လီဗာပူး အသင်းဟာ တောင်ပံ ကစားသမား မိုဟာမက် ဆာလာ ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ရှိနေပြီး ကစားသမား ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိ နေသေးတာကြောင့် စိုးရိမ်မှု မရှိကြောင်း ၊ ဆာလာ ဟာလည်း ပုံစံကောင်း ရရှိနေပြီး ဒီပုံစံ ကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ရဲ့ အမေရိကန် နောက်ခံလူ မတ် မီယက်ဇ်ဂါ ကတော့ ဒီပို့တီပို အာလာဗက်စ် အသင်းထံ အငှားနဲ့ ထွက်ခွာ သွားပြန်ပြီလို့ သိရ ပါတယ် ။ မီယက်ဇ်ဂါ ဟာ ချဲလ်ဆီး ကို ၂၀၁၆ တုန်းက ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး စီနီယာ အသင်းကြီးမှာ ၂ ပွဲသာ ကစားထားရပြီး ကလပ် အသင်း ၅ သင်းအထိ အငှားထွက် ကစားထား ခဲ့ရသူ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ လူငယ် ကစားသမားလေး အီလစ် မိုရီဘာ အတွက် လိုက်ပ်ဇစ် အသင်း ရဲ့ ကမ်းလှမ်းမှု ကို ပယ်ချ သွားခဲ့ပြီး စာချုပ်သက်တမ်း ကုန်တော့မယ့် ၁၈ နှစ်သားလေးကို နူးကမ့်မှာ ဆက်လက် ထိန်းထားနိုင်ဖို့ ကြိုးစား နေတယ်လို့ သိရှိရ ပါတယ် ။

 

ယူဗင်တပ် တိုက်စစ်မှူးလေး ပေါ်လို ဒိုင်ဘားလား ရဲ့ အေးဂျင့် ဖြစ်သူဟာ ကလပ် အသင်း တာဝန်ရှိသူတွေ နဲ့ လာမယ့် အပတ်ထဲမှာ တွေ့ဆုံမှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေး သွားမယ်လို့ ကြားသိရ ပါတယ် ။

 

ရိုးမား နောက်ခံလူ ဖလော်ရန်ဇီ ကတော့ အေစီမီလန် နဲ့ ဆေးစစ်မှု ပြီးမြောက် သွားခဲ့ပြီ ဖြစ်ကာ အပြီးသတ် ကြေညာဖို့ စောင့်ဆိုင်း နေတယ်လို့ သိရှိရ ပါတယ် ။ ဖလော်ရန်ဇီ ဟာ အေစီမီလန် မှာ ကျောနံပါတ် ၂၅ ကို ဝတ်ဆင်မယ် လို့လည်း သိရ ပါတယ် ။

 

ဂီယန်လွီဂီ ဒွန်နာရမ်မာ PSG ကို ပြောင်းရွှေ့ သွားအပြီးမှာတော့ အကိဖြစ်သူ အန်တိုနီယို ဒွန်နာရမ်မာ ဟာလည်း အေစီမီလန် အသင်းကနေ ထွက်ခွာကာ ပါဒိုဗာ အသင်းထံ ပြောင်းရွှေ့ သွားခဲ့တယ်လို့ သိရ ပါတယ် ။ အန်တိုနီယို ဟာလည်းညီဖြစ်သူကဲ့သို့ ဂိုးသမား အဖြစ် ကစားနေသူ ဖြစ်ပါတယ် ။

 

ရီးရဲမက်ဒရစ် ဝါရင့် ကွင်းလယ် ကစားသမားကြီး လူကာမိုဒရစ် ဟာ လီဗန်တေး အသင်းနဲ့ ကစားမယ့် ယခုအပတ် လာလီဂါ ပွဲစဉ် ကို ပါဝင်ဖို့ မသေချာဘူးလို့ သိရ ပါတယ် ။

 

ရီးရဲ ဆိုဆီဒက် အသင်းကတော့ PSG က ရောင်းထုတ်ဖို့ စိတ်ကူး ထားတဲ့ စပိန် လက်ရွေးစင် ပါဘလို ဆာရာဘီယာ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

ဆီဗီးလား အသင်း ကတော့ ဝုဗ် အသင်းရဲ့ စပိန် လက်ရွေးစင် ကစားသမား ရာဖာ မာ ကို ခေါ်ယူ လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။ ဆီဗီးလား ဟာ ၂၄ နှစ်သား အတွက် ယူရို ၁၆ သန်း + အပိုဆုကြေး ပေးချေ ခဲ့ရပြီး ၆ နှစ် စာချုပ်ချုပ်ဆို လိုက်တယ်လို့ သိရှိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ဟာ တိုက်စစ်မှူးကြီး ဘန်ဇီးမား ကို စာချုပ်သက်တမ်း တိုးအပြီးမှာ ကွင်းလယ် ကစားသမားလေး ဖက်ဒရီကို ဗယ်ဗာဒီ ကို ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ဆက်လက် ဆွေးနွေး နေပြီး ယခုလ မကုန်ခင်မှာ အပြီးသတ် နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ကြားသိရ ပါတယ် ။

 

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ် မှာတော့ PSG ဟာ ဘရက်စ် အသင်းကို အဝေးကွင်းမှာ ၄ – ၂ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ဒါဟာ သူတို့ အတွက် ၂ ပွဲဆက် ၄-၂ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တာ ဖြစ်ပြီး ဟာရဲရား ၊ ဒီမာရီယာ ၊ ဂူအိုင်း နဲ့ ဘာပေ တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အမ်ဘာပေ ကတော့ PSG အတွက် ကစားခဲ့တဲ့ နောက်ဆုံး ၈ ပွဲမှာ ၈ ဂိုး သွင်းပြီး ၄ ဂိုးအထိ ဖန်တီးပေး ထားနိုင်ခဲ့ပြီလို့လည်း သိရ ပါတယ် ။

 

မန်စီးတီး နည်းပြကြီး ပက်ဂွာဒီယိုလာ ဟာ ရူဘင် ဒီယာ့စ် နဲ့ ဂျွန်စတုန်း တို့ ကြောင့် နေရာ ပျောက်ဆုံးသွား ခဲ့ပြီး အသင်းပြောင်းဖို့ စိတ်ကူး ရှိနေတဲ့ ပြင်သစ် ခံစစ်မှူး အိုင်းမရစ် လာပေါ့တ် ကို ပေါင် သန်း ၆၀ နဲ့ အထက် ကမ်းလှမ်း လာပါက လက်ခံ စဉ်းစား သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။

 

ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဟာ ကိုဗစ်ပိုးတွေ ထပ်မံ ပြန့်ပွားမှု မရှိစေဖို့ အတွက် ကစားသမားတွေကို ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းဖို့ ကလပ် အသင်းတွေကို ထပ်မံ တောင်းဆို လိုက်တယ်လို့ သိရ ပါတယ် ။ ပရီးမီးယားလိဂ် ကစားသမား အများစုဟာ ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန် နေကြပြီး ဒီကိစ္စ ဟာ ပြောဆို ဖျောင်းဖျရ ခက်တယ်လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR