ချဲလ်ဆီး အသင်းဟာ ယခု တပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် ၊ လန်ဒန်ဒါဘီ ပြိုင်ဖက် အာဆင်နယ် အသင်းကို အမ်းမရိတ်စ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ထိုပွဲမတိုင်ခင်မှာပဲ ချဲလ်ဆီး အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ကိုဗစ် ကူးစက်ခံထားခဲ့ရလို့ ၊ သေချာပေါက် ထိုပွဲကို လွဲချော်ခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ်ဖက်ကလည်း ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမား အချို့ ရှိနေတာကြောင့် ၊ အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ ဟာလည်း ချဲလ်ဆီးကို ရင်ဆိုင်ဖို့ အနည်းနဲ့ အများ ခေါင်းခဲကောင်း ခေါင်းခဲနိုင်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

တဖက်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲကို ဒဏ်ရာ ပြဿနာ အသေးစားကြောင့် အသီးသီး လွဲချော်ခဲ့တဲ့ မော်ရိုကို ညာတောင်ပံ ကစားသမား ဟာကင် ဇီယက်ချ်နဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ တို့ဟာ လေ့ကျင့်မှုတွေ အသီးသီး ပြန်လည် စတင်နေပြီ ဖြစ်သလို ၊ အာဆင်နယ်နဲ့ပွဲ အတွက် ကစားသမား စာရင်းမှာ ပြန်ပါဖို့ အလားအလာ များနေပါတယ် ။

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က ” ခရစ်တီယန် အကြောင်းတော့ လွယ်လွယ်နဲ့ ရှင်းပြလို့ ရပါတယ် ။ သူဟာ ကိုဗစ် ပေါ့စတစ် ဖြစ်နေပြီး ၊ ကိုဗစ် စည်းမျဉ်းတွေကိုလည်း လိုက်နာလျက်ရှိပါတယ် ။ ကံဆိုးစွာနဲ့ သူဟာ ကြံ့ခိုင်မှုလည်း မပြည့်သေးသလို ၊ အာဆင်နယ်နဲ့ ပွဲကိုလည်း လွဲချော်သွားပါပြီ ။ ”

” ဟာကင်နဲ့ အန်ဂိုလို တို့ကတော့ ဒီနေ့ ပြန်ပြီး လေ့ကျင့်မှုတွေ စတင်နေပါပြီ ။ ဒီနေ့ လေ့ကျင့်မှုမှာ ပြန်ပါနိုင်ဖို့ အတွက် မနေ့က သူတို့ အရာရာ ကြိုးစားခဲ့ပါတယ် ။ သူတို့မှာ ဘာအခက်အခဲ တခုမှ မရှိပါဘူး ။ မနက်ဖြန်မှာ သူတို့ကို ပိုပြီး ပြင်းထန်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ မိတ်ဆက်ကြည့်ဖို့ပဲ ရှိပါတော့တယ် ။ ”

” မနက်ဖြန် လေ့ကျင့်ရေး အစီအစဉ် အပြီး နေ့လယ် ၁၁နာရီလောက်မှာ ကျွန်တော်တို့ ဘယ်သူတွေကို အာဆင်နယ်နဲ့ ပွဲအတွက် ခေါ်သွားရမလဲ ဆိုတာ ဆုံးဖြတ်သွားမှာပါ ။ ဒါပေမယ့် အခု လောလောဆယ်မှာတော့ လာမယ့် တနင်္ဂနွေနေ့ အတွက် ကစားသမား စာရင်းမှာ သူတို့ ၂ဦးလုံး ပါဝင်နိုင်ဖို့ အပေါင်း လက္ခဏာ ဆောင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က အာဆင်နယ်ရဲ့ ကိုဗစ် ပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း ” သူတို့ ဘယ်လို အသင်းကို အသုံးပြုမလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ဒါဟာ ခန့်မှန်းရ ခက်ခဲနိုင်ပါတယ် ။ ကျွန်တော့ အတွက် ကတော့ ဒီလို အခြေအနေမျိုးမှာ သူတို့ကို underdog အနေအထား အဖြစ် သတ်မှတ်ရမှာပါ ။ ”

” အခြေအနေတွေက လောလောဆယ်မှာ သူတို့ အတွက် ရှုပ်ထွေးနေပြီး ၊ အဖွင့်ပွဲမှာလည်း သူတို့ဟာ အခက်အခဲ တပုံတပင်နဲ့ အရေးနိမ့်ထားတဲ့ အတွက် သူတို့ အနေနဲ့ ကိုယ့်ကိုယ်ကို underdog ပုံစံမျိုးနဲ့ ပြန်ပြီး တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ် ။ ဒါဟာ လန်ဒန်ဒါဘီပါ ။ ”

” ဒီပွဲအပေါ် ပြင်ဆင်မှုမှာ အာရုံစိုက်ဖို့ ဆိုတာ ကျွန်တော်တို့ အပေါ်မှာ အပြည့်အဝ မူတည်နေပါတယ် ။ သူတို့ဖက်က ကျွန်တော့တို့ကို မေးခွန်း ပြန်ထုတ်နိုင်စွမ်း ရှိတယ် ဆိုတာကိုလည်း ကျွန်တော်တို့ အပြည့်အဝ သတိထားမိပါတယ် ။ ဘာလို့လဲ ဆိုတော့ သူတို့မှာ အရည်အသွေးကောင်း များစွာ ရှိနေလို့ပါ ။ ”

” သူတို့ဟာ အရည်အသွေးမြင့် ခေါ်ယူမှုတွေ လုပ်ထားသလို ၊ လက်ရှိ ကစားသမား အင်အားနဲ့ သူတို့ဟာ ပြိုင်ဖက်တိုင်းကို ဒုက္ခပေးနိုင်စွမ်း ရှိပါတယ် ။ အဆုံးမှာတော့ အနိုင်ရဖို့ မရဖို့ဟာ ကျွန်တော်တို့ အပေါ်မှာပဲ မူတည်ပါတယ် ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဘာတွေ တောင်းဆိုသလဲ ? ကျွန်တော်တို့ဟာ လိုချင်တဲ့ ရလဒ် ရရှိဖို့ ထိပ်တန်း အဆင့် စွမ်းဆောင်ရည်မျိုး ပြသရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။