အီမီလီဟက်စကီးက ချဲလ်ဆီး ၊ လီဗာပူး တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် မန်ချက်စတာစီးတီး အသင်းကို နောက်ဆုံးအချိန်ထိ ဖိအားပေးနိုင် လိမ့်မယ်လို့ ဆိုလိုက်ပြီး လက်စတာ နဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်ရလိမ့်မယ်လို့ ခန့်မှန်း လိုက်ပါတယ်။ လီဗာပူး နဲ့ လက်စတာ တိုက်စစ်မှုးဟောင်း ဖြစ်သူ ဟက်စကီးက ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ရာသီအစမှာ တာထွက် မကောင်းခဲ့ပေမယ့်လည်း အမှတ်ပေးဖလားကို အောင်မြင်စွာ ကာကွယ်နိုင်လိမ့်မယ်လို့ ယူဆထားကြောင်း ဝန်ခံသွားပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ်မှာ တော့တင်ဟမ်ကို ၁-၀ နဲ့ ရှုံးနိမ့်ကာ တာထွက်ဆိုးခဲ့ပြီး သူတို့ရဲ့ အဓိက ပြိုင်ဘက်တွေ ကတော့ နိုင်ပွဲတွေ အသီးသီး ရရှိခဲ့ကြပါတယ်။ လီဗာပူးဟာ နော့ဝှစ်ကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ကစားခဲ့သလို ချဲလ်ဆီး ကလည်း ဒီသွင်းဂိုး ပမာဏနဲ့ပဲ ခရစ်စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း အကောင်းဆုံး ပုံစံ ပြသကာ လိဒ်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ၅-၁ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

ဟက်စကီးက မန်စီးတီး ချဲလ်ဆီး လီဗာပူး နဲ့ မန်ယူနိုက်တက် တို့ပဲ ရာသီကုန်ချိန်မှာ top 4 ဝင်နိုင်လိမ့်မယ်လို့ ဆိုသွားပါတယ်။

ဟက်စကီးက “ကျွန်တော် ကတော့ မန်စီးတီးပဲ ထပ်မံ ဗိုလ်စွဲလိမ့်မယ်လို့ ထင်ပါတယ်။ စပါးနဲ့ ပွဲစဉ် အပြီးမှာတောင် ကျွန်တော်တို့ အနေနဲ့ စီးတီးတို့ ဘယ်လို ပုံစံ လာမလဲ ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ သူတို့ပဲ အထနှေးလေ့ ရှိပေမယ့် အရှိန်အဟုန် ရလာတာနဲ့ တစ်ပြိုင်နက် သူတို့ကို တားဆီးဖို့ အရမ်း ခက်ခဲပါတယ်။ ဒါကို ပြီးခဲ့တဲ့ ရာသီတွေက သူတို့ သက်သေ ပြထားခဲ့ပြီး ဖြစ်ပါတယ်။

လီဗာပူး အတွက်လည်း ဒီအတိုင်း ပါပဲ။ သူတို့ဟာ တစ်ဖြည်းဖြည်းနဲ့ အရှိန်အဟုန်ကောင်း ရလာမှာ ဖြစ်ပါတယ်။ လီဗာပူး ကလည်း အမှတ်ပေးဖလား အတွက် တောက်လျှောက် တိုက်ပွဲ ဝင်နိုင်ပါလိမ့်မယ်။ ကျွန်တော် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် title race မှာ မန်စီးတီး လီဗာပူး နဲ့ ချဲလ်ဆီး တို့ အဓိက ပြိုင်ဆိုင်သွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် title race နဲ့ ပက်သက်ပြီး ကျွန်တော့်ရဲ့ အမြင် ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

အဆင့် ၄ နေရာကို ဘယ်သူ ရသွားမလဲ ဆိုတဲ့ မေးခွန်းကို ဟက်စကီးက “လက်စတာ ဖြစ်နိုင်ပါတယ်။ ယူနိုက်တက် ကလည်း ဒီတိုက်ပွဲမှာ ရှိနေမှာပါ။ လက်စတာဟာ top 4 ထဲကို ဝင်ရောက်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ သူတို့ ဒီရာသီ လုပ်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ပဲ top 4 ဝင်သွားလိမ့်မယ်လို့ ပြောသွားရမှာပါ။”