အင်တာမီလန် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ချဲလ်ဆီး အသင်းသို့ တရားဝင် ရောက်ရှိလာတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားမယ့် အာဆင်နယ် အသင်းနဲ့ လန်ဒန်ဒါဘီပွဲမှာ ပထမဆုံး ပွဲထွက်ခွင့် ရဖို့ များနေပါတယ် ။

လူကာကူ ဟာ လွန်ခဲ့တဲ့ ၂ရက်ခန့်ကမှ ကွာရန်တင်း ကာလ သတ်မှတ်ချက် ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ ၊ ချဲလ်ဆီး အသင်းရဲ့ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ စတင် ပူးပေါင်းခဲ့သလို ၊ နည်းပြ သောမတ်စ် တူချယ် နဲ့ အခြား ချဲလ်ဆီး အသင်းဖော်သစ်တွေနဲ့ အတူ လေ့ကျင့်မှုတွေ အပြည့်အဝ စတင်နေပြီလည်း ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ပြီးခဲ့တဲ့ ရာသီမှာ အင်တာမီလန် အသင်းကို တကျော့ပြန် စကူဒက်တို ချန်ပီယံ ဖြစ်စေခဲ့ရာမှာ ၊ ဂိုး ၃၀နဲ့ ကူညီပေးခဲ့တဲ့ လူကာကူ အတွက် ချဲလ်ဆီး အသင်းမှာလည်း သွင်းဂိုးတွေက အဓိက အခန်းကဏ္ဍက ထပ်မံ ပါဝင်လာဖို့ ရှိနေပါတယ် ။ ကျိန်စာသင့် ကျောနံပါတ် ၉ကိုလည်း လက်ခံထားပြီး ၊ လူကာကူ အနေနဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ဂိုးတွေကိုသာ သွင်းပြဖို့ လိုအပ်ပါတော့တယ် ။

ချဲလ်ဆီး အသင်းဟာ အကယ်ဒမီထွက် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် နဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး တို့ကို ရောင်းချပြီး ၊ လူကာကူကို အားထားရမယ့် တိုက်စစ်မှူး အဖြစ် ခေါ်ယူထားတာကြောင့် ၎င်းသာ ခြေစွမ်းမပြနိုင်ဘူး ဆိုရင် ချဲလ်ဆီးမှာ နောက်ထပ် အားကိုးရမယ့် အရန် တိုက်စစ်မှူးဆိုတာ မရှိတော့ပါဘူး ။

ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်း ဂျွန်ဆင် ကတော့ လူကာကူ ဟာ ချဲလ်ဆီး အတွက် ယခင် တိုက်စစ်မှူးဟောင်း အိုလီဗီယာ ဂျရူးရဲ့ နောက်တဆင့် မြင့်တဲ့ ထိပ်တန်း တိုက်စစ်မှူး အဖြစ် ခိုင်းနှိုင်း ချီးကျူးခဲ့သလို ၊ ဒီရာသီမှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အနီးကပ် စိန်ခေါ်ပြနိုင်မယ်လို့လည်း ယုံကြည်နေပါတယ် ။

SBK Sportsbook နဲ့ တွေ့ဆုံခဲ့ရာမှာ ဂလင်း ဂျွန်ဆင် က ” လူကာကူ ဟာ ဂိုးတွေ များစွာ သွင်းယူပေးမှာ ဖြစ်သလို ၊ ပြိုင်ဖက် အသင်း တော်တော်များများကိုလည်း ဒုက္ခ အကြီးအကျယ် တွေ့စေမှာပါ ။ သူဟာ အိုလီဗီယာ ဂျရူးကို မော်ဒန် upgrade တင်ထားတဲ့ တိုက်စစ်မှူးလိုပါပဲ ။ လူတွေ ဂျရူး အရင်က ကစားတဲ့ ပုံစံနဲ့ ပတ်သက်ပြီး ညည်းညူလေ့ရှိကြပါတယ် ။ ”

” ဒါပေမယ့် လူတွေဟာ ဂျရူးရဲ့ ကောင်းတဲ့ ရှုထောင့်ဖက်ကို သဘောပေါက်ကြရဲ့လား ဆိုတာ ကျွန်တော် မသိပါဘူး ။ လူကာကူဟာလည်း ဒီအတိုင်းပါပဲ ။ ဒါပေမယ့် သူဟာ ပိုပြီး မြန်ဆန်တယ် ၊ ပိုပြီး ခွန်အား အပြည့်နဲ့ ကစားနိုင်ပါတယ် ။ သူဟာ ဒီလို ကစားပုံ စတိုင်လ် အတွက် ကြီးကျယ်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်ပါတယ် ။ ”

” အာဆင်နယ်နဲ့ ပွဲဟာ သူ့အတွက် တောက်ပတဲ့ နေ့ရက် တရက် ဖြစ်လာမယ် ဆိုရင်တောင် ကျွန်တော်ဖြင့် အံ့သြမိမှာ မဟုတ်ပါဘူး ။ ပထမ တကြိမ် ချဲလ်ဆီးကို သူ စရောက်လာတုန်းက အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒါပေမယ့် အခုအခါမှာ သူဟာ ပရီးမီးယားလိဂ် အကြောင်း သိလာပါပြီ ။ ပိုပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားလည်း ဖြစ်လာပါပြီ ။ ”

” သူသာ ကိုယ့်ကိုယ်ကို လုပ်ပြနိုင်မယ်လို့ ယုံကြည်ချက် မရှိရင် သူ ပရီးမီးယားလိဂ်ကို ပြန်ပြောင်းလာမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ နည်းစနစ်ပိုင်းအရ သူဟာ ပိုကောင်းတဲ့ ကစားသမား တယောက် ဖြစ်လာတာ သေချာပါတယ် ။ သူ့ရဲ့ ပွဲအပေါ် အာရုံစိုက်နိုင်မှု က အရမ်း အားကောင်းလာပါပြီ ။ ဒီတကြိမ်မှာတော့ အလုပ် ဖြစ်ဖို့ သူ ကြိုးစားပြပါလိမ့်မယ် ။ ”

” လူကာကူကို ခေါ်ယူနိုင်ခဲ့ခြင်း ဟာ သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပိုပြီး နီးစပ်သွားစေပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာလည်း ပရီးမီးယားလိဂ် ချန်ပီယံလောင်း စာရင်းထဲမှာ ပါဝင်နေပါလိမ့်မယ် ။ ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက် ဟာ ဒုတိယ နေရာကို ရမှတ် တချို့ ဖြတ်ပြီး ပြတ်ပြတ်သားသား ရခဲ့ပါတယ် ။ ”

” သူတို့ရဲ့ အိမ်ကွင်း မှတ်တမ်းက ဆိုးရွားခဲ့ပါတယ် ။ သူတို့ဟာ ချန်ပီယံဆု ရေဒါကနေ အနည်းငယ် လွဲချော်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံဆုကို စိန်ခေါ်ဖို့ သူတို့မှာ တကယ် လုပ်နိုင်စွမ်းမျိုး မရှိခဲ့ပါဘူး ။ ဒီတော့ ဒီနှစ်မှာ ပိုပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တချို့ကို ထပ်မံ ပြသနိုင်ရင် သူတို့ဟာလည်း ချန်ပီယံဆုနဲ့ နီးစပ်မှု ရှိပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။