အာဆင်နယ် အသင်းဟာ နွေရာသီ စတုတ္တမြောက် ကစားသမား ခေါ်ယူမှု အဖြစ် ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မာတင် အိုဒီဂွါဒ် ကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု ယူရို ၅ သန်း ၊ ၅ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ် ။

အိုဒီဂွါဒ် ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းမှာ အငှားလာရောက် ကစားခဲ့ဖူးပြီး ပွဲ ၂၀ ကစားကာ ၂ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီး ပေးခဲ့ပါတယ် ။ အိုဒီဂွါဒ် မတိုင်မှီမှာ အာဆင်နယ် အသင်းဟာ တာဗာရက်စ် ၊ လိုကွန်ညာ ၊ ဘန်ဝှိုက် တို့ကို ခေါ်ယူ ထားပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အာဆင်နယ် အသင်းဟာ မနေ့ညက ရှက်ဖီး ယူနိုက်တက် ဂိုးသမား အာရွန် ရမ်ဒေးလ် ကိုလည်း ပေါင် ၂၄ သန်း + Add-ons ၆ သန်း နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ် ။ ရမ်ဒေးလ် ဟာ ကျောနံပါတ် ၃၂ ဝတ်ဆင် ကစားသွားမှာပါ။

အာဆင်နယ် အသင်း နွေရာသီ ခေါ်ယူထားတဲ့ ကစားသမားတွေ နဲ့ ဘာတွေ သိထားသလဲလို့ အိုဒီဂွါဒ် ကို မေးမြန်း ခဲ့ရာ ” ဒါပေါ့ဗျာ ၊ ကျွန်တော် အာဆင်နယ် အသင်း ရဲ့ ရာသီကြို ပွဲအချို့ကို ကြည့်ဖြစ် ခဲ့ပါတယ် ၊ သူတို့ အားလုံးက ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ ပြောနိုင်ပါတယ် ။ ”

” ပြီးခဲ့တဲ့နှစ်တုန်းက လိဂ်ပြိုင်ပွဲမှာ ဘန်ဝှိုက် ကစားတာကို အများကြီး ကြည့် ခဲ့ ရပါတယ် ၊ ဒါကြောင့် အသစ် ခေါ်ထားတဲ့သူတွေက အာဆင်နယ် အသင်းကို အရည်အသွေးကောင်းတွေ အများကြီး ယူဆောင် ပေးနိုင်ပါလိမ့်မယ် ၊ အသင်းအတွက် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှုပါပဲ ။ ”

” အသင်း လူစာရင်း က အခုဆို တော်တော် အင်အား တောင့်တင်း နေပါပြီ ၊ ဒါက ကျနော့်ကို စိတ်လှုပ်ရှား စေတာ အမှန်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီးလည်း အိုဒီဂွါဒ် က ” ဒါပေါ့ဗျာ ၊ ကျွန်တော့် အတွက် တည်ငြိမ် အသားကျမှု တစ်ခုကို လိုချင်နေတာပါ ၊ အာဆင်နယ် က ဒါကို ပေးနိုင်စွမ်း ရှိပါတယ် ၊ ကောင်းမွန်တဲ့ အရာတွေ ဆုဖလား အောင်မြင်မှုတွေ ရယူ နိုင်ဖို့ မျှော်လင့်ပါတယ် ။ ”

” ဒီအသင်းကို ပြန်လာရဖို့ကို ကျနော် စိတ်အား တက်ကြွ နေခဲ့တာပါ ၊ အသင်း နဲ့ ကစားသမား အင်အား ဝန်ထမ်းတွေကို ကြည့်လိုက်တော့ အရာရာ ဖြစ်နိုင်တယ်လို့ ​တွေးမိပါတယ် ၊ ဒါကြောင့် အခု ဒီကိုရောက်လာချိန်မှာ ကျနော် အရမ်းပျော်နေတာပါ ။ ”

” ဘာကြောင့်လဲဆိုတော့ ဒီအသင်းနဲ့အတူ ကျွန်တော်တို့ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်မှု ရှိတာကြောင့်ပါ ၊ ဒီလို ဖြစ်လာဖို့ အတွက် ကျွန်တော် မစောင့် နိုင်တော့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။