လာမယ့် တနင်္ဂနွေနေ့မှာ ယခု တပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် Super Sunday ဖြစ်တဲ့ အာဆင်နယ် – ချဲလ်ဆီး လန်ဒန်ဒါဘီပွဲ ကစားဖို့ ရှိနေပါတယ် ။ လက်ရှိ လားရာ မတူညီတဲ့ လန်ဒန် အင်အားကြီး ၂သင်းရဲ့ ပြိုင်ဆိုင်မှုက ဒီတကြိမ်မှာ ဘယ်လို ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ရာသီသစ် အဖွင့်လှထားတဲ့ ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ အာဆင်နယ်ကို အိမ်ကွင်းမှာရော ၊ အဝေးကွင်းမှာပါ အရေးနိမ့်ခဲ့ဖူးပါတယ် ။ ယခုနှစ် ရာသီမှာတော့ စောစောစီးစီးပဲ ပွဲစဉ် ၂ပွဲမှာ ဒီ ၂သင်း ထိပ်တိုက်တွေ့ဆုံနေသလို ၊ ရာသီသစ် မစတင်ခင် Mind Series ရာသီကြို ခြေစမ်းပွဲမှာလည်း အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ထားခဲ့ကြပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ထိုစဉ်ကတော့ အမ်းမရိတ်စ်ကွင်းမှာ ချဲလ်ဆီးက အာဆင်နယ်ကို ၁ – ၂ နဲ့ အနိုင်ရခဲ့ပါတယ် ။ ချဲလ်ဆီးဖက်က ထိုပွဲမှာ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ပထမဆုံး အကြိမ် စတင် ပွဲထုတ်ဖို့ များနေပါတယ် ။

အာဆင်နယ် ဟာလည်း ယနေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းထံကနေ နော်ဝေး ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ကစားသမား မာတင် အိုဒီဂတ်ကို ခေါ်ယူနိုင်ခဲ့ပြီး ၊ ချဲလ်ဆီးနဲ့ပွဲမှာ ၎င်းကို တခါတည်း တန်းသုံးမယ်လို့ အများက မျှော်လင့်နေကြပါတယ် ။

တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဒါရင်း အန်ဒါတန် ကတော့ ဥရောပ စူပါဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ အပြင် ၊ အဖွင့် ရလဒ် ကောင်းထားတဲ့ ချဲလ်ဆီး အသင်းဟာ ရလဒ်ကောင်းနဲ့ စဖွင့်နိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ် အသင်းကို လာမယ့် တနင်္ဂနွေနေ့မှာ သက်တောင့်သက်သာနဲ့ အနိုင်ရမှာ ဖြစ်ကြောင်း အခုလိုပဲ ခန့်မှန်းသွားခဲ့ပါတယ် ။

ူLadbrokes နဲ့ တွေ့ဆုံခဲ့ရာမှာ အန်ဒါတန် က ” အကယ်၍ ချဲလ်ဆီးသာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ပြေးလမ်းကြောင်းမှာ ရှိနေရင် အာဆင်နယ်တော့ ဒုက္ခ အကြီးအကျယ် ရောက်ပါပြီ ။ ဒါပေမယ့် ဒီပွဲဟာ ကျွန်တော်တို့ကို မထင်မှတ်ထားတာတွေ ပေးစွမ်းမယ့် ပွဲတွေထဲတက တပွဲ ဖြစ်ပါတယ် ။ ”

” အာဆင်နယ် ဟာ အခုအချိန်မှာ အောက်ဖက်ကို ရောက်နေပါတယ် ။ ချဲလ်ဆီးကတော့ အမြင့် ပျံသန်းနေပါတယ် ။ ဒါပေမယ့် အမ်းမရိတ်စ်မှာ ပရိသတ်တွေ ပြန်ဝင်လာမှာ ဖြစ်လို့ ကျွန်တော် ကတော့ အာဆင်နယ်ဆီက ကွဲပြားခြားနားတဲ့ စွမ်းဆောင်ရည်မျိုး မြင်တွေ့ရမယ်လို့ ထင်ပါတယ် ။ ”

