လူငယ် ခံစစ် ကစားသမားလေး ထရီဗို့ ချာလိုဘာ့ က ဆက်တိုက် ခြေစွမ်းပြ ကစားပေးနေသည့်တိုင်အောင် ချဲဆီး ဟာ ဆီဗီလာ ခံစစ်မှုး ကွန်ဒီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

မူလ အစီအစဉ် က ချာလိုဘာ့ ကို အငှားချဖို့ ပြင်ဆင်ခဲ့တာပါ။ သို့သော် ဗီလာ ရီးရဲ နဲ့ ကစားခဲ့တဲ့ ဥရောပ စူပါလား ပွဲစဉ် အပါအဝင် ၊ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ ပဲလေ့ အသင်းတွေ နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းပြ ကစားပေးခဲ့ပြီးနောက် နည်းပြ တူချယ်က သူ့ကို အသင်းမှာပဲ ဆက်ထိန်းထားချင်တဲ့ အကြောင်း ပြောဆိုလာခဲ့ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ပထမဆုံး ပါဝင် ကစားခွင့် ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ သွင်းဂိုး ရယူနိုင်ခဲ့တဲ့ လူငယ် ချာတိတ်လေးကို ချဲဆီးက စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖို့ပါ ကြိုးစားလာနေတဲ့ အပြင် ၊ အာဆင်နယ် နဲ့ ရင်ဆိုင် ကစားမယ့် လန်ဒန် ဒါဘီ ပွဲစဉ်မှာလဲ သူ့ကိုပဲ ဆက်လက် အသုံးပြုဖွယ် ရှီနေပါတယ်။ သို့သော် ကွန်ဒီ ကို ခေါ်ယူဖို့ အတွက် နောက်ဆုတ်ခြင်း လုံး၀ မရှိသေးပါဘူး။

ချဲဆီး အနေအထား က ကွန်ဒီ အတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ဆောင်ခင် ၊ ခံစစ်မှုး တဦးကို အရောင်းဆုံး ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ ပြင်သစ် ကစားသမား ဇူးမားဟာ ချဲဆီး နဲ့ လမ်းခွဲဖို့ ဖြစ်နိုင်ချေ အများဆုံး ခံစစ်မှုး ဖြစ်ပြီး ၊ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင် အသင်းပြောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သူ့ကို ခေါ်ယူဖို့ အတွက် စပါး အသင်းက စိတ်ဝင်စားနေပြီး ၊ စပါး ကလဲ ဒါဗီဆွန် ဆန်းချက် ကို ဆီဗီလာ အသင်းဆီ ရောင်းချနိုင်မှသာ ဇူးမား ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ပတ်လည် ရိုတ်နေတဲ့ အခြေအနေမျိုး ကို ပြောရရင် ဆီဗီလာ က ကွန်ဒီ ရဲ့ နေရာကို အစားထိုးဖို့ အတွက် စပါး ခံစစ်မှုးကို ပစ်မှတ်ထားနေပါတယ်။

အက်စ်ပီလီကွီတာ ၊ အန်သိုနီယို ရူဒီဂါ ၊ သီယာဂို ဆေးဗား ၊ ခရစ္စတန်ဆန် တို့ ရဲ့ လက်ရှိ စာချုပ် အသီးသီးဟာ နောက်ဆုံးနှစ် သက်တမ်း အတွင်းကို ရောက်ရှိနေပါပြီ။ ရူဒီဂါ ရဲ့ စာချုပ် သက်တမ်းကို တရားဝင် တိုးမြှင့်နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပြီးပြီ ဖြစ်သလို ၊ ခရစ္စတန်ဆန် ကိုလဲ စာချုပ်သစ် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။
တချိန်တည်းမှာပဲ ကွန်ဒီ ကို ခေါ်ယူလို့ ကြိုးစားမှုတွေ ကို လက်ဆက် ချဉ်းကပ်သွားဖို့ ပြင်ဆင်ထားပါတယ်။

ကွန်ဒီ ဟာ ဗဟို ခံစစ်နေရာသာ မက ၊ ညာနောက်ခံလူ အဖြစ်ပါ ကစားပေးနိုင်တာကြောင့် ၊ အက်စ်ပီလီကွီတာ လက်သစ်လို့ အသင်းတာဝန် ရှိသူတွေက ရှုမြင်ထားပါတယ်။ တချိန်တည်းမှာ တူချယ် ကလဲ ညာနောက်ခံလူ နေရာကိုပါ အင်အားဖြည့်တင်းချင်တာကြောင့် ခဲတလုံး နဲ့ ငှက်နှစ်ကောင် ရတဲ့ ပုံစံမျိုး အထိ စိတ်ကူးထားတာပါ။

စပိန် က သတင်းတွေမှာတော့ ဆီဗီလာ ဟာ ကွန်ဒီ ကို လက်လွှတ်ရမယ် ဆိုရင် လက်ရှိ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ပေါင် 68 သန်း အထိ လိုချင်နေတယ်လို့ ဆိုထားပြီး ၊ ဒီလ အကုန်ရောက်ရင် အဲဒီ ပမာဏ က ထပ်မံ တိုးမြှင့်သွားဖွယ် ရှိနေတယ်လို့ ရေးသားလျှက် ရှိနေပါတယ်။

ချဲဆီး ကတော့ ကွန်ဒီ ကို ခေါ်ယူဖို့ အခွင့်အရေး မမြင်တော့ ဘူးဆိုရင် ၊ ကွင်းလယ် အင်အား ဖြည့်တင်းဖို့ အတွက် နောက်ကျ အခွင့်အရေး ရှာဖွေသွားတာမျိုးတွေ လုပ်ဆောင်လာဖွယ် ရှိနိုင်ပါတယ်။ မိုနာကို အသင်းက Aurenlien Tchouameni နဲ့ အေတီကို က ဆာအူး နီဂွက် တို့ဟာ ချဲဆီး ရဲ့ စောင့်ကြည့် စာရင်းမှာ ပါဝင်နေတာပါ။

အကယ်၍ မိုနာကို သာ ချန်ပီယံလိဂ် အုပ်စု တက်ရောက်နိုင်ခြင်း မရှိခဲ့ပါက ကွင်းလယ် ကစားသမား Aurenlien Tchouameni ရဲ့ အနာဂတ်ဟာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ တဖက်မှာ ယူနိုက်တက် ကလဲ စောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။