လီဗာပူး vs ဘန်လေ
ခင်ဗျားတို့ ကျွန်တော့်ကို အသင်းစွဲ ပြောတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် လက်ရှိ လီဗာပူးရဲ့ အနေအထားကို နှစ်သက်ပါတယ်။ ဗန်ဒိုက် ပြန်လာခဲ့ပြီ ဖြစ်ကာ အသင်းဟာ အခုကတည်းက အများကြီး အထိုင်ကျနေတဲ့ပုံစံပါပဲ။ ပြီးခဲ့တဲ့ စနေနေ့က နော့ဝှစ်ကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီး ဆာလား နဲ့ ဂျိုတာ တို့ဟာ တကယ့်ကို ထက်မြက်နေသလို ပါပဲ။ ဘန်လေ အတွက်ကတော့ ဒီရာသီဟာ ခက်ခဲ့တဲ့ ရာသီ တစ်ခု ဖြစ်လာမှာပါ။ ဘရိုက်တန်ကို အိမ်ကွင်းမှာ အကြာကြီး ဦးဆောင်နေပြီးမှ ရှုံးနိမ့်ခဲ့တာဟာ ယုံကြည်မှုပိုင်းကို ထိခိုက်စေပါတယ်။

ရှောင်ဒိုက် အနေနဲ့ အပြောင်းအရွေး ဈေးကွက်မပိတ်မီ နောက်ထပ် ကစားသမား အနည်းငယ် အားဖြည့်သွားဖို့ အတွက် ပြင်ဆင်နေမယ် ဆိုတာ သေချာပါတယ်။ အန်ဖီးရဲ့ atmosphere ဟာ တကယ့်ကို ကောင်းလှပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးရဲ့ ၆၈ ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ လီဗာပူးကို နိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော် ကတော့ လီဗာပူးတို့ အိမ်ကွင်းမှာ ၂-၀ နဲ့ သက်တောင့်သက်သာ နိုင်သွားလိမ့်မယ်လို့ မြင်ပါတယ်။

မန်စီးတီး vs နော့ရစ်ချ်
စပါးနဲ့ပွဲမှာ စိတ်ပျက်စရာ ရလဒ်ကို ကြုံခဲ့ရပြီးနောက် မန်စီးတီးဟာ ဒီအရှုံးကနေ ပြန်လည် ရှုံးထွက်သွားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ စီးတီးဟာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ဘောလုံးကို ကောင်းစွာ ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေးတွေကို အပိုင်အသုံးမချနိုင်ခဲ့ပါဘူး။ ပက်ဟာ တိုက်စစ်မှုးစစ်စစ်မပါဘဲ ဖလားဆွတ်ခူးနိုင်တယ် ဆိုတာ ပြသနိုင်ခဲ့ပေမယ့် စီးတီးဟာ ဂိုးသွင်းကောင်းတဲ့ အထောင်တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူသွားဖို့ လိုအပ်နေပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

နော့ရစ်ချ်ဟာ လီဗာပူးကို ရှုံးခဲ့တဲ့ပွဲမှာ လွန်ခဲ့တဲ့ ၂ နှစ်က တန်းဆင်းခဲ့ရတဲ့ အသင်းနဲ့ အတော်ဆင်တူနေပါတယ်။ ဘောလုံးကို ကောင်းကောင်း ကိုင်ကစားနိုင်ပေမယ့် လုံလောက်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့သလို ခံစစ်က အနည်းငယ် အားနည်းနေပါတယ်။ ဒါတွေကို မပြောင်းလဲနိုင်ဘူးဆိုရင် ဒါဟာ နော့ရစ်ချ်အတွက် ရှည်လျားတဲ့ ရာသီ ဖြစ်လာမှာပါ။ ဒီပွဲဟာ စီးတီးတို့ လမ်းကြောင်းပေါ်ကို ပြန်ရောက်နိုင်အောင် အသင့်တော်ဆုံး ပွဲစဉ်ပါပဲ။ နော့ရစ်ချ်ဟာ ခံစစ်ကစားပုံ ကောင်းတဲ့အသင်း မဟုတ်တာကြောင့် စီးတီးတို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ မန်စီးတီးတို့ ၅-၀ နဲ့ သက်တောင့်သက်သာ နိုင်သွားမှာပါ။