” ဘရန်းဖို့ဒ်ကို ရှုံးခဲ့တဲ့ ပွဲက ပေးဂိုးတွေ ၊ ဗီဒီယို မှတ်တမ်းတွေကို သူတို့ အကြိမ်ကြိမ် ကြည့်ရှုပြီးလောက်ပါပြီ ။ ဒီဂိုးမှာ ဘယ်သူတွေ မှားခဲ့လဲ ဆိုတာကိုလည်း သူတို့ highlight လုပ်ထားလောက်ပြီးပါပြီ ။ ဒီတော့ ချဲလ်ဆီးနဲ့ ပွဲမှာ ကွဲပြားခြားနားတဲ့ အာဆင်နယ်ကို မြင်လာရမှာ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။ ”

” ဒါပေမယ့် ချဲလ်ဆီးသာ ပွဲကို ကောင်းကောင်း စတင်နိုင်ရင် ၊ ရှေ့ကနေလည်း ဦးဆောင်နိုင်ခဲ့ရင် ၊ ဒါဟာ အာဆင်နယ် အတွက် ရှည်လျားလွန်းတဲ့ နေ့လယ်ခင်း တရပ်သာ ဖြစ်သွားနိုင်ပါတယ် ။ ချဲလ်ဆီးဆီကတော့ ကျွန်တော်ဟာ စွမ်းဆောင်ရည်ကောင်း ပြသဖို့ မျှော်မှန်းထားပါတယ် ။ မမျှော်မှန်းလည်း သူတို့မှာ လုပ်ပြနိုင်စွမ်း ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ ။ ”

” ကျွန်တော် ကတော့ ချဲလ်ဆီးသာ ဒီပွဲကို အနိုင်ရမှာ ဖြစ်ပြီး ၊ လက်ရှိ ခြေစွမ်းနဲ့ဆို သူတို့ သက်တောင့်သက်သာ လျှောလျှောရှူရှူ အနိုင်ရသင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး အန်ဒါတန် က ပေါင် ၉၇.၅သန်းတန်း တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ ၎င်းရဲ့ ဒီနွေရာသီ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ကြောင်း အခုလိုပဲ ရှင်းလင်းသွားခဲ့ပါတယ် ။

အန်ဒါတန် က ” ကျွန်တော့ အတွက်တော့ ရိုမီလူ လူကာကူ က ဒီ နွေရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်ကြောင်း ပြောပါရစေ ။ သူဟာ အထင်ကြီး လေးစားစရာ ကောင်းပြီးသား လက်ရှိ ချဲလ်ဆီး အသင်း အတွက် ကြီးမားတဲ့ အင်အား ဖြည့်တင်းမှု တရပ် ဖြစ်ပါတယ် ။ အသင်း တသင်းရဲ့ တိုက်စစ်ကို မားမားမတ်မတ် ဦးဆောင်ပေးမယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူနိုင်ခဲ့တာ ဟာ တကယ် ကြီးကျယ်တဲ့ စီးပွားရေး လှုပ်ရှားမှု တရပ် ဖြစ်ပါတယ် ။ ”

” ကျွန်တော် ကတော့ သူဟာ တီမို ဗာနာ ကို သူ့ကို ကျော်တက်ဖို့ အတွက် အခွင့်အရေး တချို့ ပေးလိမ့်မယ်လို့ ထင်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီက သူဟာ ချဲလ်ဆီး တိုက်စစ်ကို ဦးဆောင်ဖို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရတယ် ဆိုတာ ကျွန်တော်တို့ အားလုံး တွေ့မြင်ခဲ့ရမှာပါ ။ ”

” ဒီတော့ လူကာကူ ဟာ ယင်း ဂျာမန်သားရဲ့ ဖိအား တချို့တဝက်ကို လျှော့ချပေးနိုင်ပါလိမ့်မယ် ။ သူတို့ ၂ယောက် အတူ တွဲကစားပြီး ချဲလ်ဆီး တိုက်စစ်ကို မောင်းနှင်နိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ် ။ သူဟာ ချဲလ်ဆီး အတွက် တကယ် ကြီးကျယ်တဲ့ ခေါ်ယူမှု တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR