ဂလင်းဂျွန်ဆင်က သူ့ရဲ့ အသင်းဟောင်း လီဗာပူး အနေနဲ့ ယခု နွေရာသီ အပြောင်းအရွေ့ ဈေးကွက် မပိတ်သိမ်းမီ ကစားသမား ၂ ဦး ၃ ဦးလောက် ခေါ်ယူသွားဖို့ ရှိတယ်လို့ မှတ်ချက်ပေးလိုက်ပြီး ယာဂန်ကလော့ အနေနဲ့ ယူရို ၂၀၂၀ မှာ အီတလီနဲ့ အတူ တောက်ပခဲ့တဲ့ နာပိုလီရဲ့ စတား လော်ရန်ဇိုအင်ဆင်နီ ကို ပစ်မှတ်ထားသွားရန် တိုက်တွန်း လိုက်ပါတယ်။ လီဗာပူးဟာ ဒီနွေရာသီမှာ RB လိုက်ပ်ဇစ်မှ အေဗရာဟီမာကိုနာတေး တစ်ဦးတည်းကိုသာ ပေါင် ၃၄ သန်းနဲ့ ခေါ်ယူထားခဲ့ပြီး အခြား ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့ မတူဘဲ ဈေးကွက်ထဲမှာ သွေးအေးလျက် ရှိနေပါတယ်။

ကလော့ကတော့ သူ့အနေနဲ့ လက်ရှိ လူစာရင်း အပေါ် ကျေနပ်မှု ရှိတယ်လို့ ဆိုလိုက်ပြီး ကလပ်တာဝန်ရှိသူတွေ အနေနဲ့ နောက်ထပ် ကစားသမားသစ်တွေ မခေါ်ယူပေးဘူး ဆိုရင်လည်း စိတ်ပျက်လက်ပျက် ဖြစ်မိမှာတော့ မဟုတ်ဘူးလို့ ဝန်ခံသွားပါတယ်။ ဒါပေမယ့်လည်း ဂျွန်ဆင်က သြဂုတ်လ ၃၁ ရက်နေ့ မတိုင်မီ ကစားသမား ၂ ဦး ၃ ဦးလောက် ခေါ်ယူသွားမယ်လို့ သူမြင်ထားတယ်လို့ ဆိုလိုက်ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါ့အပြင် ဂျွန်ဆင်က နာပိုလီ အသင်းခေါင်းဆောင် အင်ဆစ်နီကို အန်ဖီးမှာ မြင်ရနိုင်ခြေကိုလည်း သုံးသပ်ခဲ့ပါတယ်။ အင်ဆင်နီဟာ နာပိုလီ အတွက် ၃၉၇ ပွဲမှာ ၁၀၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ယူရို ၂၀၂၀ က အီတလီကို ဥရောပ ချန်ပီယံ ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။

ဂျွန်ဆင်က “လီဗာပူးဟာ သူတို့ လိုချင်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ကစားသမားတွေကိုပဲ ခေါ်ယူပါတယ်။ ကျွန်တော် သူတို့ရဲ့ အပြောင်းအရွေ့ လုပ်ဆောင်ပုံကို နှစ်သက်ပါတယ်။ ဒါပေမယ့် ဒါဟာ ပရိတ်သတ်တွေ ကိုတော့ စိတ်လှုပ်ရှားစေမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဈေးကွက်ထဲကို ဝင်ပြီး နာမည်ကြီး ကစားသမားတွေကို ဝယ်ယူသွားမှာ မဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရရင် ပြီးခဲ့တဲ့ နှစ်တွေက သူတို့ရဲ့ ကစားသမားခေါ်ယူမှုတွေဟာ အလုပ်ဖြစ်တာ များခဲ့ပါတယ်။ အကယ်၍ ပရိတ်သတ်တွေ ဘက်က စိတ်ရှည်မယ် ဆိုရင် ကလပ်ဟာ မှန်ကန်တဲ့ အပြောင်းအရွေ့ကို လုပ်ဆောင် နိုင်ပါလိမ့်မယ်။

အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် လီဗာပူးတို့ လိုအပ်နေတဲ့အရာကတော့ ခံစစ်ကို အထိုင်ချ ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ front three ကို ကူညီနိုင်တဲ့ ကွင်းလယ်လူ ဖြစ်ပါတယ်။ သူတို့ဟာ သွင်းဂိုးတွေ အတွက် front three အပေါ် တအား မှီခိုနေဆဲလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဂျိုတာကို ခေါ်ယူအားဖြည့်ထားခဲ့ ပေမယ့်လည်း တိုက်စစ်ပိုင်းက သိပ်ပြီး အပြောင်းအလဲ မရှိပါဘူး။ ဒီအတွက်ကြောင့် လီဗာပူးဟာ သွင်းဂိုးတွေ အတွက် ကွင်းလယ်ပိုင်းက အကူအညီကို အနည်းငယ် လိုအပ်ပါတယ်။

ကျွန်တော် ကတော့ အင်ဆစ်နီ လီဗာပူးကို ရောက်လာတာ မြင်ချင်ပါတယ်။ သူဟာ ယူရို ၂၀၂၀ မှာ တုန်းက ကျွန်တော့်ကို တအား သဘောကျစေခဲ့ပါတယ်။ သူ့ကို နံပါတ် ၁၀ အဖြစ် အသုံးချကာ ပြိုင်ဘက် ခံစစ်ကြောင်းတွေကို ပွင့်အောင် လုပ်နိုင်ပါတယ်။ လီဗာပူးဟာ ခြေစွမ်း တစ်ခုတည်းကို ကြည့်ပြီး ကစားသမားတွေကို မဝယ်ယူပါဘူး။ သူတို့ဟာ ကစားသမား တစ်ချို့ကို ပစ်မှတ်ထားနေမယ် ဆိုတာ ကျွန်တော် သေချာသိပါတယ်။ ကျွန်တော် ကတော့ လီဗာပူးတို့ ဈေးကွက်မပိတ်မီ နောက်ထပ် ကစားသမား ၂ ဦး ၃ ဦးလောက် ခေါ်ယူဖြစ်မယ်လို့ သေချာပေါက် မြင်ထားပါတယ်။”

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ နော့ဝှစ်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပြီး လာမည့် စနေနေ့မှာတော့ အန်ဖီးမှာ ဘန်လေကို လက်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။