မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဥ်အဖြစ် လိဒ်စ် ယူနိုက်တက် အသင်းကို အိုးလ် ထရပ်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ပြီး 5 – 1 ဆိုတဲ့ ရလဒ် နဲ့ အဖိုးတန် ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဥ်မှာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် အသင်းအတွက် ဟတ်ထရစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပေါလ် ပေါ့ဂ်ဘာ က လေးဂိုး ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီထဲက ချီးကျူးမှုတွေဟာ အခုထိ ရပ်တန့် မသွားသေးပါဘူး ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခုတော့ အာဆင်နယ် ဂန္တဝင် အီယန်ရိုက် ကလည်း ယူနိုက်တက် စတား သုံးဦးကို ချီးကျူး သွားခဲ့လိုက်ပြီး ဘရူနို ဖာနန်ဒက်စ် ဟာ ပရိသတ်တွေ ရှေ့မှောက် ကစားတဲ့ အချိိန်မှာ ခြေစွမ်းဟာနောက်တစ်ဆင့်ရောက်သွားခဲ့ကြောင်း သုံးသပ် သွားခဲ့လိုက် ပါတယ် ။

” အရင်တုန်းက ၊ ဘရူနို ဖာနန်ဒက်စ် ကို ကြည့်ရှုခဲ့ရစဥ်တုန်းက တစုံတယောက်ဟာ ပရိသတ်တွေ မရှိတဲ့ အချိန်မှာတောင် ခင်ဗျားတို့ လိုချင်နေကြတဲ့ ဘောလုံး အရသာတွေကို ပေးစွမ်းဖို့ အစွမ်းပြ ကစားပြနိုင်တယ်ဆိုတာ မြင်တွေ့ခဲ့ရ ပါတယ် ”

” ဒါပေမဲ့ ပရိသတ်တွေ ကွင်းထဲ ရောက်လာကြတဲ့ အခါမှာတော့ သူရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည် တွေဟာ နောက်တစ်ဆင့် ရောက်ရှိသွားခဲ့ရ ပါတယ် ။ ဒါက ‘ ငါ ဘာလဲဆိုတာကို ပြသတော့မယ် ‘ လို့ ကြေငြာလိုက်သလိုမျိုး ပါပဲ ” လို့ အီယန်ရိုက် က သုံးသပ်ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် အီယန်ရိုက် က လိဒ်စ် နဲ့ ပွဲစဥ်မှာ လေးဂိုးထိ ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ နဲ့ ခြေစွမ်းကောင််းတွေ ပြသရင်း သွင်းဂိုး တစ်ဂိုး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး မေဆွန် ဂရင်းဝုဒ် တို့ကို ဆက်လက် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ဘရူနို ၊ ပေါ့ဂ်ဘာ နဲ့ ဂရင်းဝုဒ် ၊ မန်ချက်စတာ ယူနိုက်တက် အသင်း တစ်သင်းလုံးမှာ ကျွန်တော် မြင်တွေ့သွားခဲ့ရတာက အခြား အသင်းတစ်သင်းကို ကြည့်နေရသလို ဖြစ်ခဲ့ရ ပါတယ် ။ ‘ ငါတို့ ဒီမှာ ကစားဖို့ ရောက်လာကြတာ ၊ ပါတီ လုပ်ဖို့ ရောက်လာကြတာ ‘ ဆိုတဲ့ အသင်းမျိုးကို တွေ့မြင်ခဲ့ရ ပါတယ် ” လို့ အီယန်ရိုက် က ချီးကျူးစကား ဆိုသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဒီတစ်ပါတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 2 အဖြစ် ဆောက်သမ်တန် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားသွားရဖို့ ရှိနေ ပါတယ် ။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆက်လက် တောက်ပနိုင်မလား ၊ ဖလား ဆွတ်ခူးနိုင်တဲ့အသင်းမျိုး ဖြစ်ပြီလားဆိုတာ စောင့်ကြည့် လေ့လာရပါတော့မယ် ။