ဆောက်သမ်တန် vs မန်ယူနိုက်တက်
မန်ယူနိုက်တက်ဟာ လိဒ်ကို အိမ်ကွင်းမှာ နိုင်ခဲ့တဲ့ ပွဲမှာ တအားကောင်းခဲ့ပါတယ်။ ဒါပေမယ့် လိဒ်ဟာ သူတို့ကို လွယ်ကူအောင် လုပ်ပေးခဲ့တာတော့ အမှန်ပါပဲ။ ယူနိုက်တက်ရဲ့ ကစားပုံက တကယ်ကောင်းမွန်ခဲ့ပါတယ်။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ် တို့ဟာ ထူးချွန်စွာ ကစားခဲ့ကြပြီး အခွင့်အရေးတွေ တောက်လျှောက် ဖန်တီးပေးခဲ့ပါတယ်။ ဂရင်းဝုဒ် ဂိုးသွင်းနိုင်ခဲ့တာကို ကျွန်တော် ဝမ်းမြောက်မိပြီး သူဟာ တစ်ချိန်ချိန်မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှုး ဖြစ်လာမယ့်သူပါ။ ဒါတောင် ယူနိုက်တက်ဟာ ဗာရန်းနဲ့ ဆန်ချို တို့ကို မသုံးရသေးတာကြောင့် သူတို့ရဲ့ အနေအထားက တအား ကောင်းနေပါတယ်။

ဆောက်သမ်တန်ဟာ အဲဗာတန်နဲ့ ပွဲမှာ အစကောင်းခဲ့ပြီး တိုက်စစ်မှုးသစ် အမ်းစထရောင်းဟာ စူပါဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ခြေစွမ်းကျဆင်းသွားတာကတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။ အမ်းထစရောင်းကလွဲပြီး ဆောက်သမ်တန်တို့ သွင်းဂိုးတွေ ဘယ်က ရမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ပေးဂိုးအများဆုံးအသင်းပါ။ ဒီဧရိယာမှာ သူတို့ များများစားစား တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒီပွဲမှာ ယူနိုက်တက်ပဲ အနိုင်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ပုံစံကောင်းရနေတဲ့ ပုံစံ ဖြစ်ပြီး အမှားများတဲ့ ဆောက်သမ်တန်ရဲ့ ခံစစ်ကို အခွင့်ကောင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ယူနိုက်တက်တို့ ၃-၁ နဲ့ နိုင်သွားမှာပါ။

ဝုဖ် vs တော့တင်ဟမ်
ဝုဖ်အနေနဲ့ အခွင့်အရေးကောင်းတွေကို အပိုင်အသုံးချသွားဖို့ လိုအပ်နေပါတယ်။ အဒါမာထရာအိုရေးဟာ လက်စတာကို ရှုံးခဲ့တဲ့ပွဲမှာ အခွင့်အရေးကောင်းတစ်ချို့ ရခဲ့ပေမယ့် ထုံးစံအတိုင်း အဆုံးသတ် မကောင်းခဲ့ပါဘူး။ ရာအူးဂျီမီနက်စ် အနေနဲ့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် သူဟာ ကာလရှည် နားထားခဲ့ရတာကြောင့် အချိန်တစ်ခုတော့ ယူသွားရမှာပါ။

