မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေ စျေးကွက်ထဲမှာတော့ ကာလရှည် ပစ်မှတ်ထားနေခဲ့တဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ပေါင် 72.9 သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ရာသီ အဖွင့်ပွဲစဥ်ဖြစ်တဲ့ လိဒ်စ် ယူနိုက်တက်နဲ့ ပွဲမှာလည်း မိနစ် အနည်းငယ် လူစားဝင် ကစားခွင့် ပေးထားခဲ့ပါပြီ ။

အခုတော့ ယူနိုက်တက်တို့ဟာ ရာသီသစ် ဒုတိယ ပွဲစဥ် အဖြစ် ဆောက်သမ်တန် ကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေပါတယ် ။ ဒီပွဲမှာတော့ ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရရှိနိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံနေခဲ့ရ ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အခုတော့ အာဆင်နယ် ဂန္တဝင် အီယန်ရိုက်က ပြိုင်ဖက် အသင်းမှ ခံစစ် အသားပေး ကစားနေချိန် ဂျေဒန် ဆန်ချို နဲ့ ဂျက် ဂရီလစ်ချ် တို့လို ကစားသမားတွေဟာ ဘောလုံးကိုင် ကစားပြီး ဒုက္ခတွေ အများကြီး ပေးစွမ်းနိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဆန်ချို ၊ ဂရီလစ်ရှ် တို့လို ကစားသမားတွေကို ခေါ်ယူလိုက်ခြင်းက အကယ်လို့ ပြိုင်ဖက် ကစားသမားတွေသာ ခံစစ် အသားပေး ကစားနေကြမယ် ၊ သူတို့ ဘောလုံးကိုင် ကစားခွင့် ရရှိနေကြမယ်ဆိုရင် ခြားနားတဲ့ ပြသနာတွေကို ပေးဆောင်သွားပါလိမ့်မယ် ”

” သူတို့တွေဟာ သူတို့ရဲ့ Skill တွေနဲ့အတူ ပြိုင်ဖက် ခံစစ် ကစားသမားတွေကို ကြီးကြီးမားမား ဒုက္ခပေးသွားနိုင်ကြပါလိမ့်မယ် ။ ဆန်ချိုကို ပိုင်ဆိုင်ထားခြင်းက ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကြီးမားတဲ့ ခြားနားချက်် တစ်ခုကို ဖြစ်သွားစေနိုင်လိမ့်မယ်လို့ ကျွန်တော် တွေးပါတယ် ” လို့ အီယန်ရိုက် က ပြောခဲ့လိုက် ပါတယ် ။

ယခင်ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သွင်းဂိုးတွေကို ရရှိနိုင်ရေး အတွက် ရပ်ရှ်ဖို့ ၊ လုခ်ရှောတို့ ရှိနေကြတဲ့ ဘယ်တောင်ပံ တိုက်စစ်ကို ပိုမို အားပြုခဲ့ရပါတယ် ။ အခုတော့ ဆန်ချိုကြောင့် ညာတောင်ပံ တိုက်စစ်ပါ ပိုမို အားကောင်းလာမှာ ဖြစ်သလို မက်ဂွားယား ၊ ဗာရန်း တို့ရဲ့ ခေါင်းတိုက်ချက်ကနေလည်း ယူနိုက်တက်တို့ ဒီရာသီ ဂိုးတွေ ပိုမို ရယူနိုင်လိမ့်မယ်လို့ အီယန်ရိုက် က ဆက်လက် သုံးသပ် သွားခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်တောင်ပံက အရမ်းကောင်းတယ် ဆိုတာကို ကျွန်တော်တို့ သိထားကြပါတယ် ။ ရပ်ရှ်ဖို့ ကစားခဲ့စဥ်တုန်းက လုခ်ရှော နဲ့ ပူးပေါင်းပြီး ဘာတွေကို လုပ်ပြနိုင်ခဲ့လဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့ကြရ ပါတယ် ။ အဲ့ဒီတုန်းက အခွင့်အလမ်းတွေဟာ ဘယ်ဖက်ခြမ််းကနေ ရောက်လာတာ များခဲ့ရ ပါတယ် ”

” ညာတောင်ပံ တိုက်စစ် ၊ ဒီနှစ်တော့ အဲ့ဖက် အခြမ်းကနေ ဂိုးဖန်တီးမှုတွေ အများကြီးလာနိုင်လိမ့်မယ်လို့ ထင်မိ ပါတယ် ။ ဟုတ်ပါတယ် ၊ ယူနိုက်တက် ညာဖက် အခြမ်းကနေ ဒီနှစ် ဂိုးဖန်တီးမှုတွေ အများကြီး ၊ အများကြီး လာနိုင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ပြောနိုင်ပါတယ် ။ ဂျေဒန် ဆန်ချိုဟာ ညာတောင်ပံ ကစားဟန်ကို မြှင့်တင် နိုင်ပါလိမ့်မယ် ။ ပြိုင်ဖက် အသင်း low block လုပ်နေတဲ့ အချိန်မှာ သူဟာ ဂိုးတွေ ဖန်တီးပေးနိုင်ပါလိမ့်မယ် ”

” ဂျေဒန်ဟာ အသင်းဖော်တွေကို ပြိုင်ဖက် ဂိုးဧရိယာထဲ ဆွဲခေါ်လာနိုင်မယ့် ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ။ သူ့ရဲ့ ဖရီးကစ် ၊ ဖြတ်တင်ဘောတွေကြောင့် ဟယ်ရီကိန်း ၊ ဗာရန်းတို့လို အမြင့်ဘောကောင်းတဲ့သူတွေဟာ ပြိုင်ဖက် ဂိုးဧရိယာထဲ ဝင်ရောက်ခွင့် မကြာခန ရရှိကြပါလိမ့်မယ် ” လို့ အီယန်ရိုက်က ရှင်းပြ သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar