ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ လန်ဒန်ဒါဘီ အဖြစ် အာဆင်နယ် အသင်းကို အမ်းမရိတ်စ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ဒီပွဲဟာ ချဲလ်ဆီးရဲ့ အသစ်စက်စက် တိုက်စစ်မှူးသစ် ရိုမီလူ လူကာကူရဲ့ တကျော့ပြန် အပြာရောင် ခရီး အတွက် ပထမဆုံး ပွဲဦးထွက်လည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ချဲလ်ဆီးသို့ ဒုတိယ အကြိမ်မြောက် ရောက်ရှိလာတဲ့ လူကာကူ ဟာ ပထမ တကြိမ်ကလိုတော့ အတွေ့အကြုံ နုနယ်တဲ့ တိုက်စစ်မှူး တဦး မဟုတ်တော့ပဲ ၊ ချဲလ်ဆီး အသင်းရဲ့ အထောင် တိုက်စစ်ကို မားမားမတ်မတ် ဦးဆောင်မှု ပေးဖို့ ရောက်လာတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ အင်တာမီလန် အသင်းကို တကျော့ပြန် စကူဒက်တို ချန်ပီယံ ဖြစ်စေခဲ့ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ လူကာကူ ဟာ ဒီရာသီ ချဲလ်ဆီးရဲ့ အဓိက မျှော်မှန်းချက် ဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အသက်သွင်းရာမှာ ၊ ထပ်မံ စွမ်းဆောင်မှုတွေ ပေးဦးမလား ဆိုတာ မကြာခင်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ ၃ရက်ခန့်ကပဲ လူကာကူ ဟာ ကွာရန်တင်း ကာလ ပြည့်မြောက်ခဲ့တာကြောင့် ၊ ချဲလ်ဆီး အသင်းဖော်သစ်တွေနဲ့ အတူ လေ့ကျင့်မှုတွေ စတင်ခဲ့ပြီး ၊ အာဆင်နယ်နဲ့ ပွဲမှာ ပွဲထွက်ပေးနိုင်ဖို့လည်း အသင့်ရှိနေတဲ့ အကြောင်း ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က လူကာကူ အာဆင်နယ်နဲ့ ပွဲမှာ ပွဲထွက်မထွက်နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့မှာ လေ့ကျင့်ရေး အစီအစဉ် တခု ထပ်ကျန်ပါသေးတယ် ။ ဒါပေမယ့် ဒီတပတ်ဟာ ရိုမီလူ အတွက် ကြီးမား လေးလံတဲ့ ရက်သတ္တပတ် ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ နောက်ဆုံး တသုတ်မှ ရောက်လာတဲ့ အသင်းသားတွေနဲ့ တအုပ်စုတည်း ဖြစ်ခဲ့လို့ပါ ။ “

” ဒီတော့ ဒါဟာ သာမန်ထက် ပိုပြီး အလုပ် ပိုလုပ်ရတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ် ။ ဒီနေ့ အထိတော့ လေ့ကျင့်ရေး အစီအစဉ်ရဲ့ ပြင်းထန်မှု အရှိန်က နည်းပါသေးတယ် ။ မနက်ဖြန် ကတော့ ပွဲမတိုင်မီ လေ့ကျင့်မှု ဖြစ်တော့ အရေးကြီးပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ဟာ သူ တနင်္ဂနွေနေ့မှာ ကစားပေးနိုင်ဖို့ကို မျှော်လင့်နေကြပါတယ် ။ အခြေအနေတွေကလည်း အရမ်း ကောင်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က လူကာကူ ဟာ သူလိုအပ်နေတဲ့ နောက်ဆုံး အပိုင်းအစ တခုလား ဆိုတဲ့ အမေး အပေါ် ” ကျွန်တော်တို့ဟာ တချို့ ကစားသမားတွေကို ထွက်ခွာခွင့် ပေးခဲ့ပါတယ် ။ ကစားသမားတိုင်းဟာ အသင်းရဲ့ အခန်းကဏ္ဍ တခုမှာ ပါဝင်နေကြပြီး ၊ နေရာ တနေရာ အတွက် တိုက်ပွဲဝင်ရပါတယ် ။ “

” ဒီတော့ ဒါဟာ လိုအပ်လို့ ဖြစ်လာခဲ့တာပါ ။ တဖက်မှာ ကျွန်တော်ဟာ ဒီလို ကစားသမား အများအပြားကို ထွက်ခွာခွင့် ပေးရတာ သိပ်တော့ မကြိုက်ပါဘူး ။ ဘာလို့လဲဆိုတော့ အသင်း ပြောင်းသွားတဲ့ ကစားသမား တချို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကြီးမားတဲ့ အခန်းကဏ္ဍ တခုခုမှာ ပါဝင်ခဲ့ကြသလို ၊ အောင်မြင်တဲ့ နှစ်တနှစ်လည်း ဖြစ်ခဲ့လို့ပါ ။ “

” ခင်ဗျားဟာ အသင်းသားတွေနဲ့ ဆက်ဆံရေးကောင်း တခု တည်ဆောက်နေတဲ့အချိန် ၊ အခုလို အသင်းပြောင်းခွင့် ပေးရတာ ဘယ်လိုနည်းနဲ့မှ မကောင်းပါဘူး ။ တဖက်က ကြည့်ပြန်တော့လည်း ဒါက လိုအပ်လို့ လုပ်ရတာ ဖြစ်ပါတယ် ။ ဒီတော့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ ချလိုက်ရတာပါ ။ “

” ရိုမီလူ ဟာ နောက်ဆုံး ကျွန်တော် လိုအပ်နေတဲ့ အပိုင်းအစ တချပ်လား ? ကျွန်တော်တို့တော့ မျှော်လင့်တာပါပဲ ။ ဒါပေမယ့် တချိန်တည်းမှာ ကျွန်တော်တို့ဟာ ပွဲချိန်အတွင်း ကိုယ့်အပေါ် မေးခွန်းထုတ်လာတာ မှန်သမျှကို ပြန်ပြီး ဖြေရှင်းချက် ပေးနိုင်ဖို့ကိုလည်း ကြိုးစားရပါတယ် ။ “

” ကျွန်တော် တို့ဟာ အင်အား တောင့်တင်းမှု ရှိချင်ကြပါသေးတယ် ။ အသင်းလိုက် ကြိုးစား အားထုတ်မှုကနေ ဖြစ်လာတာမျိုးပေါ့ ။ ရိုမီလူမှာ ဒီလိုမျိုး စိတ်ဓာတ် ခံယူချက်မျိုး ရှိပြီး ၊ အထောင် တိုက်စစ်မှာ ကျွန်တော်တို့ လိုအပ်နေတဲ့ တိုက်စစ်မှူးမျိုး ဖြစ်ပါတယ် ။ အခုကနေစပြီး ကျွန်တော်တို့ လုပ်ရမယ့် အလုပ် က ဒီ ကန့်သတ်ချက် အထိကို တွန်းအားပေးဖို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR