လဲ ဆိုတော့ သူတို့ဟာ ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် ထိပ်တန်း ကစားသမား စုဖွဲ့မှုတော့ ပိုင်ဆိုင်ထားဆဲလေ။

အခုချိန်ထိလဲ သူတို့ ကစားသမား စာရင်းက အပြည့်အ၀ တောင့်တင်းနေဆဲ ပါပဲ။

ကျနော့် အမြင်မှာတော့ ဗန်ဒိုက် လို ကစားသမားမျိုး က ဆုံးရှုံးလိုက်ရတာ ထိုးနှက်ချက် ပိုပြီး ကြီးမားသွားတယ် ထင်ပါတယ်။ သူဟာ ဘောလုံး လောကရဲ့ Rolls Royce ကစားသမားမျိုး ဖြစ်ပြီး ၊ အသင်းအတွက်လဲ အများကြီး အထောက်ပံ့ပေးနိုင်တဲ့သူပါ။

ကျနော့် အသင်းက လီဗာပူး နဲ့ အပြန်အလှန် ကစားပေးနိုင်ခြင်း မရှိဘူး ဆိုရင်တောင် ၊ သူတို့ ကစားအား ကျသွားမယ့် အခိုက်အတန့်မျိုးတွေ မှာတော့ တိုက်စစ်ဆင်မှုတွေ နဲ့ ပြန်လည် ဖိအားပေးနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ မနှစ်ကဆိုရင်လဲ အဲဒီ ပုံစံမျိုး နဲ့ ကစားပြီး ၊ နိုင်ပွဲရအောင် ယူပြနိုင်ခဲ့တာပါ။

ဒီတကြိမ်မှာ အဲဒီလို ထပ်ဖြစ်လာလိမ့်မယ်လို့ အာမခံချက် မရှိပေမယ့် ၊ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားသွားမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဒီပွဲအတွက် ကွင်းလယ် ဒိုင်လူကြီး အဖြစ် မိုက်ဒင်း က တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။