ယာဂန်ကလော့က နာဘီကီတာ နဲ့ အဲလက်စ်အောက်စလိတ်ချိန်ဘာလိန် တို့အနေနဲ့ လက်ရှိမှာ ပွဲထွက်ခွင့်ရနေတဲ့ အခွင့်အရေးကို အပိုင်အသုံးချသွားရန် တိုက်တွန်းသွားခဲ့ပြီး တီယာဂိုအယ်ကန်တာရာ နဲ့ ဂျော်ဒန်ဟန်ဒါဆန် တို့ဟာ ကြံ့ခိုင်မှု အပြည့်ရရန် အများကြီး နီးစပ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ ကလော့ဟာ အဓိက ကစားသမား အများစုနဲ့ ရာသီကြို ပြင်ဆင်မှု လုပ်နိုင်ခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ တစ်ပတ်က ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာလည်း နော့ဝှစ်ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ယူကာ အဖွင့်လှပခဲ့ ပါတယ်။

အဆိုပါ ပွဲမှာ ကလော့ဟာ second choice midfield လို့ ဆိုရမယ့် ဂျိမ်းမီနာ ၊ နာဘီကီတာ နဲ့ အောက်စလိတ်ချိန်ဘာလိန် တို့ကို ပွဲထွက် ကစားသမားစာရင်းမှာ အသုံးပြုသွားခဲ့ပြီး ဖာဘင်ညိုက ၆၁ မိနစ်ကျမှ လူစားဝင် ကစားခဲ့ကာ ဂျော်ဒန်ဟန်ဒါဆန် နဲ့ တီယာဂို တို့ကတော့ အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့ပါဘူး။ မီနာဟာ နံပါတ် ၆ နေရာကနေ ခံစစ်ကို ကာဗာလုပ်သွားခဲ့ပြီး ရာသီကြိုကာလမှာ ကောင်းကောင်း ပြင်ဆင်ခွင့် ရခဲ့ကြတဲ့ ချိန်ဘာလိန် နဲ့ ကီတာ တို့ကလည်း ပုံစံကောင်းကို ပြသခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါ့ကြောင့်လည်း ကလော့ဟာ လာမည့် ပွဲစဉ်တွေမှာ ကွင်းလယ်ပိုင်းနဲ့ ပက်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချသွားရမှာ ဖြစ်ကာ တီယာဂို နဲ့ ဟန်ဒါဆန် တို့ကလည်း ပြန်လာဖို့ အတော် နီးစပ်နေပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ကလော့က “သူတို့ ကြည့်ရတာ ကောင်းပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဆုံးဖြတ်ချက် ချသွားရတော့မှာပါ။ ဗီလာကို အန်ဖီးမှာ ၄-၁ နဲ့ နိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ သူတို့ တအားကို ကောင်းခဲ့ပါတယ်။ ဒီတစ်ပတ် လေ့ကျင့်ရေး အစီအစဉ်မှာလည်း သူတို့ရဲ့ အခြေအနေ ကောင်းပါတယ်။ အခုဆိုရင် ဘယ်သူ့ကို ပွဲထွက်ခွင့် ပေးမလဲဆိုတာကို ကျွန်တော် ဆုံးဖြတ်သွားရတော့မှာပါ။” လို့ ပြောလိုက်ပါတယ်။

ဖာဘင်ညိုဟာ ၎င်းရဲ့ ယောက္ခမ ဖြစ်သူ တိမ်းပါးသွားခဲ့တာကြောင့် ခွင့်ရထားခဲ့ပြီး ဘန်လေနဲ့ ပွဲကို လွဲချော်ဖို့ များနေပါတယ်။ ဒါပေမယ့် တီယာဂို နဲ့ ဟန်ဒါဆန် တို့ ပြန်လာတော့မှာ ဖြစ်တာကြောင့် ကီတာ နဲ့ ချိန်ဘာလိန် တို့ဟာ ၎င်းတို့ရဲ့ ပွဲထွက်ခွင့် မဆုံးရှုံးစေဖို့ အတွက် အကောင်းဆုံး လုပ်ပြဖို့ လိုအပ်နေပါတယ်။ ကလော့ ကလည်း ချိန်ဘာလိန် နဲ့ ကီတာ တို့ကို အခွင့်အရေးကို အပြည့်အ၀ အသုံးချသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။

ကလော့က “နာဘီ နဲ့ အောက်စ် တို့ဟာ ကျွန်တော်တို့ အတွက် အမြဲတမ်း တန်ဖိုး ရှိတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ အဓိက ကြံ့ခိုင်မှုပြည့်ဝကာ available ဖြစ်ဖို့ ၊ အရှိန်အဟုန်ကို အသုံးချဖို့ စတာတွေ ဖြစ်ပါတယ်။ ဒါဟာ ဘောလုံးပါ။ ဒဏ်ရာပြသနာကြောင့် ကိုယ်ဟာ ဆိုးရွားတဲ့ ကစားသမား ဖြစ်သွားစရာ မရှိပါဘူး။ ဘဝမှာ ကံကောင်းမှု မရှိရင် ကိုယ်ဟာ အမြဲတမ်း မှားယွင်းတဲ့ဘက်မှာ ရှိနေတက်ပါတယ်။ အချိန်ကောင်းရောက်မှ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် ဘောလုံးရထားဟာ ကိုယ့်ကို စောင့်နေမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ အမြဲတမ်း အမြင့်ဆုံး အနေအထားမှာ ရှိနေရပါမယ်။ ကျွန်တော်တို့ ဘက်ကတော့ သူတို့ကို တက်နိုင်သမျှ အကောင်းဆုံး ပုံစံမှာ ရှိနေအောင် ကြိုးစား သွားမှာပါ။ ဒါပေမယ့် ကစားသမားတွေရဲ့ အရည်အသွေး ကတော့ ဘယ်တုန်းကမှ သံသယ ဖြစ်စရာ မရှိပါဘူး။ သူတို့ နှစ်ဦးမှာ ကြီးမားတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဒီလို ကစားသမားတွေ ပိုင်ဆိုင်ထားတာ အရမ်းကောင်းပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင် ဘ၀ နဲ့ ဘောလုံးလောကမှာ အခွင့်အရေး ရလာခဲ့ပြီ ဆိုရင် ဒါကို အကောင်းဆုံး အသုံးချသွားဖို့ လိုအပ်ပါတယ်။

ဒါဟာ နောက်ဆုံး အခွင့်အရေးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ ရနေတဲ့ အခွင့်အရေးကို ချက်ချင်းအသုံးချတာ ပိုပြီး အဓိပ္ပာယ် ရှိပါတယ်။ အဲဒီနောက် နောက်တစ်ပွဲ နောက်တစ်ပွဲနဲ့ အရှိန်အဟုန်ကောင်းကို ရသွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ လူစာရင်းမှာ ကစားသမားကောင်းတွေ အများအပြား ရှိနေပါတယ်။ ကျွန်တော်တို့ နောက်ဆုံးပွဲက ကစားပုံကို ကြည့်ပြီး လူအပြောင်းအလဲ လုပ်သွားမှာ မဟုတ်ပါဘူး။ intensity အပေါ် မူတည်ပြီး လုပ်သွားမှာပါ။ ဒါပေမယ့် အခုက ဒီလို လုပ်သွားဖို့ နည်းနည်းစောနေပါသေးတယ်။” လို့ ပြောလိုက်ပါတယ်။