နူနိုဆန်တို အနေနဲ့ စီးတီးကို အနိုင်ယူကာ တာထွက်ကောင်းခဲ့တာကို ကျွန်တော် ပျော်မိပါတယ်။ ဟယ်ရီကိန်းရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာကြောင့် ဒါဟာ မန်နေဂျာ တစ်ဦးအတွက် ကိုင်တွယ်ရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် စပါးရဲ့ တိုက်စစ်ဟာ စီးတီးနဲ့ပွဲမှာ တကယ့်ကို အန္တရာယ်တွေ ပေးခဲ့ပါတယ်။ ဆွန်ဟာ ထူးချွန်စွာ ကစားခဲ့ပြီး ကိန်းရဲ့ အနာဂတ် ဘာပဲဖြစ်လာသည် ဖြစ်စေ ၎င်းဟာ ဒီရာသီ စပါးရဲ့ အောင်မြင်မှုမှာ အဓိကျသူ ဖြစ်လာမှာပါ။ ဝုဖ်ဟာ ထိပ်တန်းအသင်းတွေရဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရာမှာ ကောင်းကောင်း လုပ်ပြလေ့ ရှိပြီး ဒီပွဲမှာလည်း သူတို့ ရှုံးလိမ့်မယ်လို့ ကျွန်တော် မမြင်ပါဘူး။ ၁ ဂိုးစီ သရေနဲ့ ပွဲပြီးမယ်လို့ ကျွန်တော် ခန့်မှန်းချင်ပါတယ်။

အာဆင်နယ် vs ချဲလ်ဆီး
အာဆင်နယ်ရဲ့ ခြေစွမ်းအပေါ် ကျွန်တော် အတော်စိတ်ပျက်ခဲ့ရပါတယ်။ အဓိကကစားသမားတစ်ချို့ကို သူတို့ လက်လွှတ်ခဲ့ရတယ်ဆိုတာ ကျွန်တော်သိပေမယ့် ဘရန့်ဖို့ဒ်ဟာ ထိုက်တန်စွာ နိုင်ခဲ့တာပါ။ ဒီနွေရာသီမှာ အာဆင်နယ်တို့ ငွေကြေးများစွာ သုံးစွဲထားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကထက် တိုးတက်လာသလား? ကျွန်တော်ကတော့ ဒီလို မထင်ပါဘူး။ ဒါ့ကြောင့် သူတို့ ဒီရာသီ အဆင့် ၆ အထက်မှာ ရပ်တည်နိုင်မယ် ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာပါ။

စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ ပုံပြင်က လုံးဝခြားနားခဲ့ပြီး ချဲလ်ဆီးဟာ တကယ့်ကို တောင့်တင်းလှပါတယ်။ ချဲလ်ဆီးဘက်ကို ဂိုးသွင်းရတာ တအားကို ခက်ခဲမယ့်ပုံရှိပြီး လူကာကူဟာ သူတို့အတွက် အရမ်းကောင်းတဲ့ ကစားသမားခေါ်ယူမှုပါ။ ပြီးခဲ့တဲ့ရာသီက ဂျော်ဂျင်ညိုဟာ ၇ ဂိုးနဲ့ ကလပ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ကာ ချဲလ်ဆီးတို့ အဆင့် ၄ နေရာရခဲ့ပါတယ်။ ဒါ့ကြောင့် ဒီလို ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုးနဲ့ဆိုရင် ချဲလ်ဆီးတို့ ဘယ်လို ဖြစ်လာမလဲဆိုတာ မှန်းကြည့်လိုက်ပါ။ ဒါဘီပွဲတွေမှာ ဘာမဆို ဖြစ်လာနိုင်ပေမယ့် ဒီလန်ဒန်ဒါဘီကတော့ ခြေစွမ်းကွာခြားနေပါတယ်။ ကျွန်တော် ကတော့ ချဲလ်ဆီးတို့ အာဆင်နယ်ကို ဖိအားပေးကာ ၂-၀ နဲ့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ထင်ပါတယ်။

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ
အက်စတွန်ဗီလာ ၂-၁ နယူးကာဆယ်
ခရစ်စတယ်ပဲလေ့စ် ဝ-၁ ဘရန့်ဖို့ဒ်
လိဒ် ၁-၂ အဲဗာတန်
ဘရိုက်တန် ၂-၀ ဝက်ဖို့ဒ်
ဝက်ဟမ်း ၁-၁ လက်စတာ

SM